ဘဝမှာ ဂုဏ်ယူရတဲ့ အချိန်တစ်ခုကို ပြောပြပါဆို ..
အီဂျစ်သမိုင်းကြောင်းကို Egyptian တစ်ယောက်ကို ပြန်ပြောပြနေရတာပဲ ..
တကယ်တမ်း ကျတော့ သမိုင်းတွေဆိုတာ ရှာတွေ့သလောက် အချက်အလက်လေးတွေ တချို့နဲ့ ဖြစ်နိုင်ချေကို ကောက်ချက်ဆွဲပြီး ရေးခဲ့ကြတာချည်းပဲ ..
(လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်ကဟာကို ပြောတာမဟုတ်ဘူးနော်)
ခရစ်တော် မပေါ်ခင် နှစ်ပေါင်းများစွာ ..
ကမ္ဘာဦးခေတ်ကတည်းကဆိုရင် နှစ်သန်းပေါင်းများစွာက အကြောင်းတွေကိုပြောတာပါ ..
ရာသီဥတုဒဏ် နဲ့ စစ်ပွဲတွေကြောင့် ရှေးခေတ်အဆက်ဆက်က မှတ်တမ်းတွေ အကြောင်းအရာတွေဆိုတာ .. ကျန်ရှိနေဖို့ တော်တော်ခက်ခဲပါတယ်
99% သော သမိုင်းကြောင်းတွေက ပျက်ဆီးပျောက်ကွယ်သွားခဲ့ပြီး .. ကျန်ခဲ့တဲ့ 1% လောက်ကိုပဲ ကိုးကားပြီး သမိုင်းပညာရှင်တွေက ကောက်ချက်ဆွဲခဲ့ကြတာပါ .. အဲဒါကြောင့် အခုလက်ရှိ လူတွေသိရှိထားတဲ့ သမိုင်းဆိုတာ အမှန်လို့ပြောဖို့ တော်တော်ခက်ခဲပါတယ် .. အဲလိုပဲ မမှန်ဘူးလို့လည်း ငြင်းလို့တော့ မရဘူးပေါ့ ..
အကြောင်းအရာ တစ်ခုကို မှားတယ်လို့ သက်သေမပြနိုင်သေးသရွေ့ အဲဒါက အမှန်လို့ ထင်နေကြဦးမှာပဲ ..
(ကမ္ဘာကြီးလုံးတယ်ဆိုတာ သက်သေမပြနိုင်ခင်တုန်းက .. အပြားကပဲ အမှန်မဟုတ်လား )
ဘာရယ်မဟုတ်ပါဘူး .. တချို့လူတွေ သမိုင်းနဲ့ပတ်သတ်ပြီး ပြိုင်ငြင်းနေကြတာတွေ့လို့ .. အဲလို ငြင်းရင်း ခုန်ရင်းနဲ့ပဲ သီအိုရီ အသစ်တွေ ထွက်လာခဲ့တာဆိုတော့ ငြင်းတာလဲ ကောင်းတာပါပဲ ..
ကိုယ်ကတော့ အခုနောက်ပိုင်း
“Nothing Is Impossible” လို့ပဲ လက်ကိုင်ထားတယ် ..
မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး .. ကိုယ်မသိသေးတာပဲရှိတာပါ
စာအုပ်ထဲကပဲဖြစ်ဖြစ် ၊ တခြားလူတွေပြောပြလို့ပဲဖြစ်ဖြစ် .. သမိုင်းကြောင်း ပုံပြင်တွေဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ် ..
တစ်ခုပဲ .. ကိုယ်မြင်တာ ၊ကြားတာ အားလုံးကို အမှန်ချည်းပဲလို့ ပုံသေမသတ်မှတ်လိုက်ဖို့ပဲလိုတာ ..