Group Tour နဲ့ Private Tour ဘာကွာလဲ ??

ပထဆုံးအချက်ကတော့ လူဦးရေပေါ့နော် .. group tour တွေက တခြားလူတွေနဲ့ ပေါင်းပြီး သွားရတာဖြစ်လို့ လူများတယ် .. private tour ကတော့ ကိုယ်တွေအတွက်ပဲ သီးသန့် စီစဉ်ပေးတာဖြစ်လို့ တစိမ်းတွေနဲ့ အတူတူသွားစရာမလိုဘဲ ပိုလွတ်လပ်တယ် ..

ဒုတိယကတော့ အချိန် .. group tour တွေက သူတို့ သတ်မှတ်ထားတဲ့ရက်ပဲထွက်တာ .. အဲဒီရက်ကို ကိုယ်အားအောင်လုပ်ထားမှအဆင်ပြေမယ် .. Private ကျတော့ ဘယ်နေ့ ဘယိအချိန်သွားချင်လဲဆိုတာ သူများနဲ့ ညှိနေစရာမလိုဘူး .. ကိုယ်အလုပ် အားတဲ့ရက်ကိုထသွားလိုက်ယုံပဲ ..

တတိယတစ်ခုကတော့ .. လည်ပတ်စရာနေရာတွေပါ .. Group နဲ့ကျတော့ ဟိုသွားချင်တယ် ဒီသွားချင်တယ် ရွေးမရဘူး .. အများနဲ့ဖြစ်လို့ အကုန်သွားတဲ့နေရာလိုက်ရပါတယ် .. Private ကျတော့ ကိုယ်မသွားချင်တဲ့နေရာ ချန်ခဲ့ပြီး သွားချင်တဲ့နေရာကို company နဲ့ ပြန်ညှိပြီး စီစဉ်ခိုင်းလို့ရတယ် ..

နောက်ဆုံးတစ်ခုကတော့ စျေးနှုန်းပေါ့နော် .. group တွေကတော့ အပေါ်မှာပြောထားသလို အရမ်း flexible မဖြစ်ပေမဲ့ စျေးနှုန်းကျတော့ သက်သာတယ် .. (ဥပမာ hotel တွေ ဘာတွေဆိုရင်လည်း အများနဲ့ share တည်းရတာမျိုးရှိတယ် .. ) .. Private tour တွေက ကိုယ့်အတွက် သီးသန့်စီစဉ်ပေးရတာမျိုးဖြစ်လို့ စျေးတော့ ပိုများတယ် .. ဒါပေမဲ့ guide က ကိုယ့်ကိုပဲ သီးသန့် service ပေးရတာဖြစ်လို့ အစစအရာရာ အဆင်ပြေအောင် ဝန်ဆောင်မှုပေးလို့ရတယ် .. သွားတဲ့နေရာတိုင်းမှာ ရှင်းပြတာ ၊ ဓါတ်ပုံ video လှလှလေးတွေရိုက်ပေးတာမျိုးက private တွေမှာပဲ ရှိတာပါ ..

ကဲ အဲဒီလိုအချက်အလက်တွေကို compare လုပ်ပြီးရင် ကိုယ် ဘယ်လို ပုံစံမျိုး သွားချင်လဲ စဉ်းစားလို့ရပြီပေါ့ ..

India Private Tour တွေအတွက် အသေးစိတ် သိချင်တာရှိရင် facebook ကနေ လှမ်းမေးလို့ရပါပြီ ..

Leave a Reply

Back to top