Turkey ကို Emma တစ်ယောက်တည်း ဘယ်လိုသွားခဲ့တာလဲ ???

Turkey မှ မဟုတ်ပါဘူး .. ဘယ်နေရာကိုပဲသွားသွား Emma က ခရီးစဉ်အစအဆုံးကို ကိုယ့်လက် ကိုယ်ခြေနဲ့ ကိုယ်တိုင် စီစဉ်ရတာကို သဘောကျတာပါ .. အဲဒါကြောင့်မို့ Visa လျှောက်တာက စလို့ လေယဉ်လက်မှတ် ၊ Hotel booking တွေ အကုန်လုံးကို Online ကနေ ရှာပြီး ကိုယ်တိုင်ပဲပြင်ဆင်ပါတယ် .. Visa အတွက် လိုအပ်တဲ့ Itinerary ကို အကြမ်းဖျဉ်းလေးပဲ ၂ ပတ်စာကြိုပြင်ထားပြီးတော့ .. တကယ်တမ်းကျတော့ အဲဒီထဲကအတိုင်း…

Hot Air Balloon Ride In Cappadocia

ဘဝမှာ တစ်ကြိမ်တစ်ခါတော့ စမ်းကြည့်သင့်တဲ့ မီးပုံးပျံစီးတဲ့ အတွေ့အကြုံလေးကို ပြန်ပြီး sharing လုပ်​ပေးချင်ပါတယ် … စစချင်းကတော့ Emma လည်း မီးပုံးပျံစီးဖို့ အစီအစဉ်မရှိခဲ့ပါဘူး .. ဒါပေမဲ့ Cappidocia တောင်ကြားရဲ့ အရမ်းလှပတဲ့ ရှုခင်းတွေက ဆွဲဆောင်လို့ စီးဖြစ်သွားတာပါ … မီးပုံးပျံတွေက လေတိုက်တဲ့လမ်းကြောင်းအတိုင်း ပျံသန်းရတာပါ .. ကိုယ်သွားချင်တဲ့ direction ကိုရွေးလို့မရပါဘူး .. အမြင့်တစ်သတ်မှတ်တည်း ပျံတာမဟုတ်ဘဲ .. နိမ့်လိုက် မြင့်လိုက်နဲ့ဆိုတော့ မတူညီတဲ့ ပုံစံနဲ့ မြင်ကွင်းအမျိုးမျိုးမြင်ရတာပေါ့နော် …..

လိုဏ်ဂူအိမ် (cave hotel) လေးတွေကြောင့် နာမည်ကြီးနေတဲ့ Turkey ရဲ့တောင်ကြားမြို့ကလေး Cappadocia

တူရကီ လို့ပြောလိုက်တာနဲ့ .. Istanbul မြို့အပြင် အားလုံးသိကြတဲ့ နောက်ထပ်နေရာလေးတစ်ခုက Cappidocia ပါ .. တချို့လူတွေက နာမည်တော့ မှတ်မိချင်မှ မှတ်မိလိမ့်မယ် ဒါပေမဲ့ Cappidocia ရဲ့အရမ်းကို Unique ဖြစ်ပြီး လှပတဲ့ တောင်ကြားလေးတွေနဲ့ အခုထက်ထိတိုင် လူတွေနေထိုင်ကြသေးတဲ့ .. Cave အိမ်လေးတွေကိုတော့ ရင်းနီးပြီးသားဖြစ်ကြမှာပါ .. Cappidocia ကို Emma စစရောက်တဲ့ နေ့မှာပဲ လုပ်ဖြစ်တာက Sunset Viewpoint မှာ နေဝင်ချိန်သွားကြည့်ခဲ့တာပါ .. Cappidocia…

ဂရိအငွေ့အသက်တွေ ဖုံးလွှမ်းနေတဲ့ တူရကီနိုင်ငံရဲ့ ကမ်းခြေမြို့လေး Cesme

တူရကီ နိုင်ငံရဲ့ နောက်ထပ် နာမည်ကြီးတဲ့ tourist နေရာလေး တစ်ခုကတော့ Cesme လို့ခေါ်တဲ့ ပင်လယ်ကမ်းခြေမြို့လေးပါ နိုင်ငံရဲ့ အနောက်ဖက် အစွန်ဆုံး ဂရိကျွန်းတွေနဲ့ နယ်နမိတ်ချင်း ဆက်စပ်နေတဲ့ မြို့လေးဖြစ်တာကြောင့် ဂရိအငွေ့အသက်တွေ ဖုံးလွှမ်းနေတဲ့ နေရာလေးတစ်ခုပါ .. ကမ်းစပ်ကနေ လှမ်းကြည့်လိုက်ယုံနဲ့ ဂရိနိုင်ငံရဲ့ ကျွန်းတွေကို မြင်ရမှာဖြစ်ပြီး .. အရင်တုန်းကတော့ ၂ နိုင်ငံ ဖြတ်သန်းသွားလာလို့ရတဲ့ Ferry တွေ ရှိပါတယ် .. ဒါပေမဲ့ Emma သွားတဲ့ အချိန်မှာ COVID…

Pamukkale: A Journey to the Cotton Castle

ဒီနေရာလေးကတော့ တူရကီနိုင်ငံမှာ ရှိတဲ့ နာမည်ကျော် tourist attractions တွေကတစ်ခုတဲ့ Pamukkale လို့ခေါ်တဲ့ နေရာလေးပါ .. တော်တော်များများ Instagram တို့ TikTok တို့မှာလည်း တွေ့ဖူးကြမှာပါ .. Pamukkale ကတော့ အရမ်းကို လှပတဲ့ အဖြူရောင် ထုံးကျောက်တောင်ကြီးတစ်ခုဖြစ်ပြီးတော့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာ တစ်ခုလည်းဖြစ်တာကြောင့် ကမ္ဘာလှည့် ခရီးသွားတွေကြားမှာ အရမ်းကို ရေပန်းစားပါတယ် .. အဝေးကနေကြည့်လိုက်ရင် ရေခဲတောင်လို့ ထင်ရအောင်ကို တောင်ကုန်းကြီး တစ်လုံးဖြူဖွေးပြီး လှပနေပါပြီးတော့ တချို့နေရာတွေမှာ သက်တမ်းအနုအရင့်အလိုက် ပန်းရောင်…

Back to top