၁။ အလုပ်လုပ်မဲ့သူတွေမလာပါနဲ့ .. ဒီမှာနေပြီး online ကနေ တခြား freelance or remote လုပ်တဲ့သူတွေလာလို့ရပါတယ် ..
၂။ အစားအသောက်ဂျီးများရင်အမလာပါနဲ့ .. မြန်မာတွေစားနေကျအရသာမျိုးတွေ ရှိဖို့မလွယ်ပါဘူး .. Indian food တွေ ကြိုက်တတ်တယ်ဆိုရင်တော့ အစားအသောက်မရှားပါဘူး ..
၃။ လူတွေနဲ့အရမ်းကြီးဆက်ဆံရေးအဆင်မပြေတဲ့ introvert type တွေနဲ့အဆင်မပြေပါ .. local တွေက ခင်ဖို့ကောင်းတဲ့သူတွေလည်းရှိသလို တချို့စွာတတ်တဲ့ သူတွေလည်းရှိပါတယ် .. အားလုံးနဲ့ လိုက်လျောညီထွေ နေတတ်တဲ့သူမျိုးမှအဆင်ပြေမှာပါ ..
၄။ ဘာသာရေးအရမ်း serious ဖြစ်တဲ့သူတွေမလာပါနဲ့ .. ကိုယ်နဲ့မတူပေမဲ့ အရာအားလုံးကို open ဖြစ်ပြီး respect ပေးနိုင်မှအဆင်ပြေပါတယ် .. India မှာ Hindu အမှားစုဆိုပေမဲ့ .. Muslim နဲ့ Christian တွေလည်းရှိပါတယ် .. မတူတဲ့ tradition & culture တွေကိုလေ့လာချင်တဲ့သူမျိုးဆို သဘောကျမှာပါ
၅။ အသန့်အရမ်းကြိုက်တတ်တဲ့သူဆို အဆင်မပြေပါ .. မြန်မာမှာလိုပဲ ဖုန်တွေ အမှိုက်တွေရှိတတ်ပါတယ် .. နေရာတိုင်းတော့မဟူတ်ဘူး .. ကိုယ်နေတဲ့နေရာပေါ်မူတည်တာပေါ့ ..
၆။ ခရီးသွားရတာကြိုက်တဲ့သူ .. travel blogs တွေ content တွေ လုပ်တဲ့သူမျိုးနဲ့ အရမ်းအဆင်ပြေပါတယ် .. India တစ်နိုင်ငံတည်းတင် နေရာစုံသွားလို့ရပြီး .. သဘာဝအတိုင်းအရမ်းလှပါတယ် ..
၇။ နောက်ဆုံးတစ်ခုက အားလုံးသဘောကျမှာပါ .. တခြားမှာလို visa ကြေး ပေးစရာမလိုပဲ .. Free နေလို့ရတာပါ .. အဲဒါမို့ visa ကြေး အကုန်မခံချင်တဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်နော် ..
တခြားသိချင်တဲ့ အကြောင်းအရာတွေရှိရင်လည်း ဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်