ဘုရားဖူးရာသီလည်းဖြစ်ပြီးတော့ .. အမ်မာ့ဆီ India visa လာလုပ်တဲ့ customers တွေအများစုကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ဗုဒ္ဓဂါယာကို ဘုရားဖူးလေး သွားချင်ကြတယ်ပြောလို့ .. သွားလို့အဆင်ပြေမဲ့ လမ်းကြောင်းလေးတွေ အမ်မာပြောပြပါမယ် ..
ရန်ကုန်ကနေ ဂါယာကို ဒီရာသီမှာ တိုက်ရိုက် လေယဉ်ရှိပေမဲ့ လက်မှတ်ဝယ်ဖို့ မလွယ်ပါဘူး .. ဘုရားဖူး အဖွဲ့တွေ company တွေကိုပဲ အဓိကရောင်းလို့ပါ ..
အဲဒါကြောင့်မို့ ကိုယ့်ဖာသာ သွားမယ်ဆိုရင် Kolkata ကနေ တဆင့် ပြည်တွင်းလေယဉ် .. ဒါမှမဟုတ် အဝေးပြေးကားနဲ့ သွားလို့ရပါတယ် ..
ရန်ကုန်မဟုတ်ဘဲ တခြားနိုင်ငံတွေကဆိုရင်လည်း ဂါယာ တိုက်ရိုက် လေယဉ်တွေရှိနိုင်ပါတယ် .. ဒါပေမဲ့ စျေးပိုကြီးတယ် .. Kolkata လောက် မသက်သာဘူး ..
ရန်ကုန်ကနေ Kolkata ဆိုရင် လေယဉ်က အသွားအပြန် ဒေါ်လာ ၃၀၀ ဝန်းကျင်ရှိပါမယ် .. ပိတ်ရက်ဆို စျေးအနည်းငယ်ပိုမယ် .. Kolkata ကနေ Gaya ကို လေယဉ်နဲ့ဆို ဒေါ်လာ ၁၀၀ ဝန်းကျင် (အသွားအပြန်) .. ကားစီးမယ်ဆိုရင်တော့ One way ကို Rupees 1000 ပါ (ဒေါ်လာ ၁၀ ခန့်) ..
ကားစီးရင် ညကားရှိပါမယ် .. အမ်မာသွားတုန်းက bengals tigers ဆိုတဲ့ ကားကို စီးတာပါ .. sleeping bus မို့ .. သက်တောင့် သက်သာ စီးလို့ရတယ် .. သူကတော့ Bodhgaya တန်းရောက်ပါတယ် .. လေယဉ်နဲ့ဆို အရင်ဆုံး Gaya ကနေမှ Bodhgaya တဆင့်ထပ်သွားရတယ် ..
ကားစီးချိန် ၁၀ နာရီလောက် ကြာပြီးတော့ .. လမ်းမှာ တစ်ခါ ရပ်ပါတယ် .. မနက် ၆ နာရီလောက်မှာ ရောက်ပါတယ် .. အဝေးပြေးလမ်းပေါ်ကနေ ဟော်တယ်ကို တုတ်တုတ် စီးတာ ရူပီး ၂၀၀ ပါ .. (တုတ်တုတ် ကို India မှာတော့ ရစ်ရှားလို့ ခေါ်ပါတယ်) .. high season ဆိုရင်တော့ စျေးနည်းနည်း များမယ်ထင်ပါတယ် ..
ဟော်တယ်တွေက budget ပေါ်မူတည်ပြီး မြန်မာငွေ .. ၅သောင်းလောက်ကနေ ၁သိန်း၊ ၂သိန်းတန်တွေ အစားစားရှိပါတယ် ..
မဟာဗောဓိနဲ့ နီးတဲ့ နေရာက ဟော်တယ်တွေက စျေးပိုများပါတယ် .. ဘုန်းကြီးကျောင်းမှာတည်းလို့ရပေမဲ့ .. ဘုရားဖူးရာသီဆို .. အဖွဲ့တွေနဲ့ လူပြည့်နေတတ်ပါတယ် ..
အစားအသောက်ကတော့ .. ရူပီး ၁၅၀-၂၀၀-၃၀၀ ဝန်းကျင်ပါ .. တရုတ်၊ထိုင်း စားသောက်ဆိုင်တွေရှိလို့ .. အိန္ဒိယစာ မစားနိုင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ် .. သက်သက်လွတ်ချည်းပဲ ရှိတာ မဟုတ်ပါဘူး .. ကြက်သားနဲ့ ဆိတ်သားရပါတယ် .. (ဝက်၊အမဲ မရပါ)
ဗုဒ္ဓဘုရားပွင့်ခဲ့တဲ့မြေဆိုပေမဲ့ .. ဒေသခံ အများစုက .. ဟိန္ဒူနဲ့ မွတ်စလင်တွေပါ .. အဲဒါကြောင့်မို့ သူများ ယုံကြည်မှုတွေကိုလည်း လေးစားပေးတာကောင်းပါတယ် .. မဟာဗောဓိဝန်းကျင်မှာပဲ .. ဟိန္ဒူဘုရားကျောင်းတွေ .. ဗလီတွေလည်း ရှိပါတယ် .. အများစုကတော့ ဧည့်သည်တွေအပေါ် ကောင်းကြပါတယ် .. အမ်မာ သွားတုန်းက တည်းခဲ့တဲ့ တည်းခိုခန်းပိုင်ရှင် မိသားစုဆိုရင် မွတ်စလင် မိသားစုပါ .. အရမ်းသဘောကောင်းပြီး ဖော်ရွေတယ် .. ပိုင်ရှင်မာမူကြီးက မိဘမဲ့ကလေးတွေ .. မတတ်နိုင်တဲ့ ကလေးတွေကို ခေါ်ပြီး ကျောင်းထားပေးလို့ .. အဲဒီမှာ ကလေးတွေလည်း အများကြီးရှိပါတယ် .. အစက ကလေးတွေအများကြီး မွေးထားတယ်ထင်တာ .. မဟုတ်ဘူး မွေးစားထားတာပါ .. အမ်မာ သွားတုန်းက မွတ်စလင် ဥပုသ်လ ဖြစ်တာမို့ .. ဥပုသ်ဖြေကြတဲ့အခါ ဧည့်သည်တွေ အကုန်လုံးကို ဖိတ်ပြီး မုန့်ကျွေး .. ညစာ အတူတူ စားကြပါတယ် ..
ဗုန္ဓဂါယာ မြို့အတွင်းက .. ဘုရားတွေနဲ့ ဘုန်းကြီးကျောင်းတွေကို သွားမယ်ဆိုရင် .. တစ်နေကုန် ကားငှါးခ .. ရူပီး 2000 ခန့် .. မြန်မာငွေ တစ်သိန်းလောက် ရှိပါတယ် .. ဘုရားတွေ အကုန်လုံးက ဝင်ကြေး အခမဲ့ပါ ..
မြို့ပြင်မှာကတော့ မြတ်စွာဘုရား ဒုက္က္ကရာစတိယ ကျင့်ခဲ့တဲ့ ဗုဒ္ဓဂူဆိုတာ ရှိပါတယ် .. သူကတော့ နည်းနည်း ဝေးလို့ သပ်သပ် အချိန်ပေးပြီး သွားရမှာပါ .. နောက်ထပ်ပြီး တခြားသွားချင်သေးရင် .. အနီးဆုံး မြို့က ရာဇဂြိုလ်ပြည် .. နလန္ဒာ ဗုဒ္ဓတက္ကသိုလ်ရှိပါတယ် .. ကားငှါးခ တစ်နေ့လုံး ရူပီး 4000 ပါ
အဲဒီလောက်ဆိုရင်တော့ ဗုဒ္ဓဂါယာက စုံပါပြီ .. တချို့တွေက ဖွား၊ပွင့်၊ဟော၊စံ အကုန် သွားချင်တယ်ဆိုရင်တော့ .. Tour agency နဲ့ ချိတ်သွားဖို့ပဲ အကြံပေးချင်တယ် … မြို့ တစ်ခုနဲ့ တစ်ခု ကူးချည်သန်းချည်နဲ့ ကိုယ်တိုင်သွားရင် အဆင်မပြေပါဘူး ..
အပြန်ကျရင်လည်း .. လာတုန်းကလို .. ကား သို့မဟုတ် လေယဉ်နဲ့ .. Gaya ကနေ Kolkata ကိုသွား .. Kolkata မှာ ခဏ လည်ချင်ရင်လည်း ၁ ရက်လောက်နေပြီး ရန်ကုန်ကို ပြန်လာလို့ရပါတယ် .. မြန်မာ အများစု သွားကြတဲ့နေရာမို့ .. မရောက်ဖူးဘဲ သွားလည်း အဆင်မပြေမှာ မစိုးရိမ်ရပါဘူး .. အမ်မာ့တုန်းကလည်း တစ်ယောက်တည်းပဲ သွားတာပါ .. အမ်မာကတော့ ရန်ကုန်မပြန်တော့ .. ဗာရာဏသီ (Varanasi) ဆက်သွားဖြစ်ပါတယ် ..
Varanasi အကြောင်းကိုတော့ ပိူ့စ်လေးသပ်သပ် ခွဲတင်ပေးထားပါတယ် .. ဒီလောက်ဆိုရင်တော့ Information လေးနည်းနည်း ရသွားလောက်ပြီထင်ပါတယ် .. တခြားသိချင်တာရှိရင်လည်း လာပြီးမေးလို့ရပါတယ် ..
India visa ကိုယ်တိုင် လျှောက်နည်း
Kpay နဲ့ လေယဉ်လက်မှတ် ဝယ်နည်းတွေလည်း .. တင်ပေးထားတာ ရှိလို့ ပို့စ်အဟောင်းမှာ ရှာဖတ်ကြည့်ပါနော် ..
ကိုယ်တိုင်မလုပ်ချင်တဲ့သူတွေအတွက်လည်း ..
Visa services
Flight tickets နဲ့
ခရီးစဉ် အစအဆုံး private tour လေးတွေ စီစဉ်ပေးပါတယ်ရှင့် ..
အားလုံးကျေးဇူးပါ ..