India ကိုပတ်သွားရင်း Bodh Gaya ကိုပါဝင်မယ်ဆိုတော့ သူငယ်ချင်းတွေကတောင် ဘာသွားလုပ်မှာလဲတဲ့ Bodh Gaya ဆိုရင် တော်တော်များများက ထွက်ရပ်ပေါက်နေတဲ့သူတွေ သွားတဲ့နေရာ ၊ အသက်အရွယ်ကြီးတဲ့သူတွေနဲ့ ဘုန်းကြီး ၊ သီလရှင်တွေ တရားကျင့်ကြံတဲ့နေရာ ၊ ဘုရားဖူးတဲ့နေရာလို့ပဲထင်ကြတယ် တကယ်တမ်းကျတော့ Gaya က Buddhism တွေအတွက် Holy place လို နေရာမျိုးသာမက .. တခြားနိုင်ငံခြားသားခရီးသွားတွေအတွက်လည်း attraction နေရာ တစ်ခုဖြစ်တာကြောင့် တော်တော်များများ လာရောက်လေ့လာ လည်ပတ်လေ့ရှိကြပါတယ် .. Hinduism…
မြန်မာတွေကတော့ ဗာရာဏသီ လို့ခေါ်ကြတယ် .. ကမ္ဘာ့ရှေးဟောင်းအကျဆုံး မြို့တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီးတော့ နှစ်ပေါင်း ၃၀၀၀ ကျော် မင်းဆက်အမျိုးမျိုး အုပ်စိုးခဲ့တဲ့မြို့ဖြစ်တာကြောင့် .. ယဉ်ကျေးမှုမျိုးစုံ ထွန်းကားတဲ့မြို့လည်းဖြစ်တယ် .. နှစ်ပေါင်းများစွာကတည်းက ဂင်္ဂါမြစ်ကမ်းတစ်လျှောက် ဆိပ်ကမ်းတွေမှာ ရောင်းဝယ်ဖောက်ကားတဲ့ အလေ့အထလည်း ရှိပြီးတော့ ယနေ့ထက်ထိလည်း ချည်ထည်၊ပိုးထည် လုပ်ငန်းတွေ ၊ လက်မှုပစ္စည်းတွေ နဲ့ အသီးအနှံ စားသောက်ကုန် လုပ်ငန်းတွေအများကြီးတွေ့ရတယ် .. များသောအားဖြင့် Hindu ဘာသာကိုကိုးဝယ်ကြပေမဲ့ .. Mughal မင်းဆက် အုပ်စိုးတဲ့အချိန်မှာလည်း Islam…
အိန္ဒိယမှာလေ တချို့ ပြတိုက်တွေ .. အထိမ်းအမှတ်နေရာတွေမှာ ဝင်ကြေးပေးရရင် သေချာသတိထားပြီးကြည့်ပါ .. BIMSTEC citizens ဆိုတဲ့နေရာမှာ Myanmar နိုင်ငံသားတွေ အကြုံးဝင်လို့ ဒီနေ့ဆို foreigner ကြေး မပေးရဘဲ .. 40 rs ပဲပေးရတယ် .. သေချာသာမကြည့်မိရင် 600 rs တောင်ပေးရမှာ နေရာတိုင်းတော့မဟုတ်ပါဘူး .. တော်တော်များများကတော့ local/foreigner ပဲ ခွဲထားတာ .. ဒါပေမဲ့ Taj Mahal မှာလည်း အဲဒီလိုပဲပါလို့ သက်သာတယ်…
India မှာဆိုရင် Maharashtra ပြည်နယ်ကတော့ မသိတဲ့သူမရှိသလောက်ပါပဲ .. အဓိကကတော့ လူတော်တော်များများ ကြားဖူးကြတဲ့ Bollywood Movie Industry ရှိတဲ့ Mumbai မြို့ဟာ Maharashtra ပြည်နယ်ထဲမှာပဲ ရှိနေတာကြောင့်မို့ပါ Maharashtra ဆိုတဲ့နာမည်ကတော့ .. ပြည်နယ် (အရင်တုန်းကနိုင်ငံ) ကိုအုပ်စိုးခဲ့တဲ့ ဘုရင် Chhatrapati Shivaji Maharashtra ကိုအစွဲပြုပြီးခေါ်ကြတာပါ Emma တို့ ဒီတစ်ခေါက်သွားလည်မဲ့နေရာလေးကတော့ Maharashtra ပြည်နယ်ရဲ့ သမိုင်းဝင် .. ခံတပ် နဲ့ battle ground…
တက်ကြွလန်းဆန်းမှုနဲ့ .. ငြိမ်သက်အေးချမ်းမှု ခံစားချက် ၂ မျိုးလုံး တစ်နေရာထဲမှာ ရရှိနိုင်တဲ့ Goa ကမ်းခြေ .. Goa ကမ်းခြေလို့ ပြောလိုက်ပေမဲ့ Goa ဆိုတာကတော့ India နိုင်ငံရဲ့ ပြည်နယ် တစ်ခုကို ပြောတာပါ .. ဒါပေမဲ့ အဲဒီပြည်နယ်က လှပတဲ့ ကမ်းခြေတွေ အများကြီး ရှိပြီးတော့ .. နိုင်ငံခြားဧည့်သည်တွေကြားမှာ နာမည်ကြီးတဲ့ Tourism နေရာ တစ်ခုဖြစ်တာကြောင့် Goa ကမ်းခြေလို့ အလွယ်ခေါ်ကြတာပါ .. Goa မှာ…
Emma ငယ်ငယ်က စာမှာသင်ဖူးတဲ့ 7wonders က နေရာတွေဆို အရမ်းရောက်ဖူးချင်တာ .. အထူးသဖြင့် ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ Mumtaz Mahal ရဲ့ ဂူဗိမာန် Taj Mahal ကိုပေါ့ .. အပြင်က ကြည့်လိုက်ရင် .. လူသေမြှုပ်နှံထားတဲ့ နေရာလို့တောင် မထင်ရဘဲ .. အရမ်းကို လှပတဲ့ ဥယာဉ်တော်ကြီး ရေကန်ကြီးနဲ့ ယမုံနာမြစ်ကမ်းရဲ့ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတွေနဲ့ ခမ်းနားလှတဲ့ နန်းတော်ကြီး တစ်ခုလိုပဲ .. Taj Mahal တည်ရှိတဲ့…
ဒါလေးကတော့ အလုပ်လုပ်မဲ့သူတွေ ကျောင်းတက်မဲ့သူတွေ အတွက်တော့မဟုတ်ပါဘူး .. အလည် visa နဲ့ပဲ ၃ လလောက် ခဏသွားနေချင်ရင် အဆင်ပြေလို့ပါ .. visa ကြေး free ပါ .. သံရုံးသွားစရာမလို .. online ကနေပဲ လျှောက်လို့ရပါတယ် .. မြန်လည်းမြန်တယ် ရုံးဖွင့်ရက်လျှောက်ရင် ဒီနေ့လျှောက် မနက်ဖြန်ရ .. Application Form မှာ ဖြည့်ရတာတွေကတော့ အများကြီးပါ .. ကိုယ့်ရဲ့ personal details ရယ် family…
Emma ဟိုနေ့က India evisa လျှောက်ရတဲ့ပုံစံလေး ပြောပြပေးသွားတယ် .. အရမ်းလွယ်တယ် Form ဖြည့်ယုံပဲဆိုပြီးတော့ မလုပ်ပြတော့တာ .. ဒါပေမဲ့ တချို့ Emma ကို ထပ်လာမေးတဲ့သူတွေရှိလို့ .. Form ဖြည့်တဲ့ ပုံစံလေးကိုပါ step by step လုပ်ပြတဲ့ video လေးလုပ်ပေးထားပါတယ် .. ကိုယ်တိုင်လိုက်လုပ်ကြည့်ရင် အဆင်ပြေအောင်လို့ပါ .. အသိမောင်လေး တစ်ယောက်ပြောတာ agent တွေဆို service ခ မြန်မာငွေ သိန်းချီတောင်းတယ်ပြောလို့ …..
India မှာ Hindu Temple တွေအများကြီးရှိတဲ့ထဲက ဒီ Temple လေးက Maharashtra မှာ အရမ်းကို နာမည်ကြီးတဲ့ Lakshmi Temple ဖြစ်ပြီးတော့ .. Kolhapur မြို့မှာတည်ရှိတာပါ .. Indian Culture က အရမ်းကိုများပြားပြီး ကျယ်ပြန့်လို့ အသေးစိတ်ပြောပြရမှာမို့ .. သီးခြား ပို့စ်လေးတွေ ခွဲပြီးတော့ တင်ပေးပါဦးမယ်.. ဒီ Lakshmi Temple မှာတော့ .. သာမန်လူတွေ ဝင်ကြည့်လို့မရတဲ့ .. Temple ထဲက…
