Dandelion

Dandelion

Dandelion လို့ခေါ်တဲ့ ပန်းကလေးကတော့ .. ဆန္ဒပြုတယ် ဆုတောင်းတယ်ဆိုတဲ့ အဓိပ္ပါယ်တွေနဲ့အတူ ပုံပြင်ဆန်ဆန် နာမည်ကြီးပါတယ် .. ပန်းကလေးရဲ့ မူလအရောင်က အဝါရောင်လေးပါ .. ဒါပေမဲ့ တော်တော်များများက သူ့ရဲ့ မူလပုံစံကို မသိကြဘဲ .. ပွင့်ဖတ်တွေ ကြွေကျပြီး ကျန်ခဲ့တဲ့ ဝတ်ဆံတိုင်လေးနဲ့ .. အစေ့လေးတွေ ရှိတဲ့ ဘောလုံးလေးလို လုံးလုံးဖြူဖြူလေးကိုပဲ သိကြပါတယ် .. အစက dandelion ကို လူတွေ အမြတ်တနိုး စိုက်ကြတဲ့ ပန်းမျိုးထင်ခဲ့ဖူးတယ် .. ဒါပေမဲ့…

Bucket list

Bucket list

တစ်ကမ္ဘာလုံး sit တွေဖြစ်ကြတော့ စဉ်းစားမိတာ မthayခင်မှာ ဘာလုပ်သွားချင်လဲပေါ့ .. ရယ်စရာပြောတာမဟုတ်ဘူးနော် .. လူဆိုတာကတော့ အခုမthay လည်း နောက်thay မှာ .. sitကြောင့် မဟုတ်လည်း တခြားကြောင့် .. ၉၆ပါး ရောဂါ အများကြီးပဲ ဖြစ်နိုင်တာတွေ .. စောတာနဲ့ နောက်ကျတာပဲကွာတာ .. bucket list လေးပေါ့ .. အခုမှမဟုတ်ဘူး အဲဒီ list က အမ်မာ့မှာ အရင်ကတည်းကရှိိတယ် .. လုပ်ချင်တာတွေလုပ်ပြီး ပျော်ပျော်ကြီးနေသွားမယ်ပေါ့…

Group Tour နဲ့ Private Tour ဘာကွာလဲ ??

ပထဆုံးအချက်ကတော့ လူဦးရေပေါ့နော် .. group tour တွေက တခြားလူတွေနဲ့ ပေါင်းပြီး သွားရတာဖြစ်လို့ လူများတယ် .. private tour ကတော့ ကိုယ်တွေအတွက်ပဲ သီးသန့် စီစဉ်ပေးတာဖြစ်လို့ တစိမ်းတွေနဲ့ အတူတူသွားစရာမလိုဘဲ ပိုလွတ်လပ်တယ် .. ဒုတိယကတော့ အချိန် .. group tour တွေက သူတို့ သတ်မှတ်ထားတဲ့ရက်ပဲထွက်တာ .. အဲဒီရက်ကို ကိုယ်အားအောင်လုပ်ထားမှအဆင်ပြေမယ် .. Private ကျတော့ ဘယ်နေ့ ဘယိအချိန်သွားချင်လဲဆိုတာ သူများနဲ့ ညှိနေစရာမလိုဘူး …..

နိုင်ငံခြား ခရီးသွားတဲ့အခါ လိုအပ်တဲ့အချက်အလက်တွေ

group တွေထဲမှာ မကြာခဏ မေးကြတဲ့ မေးခွန်းတွေကို တစ်စု တစ်စည်းတည်းဖြစ်အောင် .. ပြန်တင်ပေးထားပါတယ် နိုင်ငံခြား ခရီးသွားတဲ့အခါ လိုအပ်တဲ့အချက်အလက်တွေ .. (ဘယ်နိုင်ငံသွားသွား အခြေခံ လိုအပ်ချက်တွေက တူပါတယ် ..) 1. Passport Passport သက်တမ်း အနည်းဆုံး ၆ လကျန်ရပါမယ် 2. Visa Visa က ကိုယ်သွားမဲ့ နိုင်ငံအပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ် .. မြန်မာတွေအများစု သွားလေ့ ရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေကတော့ visa ကင်းလွတ်လို့…

ခရီးသွားရင် အများဆုံး ဘယ်နှစ်ရက်ကြာအောင် နေဖူးလဲ ???

အလုပ်ကိစ္စကြောင့် အကြာကြီးနေတာကို ပြောတာမဟုတ်ဘူးနော် .. အလုပ်နဲ့ မဟုတ်ဘဲ အလည်သက်သက်ကို ဘယ်လောက်ကြာကြာ ခရီးသွားဖူးလဲလို့ပါ .. Emma ကတော့ 138 ရက် တိတိ .. အကြာဆုံးပါပဲ .. အဲဒါထက်နည်းပြီးတော့ 2 လ ၊ 3 လ လောက်လည်း သွားဖူးပါတယ် ဒါပေမဲ့ အကြာဆုံးခရီးကို ပြောပါဆိုရင် .. 138 ရက် ( ၄ လခွဲ ၅ လနီးပါးကို ကြာတာပါ) အဓိကကတော့ India…

“ကံမဆိုးသေးတာကိုက ကံကောင်းနေတာပါ“

လူတော်တော်များများတွေးဖူးကြလိမ့်မယ် .. Emma လည်းတွေးဖူးတယ် .. သူများတွေများ ကံကောင်းလိုက်ကြတာ .. ငါတော့ ကံမကောင်းဘူး .. ထီ မပေါက်လို့ ကံမကောင်းဘူး .. အလုပ်မရလို့ ကံမကောင်းဘူး .. ရာထူးတိုးတဲ့ထဲမပါလို့ ကံမကောင်းဘူး .. အရမ်းဂရုစိုက်တဲ့ ချစ်သူမရှိလို့ ကံမကောင်းဘူး .. မိသားစုကို ပြည့်ပြည့်စုံစုံမထားနိုင်သေးလို့ ကံမကောင်းသေးဘူး .. လိုချင်တာတွေ မဝယ်နိုင် မသုံးနိုင်လို့ စသည်ဖြင့် စသည်ဖြင့်ပေါ့ .. Emma အန်ကာဝပ် သွားတုန်းက မျက်မမြင် tourist…

Why travel Solo?

Why travel Solo?

တစ်ယောက်တည်း ခရီးတွေ သွားရတာ ပျင်းဖို့ မကောင်းဘူးလားတဲ့ … Emma ကို တွေ့တဲ့လူတိုင်းက မေးကြတယ် (တချို့ကတော့ မကြောက်ဘူးလားပေါ့ သွားနေကျသွားရင် ကြောက်စရာမရှိပါဘူး) Emma ကတော့ လုံးဝ မပျင်းပါဘူး .. ကိုယ့်အိမ်မှာ နေရင်သာ တစ်သက်လုံး နေခဲ့တဲ့နေရာ ရပ်ကွက် လမ်းတွေ ဒီအတိုင်းပဲမို့ ထူးထူးခြားခြား မရှိဘဲ ပျင်းစရာကောင်းနေတာ .. မရောက်ဖူးတဲ့ နေရာ ဒေသ ရောက်သွားရင် မြင်သမျှ တွေ့သမျှအရာတိုင်းက အသစ်အဆန်းတွေ ချည်းပဲမို့ ပျင်းဖို့တောင် အချိန်မရဘူး…

How to buy flight ticket with KBZ Pay

Visa Card တွေ Master Card တွေ မရှိဘဲနဲ့ … KBZ Pay ကနေ အလွယ်တကူနဲ့ လေယာဥ်လက်မှတ် ၀ယ်တဲ့ ပုံစံလေးကို ပြောပြထားပေးပါတယ် .. ကိုယ်တိုင်လုပ်ကြည့်ပြီး အဆင်မပြေတာ ရှိရင် လာမေးလို့ရတယ်နော် ..

Is history based on truth?

ဘဝမှာ ဂုဏ်ယူရတဲ့ အချိန်တစ်ခုကို ပြောပြပါဆို .. အီဂျစ်သမိုင်းကြောင်းကို Egyptian တစ်ယောက်ကို ပြန်ပြောပြနေရတာပဲ .. တကယ်တမ်း ကျတော့ သမိုင်းတွေဆိုတာ ရှာတွေ့သလောက် အချက်အလက်လေးတွေ တချို့နဲ့ ဖြစ်နိုင်ချေကို ကောက်ချက်ဆွဲပြီး ရေးခဲ့ကြတာချည်းပဲ .. (လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်ကဟာကို ပြောတာမဟုတ်ဘူးနော်) ခရစ်တော် မပေါ်ခင် နှစ်ပေါင်းများစွာ .. ကမ္ဘာဦးခေတ်ကတည်းကဆိုရင် နှစ်သန်းပေါင်းများစွာက အကြောင်းတွေကိုပြောတာပါ .. ရာသီဥတုဒဏ် နဲ့ စစ်ပွဲတွေကြောင့် ရှေးခေတ်အဆက်ဆက်က မှတ်တမ်းတွေ အကြောင်းအရာတွေဆိုတာ …..

The art of leaving

The art of leaving

ဟိုနေ့က တစ်ယောက်နဲ့ စကားပြောရင်: .. ပြောဖြစ်တာလေးတစ်ခု .. ခရီးသွားရင်း အတွေ့အကြုံတွေ ရတယ် .. အများကြီး learning လုပ်ဖြစ်ခဲ့တယ်ပေါ့ .. အဲဒီထဲမှာ .. “လူတွေနဲ့ဘယ်လို တွေ့ဆုံရမလဲ” ဆိုတာပါသလို .. “ဘယ်လိုခွဲခွါရမလဲ” ဆိုတာလည်းပါတယ် .. ခဏလေးပဲတွေ့တွေ့ .. အကြာကြီးပဲ တွေ့တွေ့ .. အချိန်တန် ခွဲရမှာက အတူတူပဲလေ .. အသက်ရှင်နေခိုက် မခွဲရဘူးဆိုရင်တောင် .. သေဆုံးတဲ့အချိန်မှာ အကုန်လုံးကို နှုတ်ဆက်ထားခဲ့ရတာချည်းပဲ .. အဲဒါကို…

Back to top