Dandelion

Dandelion လို့ခေါ်တဲ့ ပန်းကလေးကတော့ .. ဆန္ဒပြုတယ် ဆုတောင်းတယ်ဆိုတဲ့ အဓိပ္ပါယ်တွေနဲ့အတူ ပုံပြင်ဆန်ဆန် နာမည်ကြီးပါတယ် ..

ပန်းကလေးရဲ့ မူလအရောင်က အဝါရောင်လေးပါ .. ဒါပေမဲ့ တော်တော်များများက သူ့ရဲ့ မူလပုံစံကို မသိကြဘဲ .. ပွင့်ဖတ်တွေ ကြွေကျပြီး ကျန်ခဲ့တဲ့ ဝတ်ဆံတိုင်လေးနဲ့ .. အစေ့လေးတွေ ရှိတဲ့ ဘောလုံးလေးလို လုံးလုံးဖြူဖြူလေးကိုပဲ သိကြပါတယ် ..

အစက dandelion ကို လူတွေ အမြတ်တနိုး စိုက်ကြတဲ့ ပန်းမျိုးထင်ခဲ့ဖူးတယ် .. ဒါပေမဲ့ သူက အလေ့ကျပေါက်တဲ့ ပန်းရိုင်း တမျိုးပါ .. လမ်းဘေး ဝဲယာမှာ မြက်ပင်တွေကြားထဲမှာ တွေ့ရလေ့ရှိပါတယ် ..

“A symbol of hope , healing and resilience“ ဆိုပြီး သတ်မှတ်ထားတာကြောင့် ..

မိမိ ဖြစ်ချင်တဲ့ ဆန္ဒတွေကို မျက်စိမှတ် ဆုတောင်းပြီး .. ပန်းကလေးရဲ့ ဝတ်ဆံလေးတွေကို လေထဲမှုတ်ထုတ်လိုက်တဲ့အခါ .. အဲဒီ ဝတ်ဆံလေးတွေကို လေကနေ သယ်ဆောင်သွားပြီး ကိုယ့်ရဲ့ ဆန္ဒတွေ အမှန်တကယ် ဖြစ်လာစေမဲ့နေရာကို ရောက်ရှိသွားတယ်လို့ ယုံကြည်ကြပါတယ်..

တကယ် ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ .. အဲဒီလိုလေးတွေ ဆော့ကစားရတာ ပျော်စရာတော့ ကောင်းပါတယ် ..

Dandelion

Dandelion လေးတွေကို အစိမ်းပဲဖြစ်ဖြစ် .. ချက်ပြုတ်ပြီးပဲဖြစ်ဖြစ် စားလို့ရပေမဲ့ .. အခုနောက်ပိုင်းတော့ ရေနွေးထဲခတ်ပြီး သောက်ရတဲ့ dandelion tea က ပိုပြီးခေတ်စားလာပါတယ် ..

ကျန်းမာရေး ရှုထောင့်ကကြည့်ရင်လည်း .. ကိုယ်ခံအားကို မြှင့်တင်ပေးပြီး အသည်းကျန်းမာရေးအတွက်လည်း အထောက်အကူပြုတာကြောင့် .. အရမ်းကို အသုံးဝင်ပြီး ချစ်စရာကောင်းတဲ့ ပန်းလေးအကြောင်း .. မျှဝေလိုက်ပါတယ်နော်

Leave a Reply

Back to top