အလုပ်ကိစ္စကြောင့် အကြာကြီးနေတာကို ပြောတာမဟုတ်ဘူးနော် ..
အလုပ်နဲ့ မဟုတ်ဘဲ အလည်သက်သက်ကို ဘယ်လောက်ကြာကြာ ခရီးသွားဖူးလဲလို့ပါ ..
Emma ကတော့ 138 ရက် တိတိ .. အကြာဆုံးပါပဲ .. အဲဒါထက်နည်းပြီးတော့ 2 လ ၊ 3 လ လောက်လည်း သွားဖူးပါတယ် ဒါပေမဲ့ အကြာဆုံးခရီးကို ပြောပါဆိုရင် .. 138 ရက် ( ၄ လခွဲ ၅ လနီးပါးကို ကြာတာပါ)
အဓိကကတော့ India ပါပဲ .. Visa က 3 လ ရပြီး နိုင်ငံကလည်း အရမ်းကြီးလို့ ၂ လခွဲလောက် ကြာအောင် နေခဲ့တာပါ .. အဲဒါတောင် India တောင်ပိုင်း နဲ့ မြို့တော် ဒေလီလောက်ပဲ ရောက်လိုက်တာပါ .. အလယ်ပိုင်းနဲ့ အပေါ်ပိုင်း(မြောက်ပိုင်း) ကိုမရောက်လိုက်ပါဘူး .. Emma က တစ်နေရာ ရောက်ရင် 1 ပတ် ၊ 2 ပတ်လောက် ကြာကြာ နေလို့လည်း ပါပါတယ် .. ဆက်တိုက်သွားရင် လူပင်ပမ်းလို့ပါ .. တချို့ရက်တွေဆို အပြင်မထွက်ဘဲ အခန်းထဲမှာပဲနားပါတယ် ..
အပင်ပမ်းခံနိုင်ရင်တော့ တချို့ဆို ၁ လနဲ့ တစ်နိုင်ငံလုံး နေရာစုံအောင် ပတ်တာပါ
အဲဒီမှာ ပြောချင်တာက Hippie/Gipsy/Bohemian ဘယ်လိုပဲခေါ်ခေါ်ပေါ့နော် .. ဆိုလိုတာချင်းကတော့ အတူတူပဲ .. အရင်ခေတ်တုန်းကတော့ အိမ်ခြေမဲ့ လျှောက်သွားနေတဲ့ လူမျိုးစုကိုခေါ်တာပေါ့ .. ဒီဖက်ခေတ်ရောက်တော့ အစွဲအလမ်းသိပ်မထားဘဲ လွတ်လွတ်လပ်လပ်နဲ့ positive vibes ရှိတဲ့သူမျိုးကိုပြောကြတာ ..
နေရာအစွဲအလမ်း၊အစားအသောက်၊ သူငယ်ချင်းအပေါင်းအသင်း မိသားစု အလုပ်အကိုင်နဲ့ နောက်ဆုံး ပိုက်ဆံကိုတောင် မက်မက်မောမောမရှိဘဲနဲ့ စားလို့သောက်လို့ အဆင်ပြေရင် ရပြီဆိုတဲ့ လူမျိုးတွေ ..
သူတို့ကို ကြည့်လိုက်ရင် အရမ်းအေးချမ်းတယ် .. အနာဂတ်အတွက် တွေးမပူဘူး .. သူများအကြောင်းတွေလည်း ခေါင်းထဲမထည့်ဘူး .. သူတို့ ဝါသနာပါရာသူတို့လုပ်မယ် ပိုက်ဆံမရလည်းလုပ်တယ် .. ဥပမာ ပန်းချီဆွဲတာ ၊ ဂီတဖန်တီးတာလိုမျိုး .. တချို့ကလည်း တိရစ္ဆာန်လေးတွေမွေးတာ၊ အပင်စိုက်ကြတာမျိုး မျိုးစုံပဲ ..
ခေတ်အခြေအနေအရ ရှားတော့ ရှားသွားပြီ ဒါပေမဲ့ ရှိတော့ ရှိနေတုန်းပဲ .. တစ်ခါတစ်လေ ခရီးသွားရင်းနဲ့ တွေ့ဖူးတယ် .. အများစုကတော့ ခဏတာ ဘဝကို အဲဒီလိုကုန်ဆုံးကြတာပါ .. အလုပ်ကနေထွက်လိုက်တယ် ၁နှစ်တန်သည် ၂နှစ်တန်သည် ပိုက်ဆံရှိနေသရွေ့ အေးဆေးနေမယ် .. ကုန်သွားတော့မှ အလုပ်ပြန်လုပ်တယ်ပေါ့ … part time hippie လို့ပြောမလား ..
ဘာလီသွားတုန်းက တွေ့တဲ့ ပြင်သစ်မလေး တစ်ယောက်ဆို စာရင်းကိုင်လုပ်တာ .. အသက် ၃၀ ပြည့်တဲ့အချိန်မှာ အလုပ်က ထွက်လိုက်တယ် .. သူဒီအရွယ်မှ ခရီးမသွားရင် နောက်သွားလို့ရမှာ မဟုတ်ဘူးဆိုပြီး အာရှအနှံ့လျှောက်သွားနေတာပေါ့ .. သူအားရအောင် သွားပြီးတော့မှ အလုပ်ပြန်ဝင်မယ်တဲ့
နောက်တစ်ယောက်က Australia က ကောင်လေး .. ငယ်ငယ်ပဲ အလုပ်က ကော်ဖီဆိုင်က Barista .. သူကကျတော့ လျှောက်သွားနေတာတော့ မဟုတ်ဘူး .. ဘာလီမှာပဲကို အခေါက်ခေါက် အခါခါလာပြီးနေတာ .. ၆ လ အလုပ်လုပ် .. ၆ လခရီးသွား .. (ပိုက်ဆံကုန်တဲ့အထိ ပိုက်ဆံကုန်ရင် ပြန်အလုပ်လုပ်
နောက်တစ်ယောက်ကလည်း Australia ကပဲ ဆရာဝန် .. အသက် ၃၀မှာ အဲဒီ career ကို လုံးဝ နားလိုက်ပြီးတော့ .. Online ကနေပဲ ဝင်ငွေရအောင်ရှာတယ် .. အချိန်ပြည့် ခရီးတွေသွားနေတယ် .. သူ့ကို သိတာ 2022 ကဆိုတော့ 2 နှစ်လောက်ရှိပြီပေါ့ .. Instagram မှာ ကြည့်လိုက်တာ အခုထိ ခရီးသွားနေတုန်း မနားသေးဘူး ..
နောက်ဆုံးတော်တော် ဆိုးဆိုး တွေ့ဖူးတဲ့ Mexican တစ်ယောက်ဆို အိမ်မပြန်ဘဲ ခရီးသွားနေတာ ၈ နှစ်တောင် ရှိပြီတဲ့ ..
သူတို့ကိုတွေ့မှပဲ အဲဒီလို လူတွေ ရှိနေပါသေးလားဆိုပြီး အတွေးဝင်လာတယ် .. သူတို့ရဲ့ ကမ္ဘာက သက်သက်တစ်ခု .. လူအများစုနဲ့မတူ live to work မဟုတ်ဘဲ work to live သမားတွေပေါ့ ..
100% ကြီး သူတို့လို မနေနိုင်ပေမဲ့ တစ်ခါတစ်လေတော့ break ယူပြီး လေလွင့်နေရတာ သဘောကျတယ် .. ရှေ့ရေးနောက်ရေးအများကြီးမတွေးဘဲ