လူတော်တော်များများတွေးဖူးကြလိမ့်မယ် .. Emma လည်းတွေးဖူးတယ် .. သူများတွေများ ကံကောင်းလိုက်ကြတာ ..
ငါတော့ ကံမကောင်းဘူး ..
အလုပ်မရလို့ ကံမကောင်းဘူး ..
ရာထူးတိုးတဲ့ထဲမပါလို့ ကံမကောင်းဘူး ..
အရမ်းဂရုစိုက်တဲ့ ချစ်သူမရှိလို့ ကံမကောင်းဘူး ..
မိသားစုကို ပြည့်ပြည့်စုံစုံမထားနိုင်သေးလို့ ကံမကောင်းသေးဘူး ..
လိုချင်တာတွေ မဝယ်နိုင် မသုံးနိုင်လို့ စသည်ဖြင့် စသည်ဖြင့်ပေါ့ ..
Emma အန်ကာဝပ် သွားတုန်းက မျက်မမြင် tourist တစ်ယောက်ကို တွေ့ခဲ့တယ် .. မျက်မှန်နဲ့ လမ်းလျှောက်တုတ်နဲ့ ဘေးနားမှာလည်း သူငယ်ချင်းလား Guide လားတော့ မသိဘူး တစ်ယောက်ပါတယ် .. အဲဒီလူက သူမြင်ရတဲ့အရာရာတိုင်းကို တဆင့်ပြောပြ ရှင်းပြနေတယ် .. ဘယ်လိုပုံစံတွေ ဘာတွေ ရှိလဲဆိုတာကိုပေါ့ .. blind tourist က ပြုံးပြုံးလေးနဲ့ နားထောင်နေတာ တချို့ ကျောက်ရုပ်တုတွေ .. ဘုရားကျောင်း နံရံက ကျောက်ဆစ် လက်ရာတွေကိုဆို ထိကြည့် ကိုင်ကြည့်တယ် .. သူအရမ်းစိတ်ကျေနပ်ပြီး ပျော်နေတယ်ဆိုတာ ဘေးက ကြည့်တာနဲ့တင်သိနိုင်တယ် ..
အဲဒီမှာ Emma ခေါင်းထဲ ရောက်လာတဲ့ အတွေးတစ်ခုက
“ငါ အရမ်း ကံကောင်းပါလား” ဆိုတာကိုပါ ..
ထူးဆန်းတယ်နော် လွန်ခဲ့တဲ့ မိနစ်ပိုင်းကတင်
ကိုယ်ကံကောင်းနေတာ ကိုယ်မသိခဲ့ဘူး ..
“ငါ့မျက်စိတွေသာ မကောင်းခဲ့ဘူးဆိုရင် အခုလို ခရီးတွေ သွားနေလည်းအရမ်းလှတဲ့ မြင်ကွင်းတွေကို မြင်ရမှာ မဟုတ်တော့ဘူး” ဆိုတာတွေးမိပြီး
ပုံမှန်ဆို ဘုရားမေ့ တရားမေ့ နေတဲ့သူက ရုတ်တရက်ကြီး ဘုရားကိုတောင် ကျေးဇူးတင်မိသေးတယ် .. အခုလို အခြေအနေလေး နေခွင့်ပေးတာကိုပေါ့ ..
အဲဒါမို့လေ .. ကိုယ့်မှာ မရှိတဲ့အရာတွေအတွက် စိတ်ပူပန် သောကရောက်နေမဲ့အစား .. ရှိတဲ့ အရာလေးတွေအတွက် ကျေးဇူးတင် တန်ဖိုးထားတတ်ရင် ဘဝကြီးက ပိုပြီး ပျော်စရာကောင်းမှာပဲ..
Emma တို့ အမြဲတမ်း သတိတရရှိနေရမှာက “ကံမဆိုးသေးတာကိုက ကံကောင်းနေတာပါ“