India Visa ဘယ်လို အခြေအနေတွေမှာ Reject ဖြစ်တတ်လဲ

India Visa က Reject ဖြစ်တာ တော်တော်လေးရှားပါတယ် .. ဘယ်လို အခြေအနေတွေမှာ Reject ဖြစ်တတ်လဲ လေ့လာကြည့်ရအောင် ..

* Form ဖြည့်စဉ်က အချက်အလက်နဲ့ attached တွဲတင်ပေးလိုက်တဲ့ passport ၊ဓါတ်ပုံ ထဲက အချက်အလက်တွေ မတူတာ .. (ဓါတ်ပုံဆိုရင်လည်း passport ထဲက လူနဲ့မတူတာ )

* Passport expired ဖြစ်နေတာ ၊ ခြောက်လ သက်တမ်း မကျန်တော့တာ

* အရင်က ပြစ်မှု မှတ်တမ်း တစ်ခုခုဝင်နေတာ

* ကိုယ်တိုင်က ပြစ်မှုမှတ်တမ်း မရှိပေမဲ့ .. ရှိခဲ့တဲ့သူနဲ့ နာမည်တွေ .. မွေးနေ့တွေ သွားတူနေတာ ..

* နောက်တစ်ခုကတော့ passport no. Duplicate ဖြစ်တာ .. တစ်ခါတစ်လေ ဖြစ်တတ်ပါတယ် ရှားရှားပါးပါးပါ

* ကိုယ့်အလုပ်အကိုင်ကို သဘောမကျတာမျိုး .. အမြဲတမ်းတော့ မဆိုလိုပေမဲ့ .. တစ်ခါတစ်လေ media သမားတွေလိုမျိုး .. နိုင်ငံရေး သမားတွေလို တခြား အလုပ်အကိုင် တစ်ခုခု ဖြည့်လိုက်မိရင် .. rejected ဖြစ်တတ်ပါတယ်

* နောက်တစ်ခုကတော့ အရင်က ဗီဇာ လျှောက်ခဲ့ဖူးပြီး သက်တမ်းကုန်ဖို့ အများကြီး လိုသေးတာ .. ဒါမှမဟုတ် .. တခြား သက်တမ်းကျန်သေးတဲ့ visa type တစ်ခုခု ကိုယ့်မှာ ရှိနေတာမျိုးဆိိုရင်လည်း reject ဖြစ်တတ်ပါတယ် .. အဲဒါမို့ visa တစ်ခု ကုန်ခါနီး မှ အသစ်လျှောက်တာ ကောင်းပါတယ် ..

* ကိုယ်တိုင် ဗီဇာ မလျှောက်ခဲ့ပေမဲ့ တခြား တစ်ယောက်ယောက်က ကိုယ့်ရဲ့ passport နဲ့ အချက်အလက်တွေ ယူပြီး လျှောက်ထားတယ်ဆိုရင်လည်း .. ကိုယ်ထပ်တင်တဲ့ အခါ reject ဖြစ်တတ်ပါတယ်

နောက်တစ်ခု အမေးများတာက extend တိုးလို့ရလားဆိုတာပါ .. အဖြေကတော့ .. “No” ပါ ..

Short term visa type တွေထဲမှာ medical visa type တစ်ခုပဲ extend လုပ်လို့ရပါတယ် .. ဒါပေမဲ့ သက်ဆိုင်ရာ ဆေးရုံ၊ဆေးခန်းက ထောက်ခံစာတွေ လိုပါမယ်နော် .. 😊

တကယ်လို့ အပေါ်မှာ ပြောထားတဲ့ဟာတွေ တစ်ခုမှ မဟုတ်ဘဲနဲ့ reject ဖြစ်ခဲ့တာ ဆိုရင်တော့ အိန္ဒိယ သံရုံးကို သွား အကျိုးအကြောင်းပြောပြီး .. ရိုးရိုး sticker နဲ့ visa လျှောက်လို့ရပါတယ် ..

Evisa ကို ကိုယ်တိုင် လျှောက်ချင်ရင် .. video တင်ပေးထားတာ ရှိတယ် ကြည့်ကြည့်ပါ .. မသိတာရှိရင် မေးလို့ရပါတယ် ..

ကိုယ်တိုင်မလုပ်ချင်ဘူး .. လုပ်ဖို့ အခက်အခဲ ဖြစ်နေရင်တော့ service ပေးပါတယ် .. passport နဲ့ ဓါတ်ပုံလေးပဲလိုပါမယ်နော် ..

အသေးစိတ်သိချင်တာရှိရင် facebook messenger ကနေ ဆက်သွယ်လို့ရပါတယ် .. ကျေးဇူးပါ ☺️

Leave a Reply

Your email address will not be published. Required fields are marked *

Back to top