Why travel Solo?

တစ်ယောက်တည်း ခရီးတွေ သွားရတာ ပျင်းဖို့ မကောင်းဘူးလားတဲ့ … Emma ကို တွေ့တဲ့လူတိုင်းက မေးကြတယ် (တချို့ကတော့ မကြောက်ဘူးလားပေါ့ သွားနေကျသွားရင် ကြောက်စရာမရှိပါဘူး)

Emma ကတော့ လုံးဝ မပျင်းပါဘူး .. ကိုယ့်အိမ်မှာ နေရင်သာ တစ်သက်လုံး နေခဲ့တဲ့နေရာ ရပ်ကွက် လမ်းတွေ ဒီအတိုင်းပဲမို့ ထူးထူးခြားခြား မရှိဘဲ ပျင်းစရာကောင်းနေတာ .. မရောက်ဖူးတဲ့ နေရာ ဒေသ ရောက်သွားရင် မြင်သမျှ တွေ့သမျှအရာတိုင်းက အသစ်အဆန်းတွေ ချည်းပဲမို့ ပျင်းဖို့တောင် အချိန်မရဘူး .. 😁

ရှုခင်းတွေ ကြည့်မယ် .. မလုပ်ဖူးတဲ့ activities တွေလုပ်မယ် .. လူတွေကို လိုက်ကြည့်တယ် .. သူတို့ ဘာလုပ်ကြလဲ ဘာစားလဲ .. နောက်ပြီး လမ်းမှာ ကိုယ်မတွေ့ဖူးတဲ့ အပင်တွေ ၊ အကောင်လေးတွေကို လိုက်စပ်စုမယ် .. India မှာတုန်းက မြွေပါ တစ်ကောင် တွေ့ဖူးတယ် .. ချစ်စရာ ကောင်းပေမဲ့ အဆိပ်ပြင်းတယ်လို့ ပြောကြတာပဲ

အေးတဲ့ အရပ်ဒေသက ကြောင်တွေက အမွှေးရှည်ပြီး ပိုထူတယ် ၊ India မှာ တွေ့ခဲ့တဲ့ မျောက်နဲ့ .. ဘာလီ ကျွန်းက မျောက်တွေက အရောင် မတူဘူး ရုပ်မတူဘူး 😂

ကမ္ဘာပေါ်မှာ အကောင်အကြီးဆုံး ရှဉ့်မျိုးစိတ်ဖြစ်တဲ့ အမဲနဲ့အညှိုစပ် ရှဉ့်လေးတွေ တွေ့ခဲ့တယ် .. ကမ်းခြေသွားမလား .. ဂဏန်းလိုက်ဖမ်းတယ် .. တွင်းတွေထဲ တုတ်နဲ့ထိုးတယ် .. 😂

ကမ်းခြေတွေက သဲအမျိုးအစား .. အနုအကြမ်း အရောင် တချို့ နေရာတွေမှာဆို ရွှေစ လေးတွေလိုမျိုးပါလို့ ညဖက် မီးရောင် အောက်ဆို ကြယ်တွေလို တလက်လက်ထ နေတတ်တာမျိုး .. တကယ် ပျင်းဖို့တောင် အချိန်မရဘူး ..

ရောက်တဲ့ နေရာက လူတွေနဲ့ မိတ်ဖွဲ့ အတွေ့အကြုံတွေ ဖလှယ်ကြ အတူတူ လျှောက်လည် ၊ စားသောက် ၊ သီချင်းဆို ကကြခုန်ကြနဲ့ .. အရာရာ အားလုံးမေ့ .. ဘာစိတ်ညစ်စရာမှလည်း မတွေးမိတော့ဘူး .. အဲဒါမို့ ခရီးသွားရတာ အရမ်းကြိုက်တယ် ..

တစ်ယောက်တည်းသွားရင် ပိုပြီးတော့ အတွေ့အကြုံ ရတယ် .. ကိုယ့်လက် ကိုယ့်ခြေ ကိုယ်လုပ်ချင်တာလုပ် .. အများနဲ့ ညှိနှိုင်းရတာမျိုး မရှိလို့ ပိုပြီးအဆင်ပြေတယ် Independent ပိုဖြစ်လာတယ် ..

ဒါပေမဲ့ အဲဒီလို ပြောလို့ အစစ အရာရာ အကုန် အဆင်ပြေ ချောမွေ့နေတာတော့ မဟုတ်ဘူးပေါ့ .. တစ်ခါ တစ်လေ ကျတော့လည်း အခက်အခဲလေးတွေရှိတယ် .. အဲဒီအခါကျရင်လည်း Emma ကတော့ စိတ်အေးအေးပဲ ထားပြီး ဖြေရှင်းနိုင်တဲ့ အရာဆိုဖြေရှင်းဖို့ ကြိုးစားတယ် ( problem solving skill ကောင်းလာတယ် ) ..

ကိုယ်တိုင်လုပ်လို့ မရတဲ့ ကိစ္စဆိုရင်လည်း စိတ်ရှည်ရှည် ထားပြီး စောင့်ဆိုင်းရလို့ စိတ်ရှည်တတ်လာတယ် ဒါတွေကလည်း လူတစ်ယောက်မှာ ရှိသင့်တဲ့ soft skill ပဲ .. တခြား management နဲ့ social skills တွေလည်း ပိုကောင်းလာတယ် ..

Introvert လို့ ကိုယ့်ဖာသာကိုယ် ထင်တဲ့ သူတွေလည်း solo trip သွားကြည့်ဖို့ အကြံပေးချင်တယ် .. လူတွေနဲ့ ပြောဆို ဆက်ဆံရာမှာ မကြောက်တော့ဘဲ ပိုပြီး confidence ရှိလာမယ် .. ပြောရမယ်ဆို တစ်ကိုယ်တော် ခရီးသွားခြင်းရဲ့ အကျိုးတွေက ဒီထက်များတယ် ..

တချို့အရာတွေက ပြောပြတာထက် ကိုယ်တိုင် တွေ့ကြုံ ခံစားကြည့်မှ သိနိုင်မဲ့ feeling မျိုးမို့ .. Emma ကတော့ ကိုယ်တိုင် လုပ်ကြည့်ဖို့ပဲ အကြံပေးချင်တယ် .. နောက်ဆုံး တစ်ခုမှာချင်တာက .. ကိုယ့်မှာ အချိန်ရှိတုန်း ငွေရှိတုန်း ခွန်အားရှိတုန်း ခရီးသွားပါ .. နောက် ဆိုတာက မသေချာဘူး အသက်တွေကြီးလာလေ ဒီလို အခွင့်အရေးမျိုးရဖို့က နည်းသွားလေ ဖြစ်မှာပါ ..

ပြီးတော့ ကျန်းမာရေး မကောင်းရင်လည်း ခရီးသွားပြီး ပျော်စရာ ကောင်းမှာ မဟုတ်လို့ .. အခွင့်အရေး ရှိတုန်းလေး သွားကြပါလို့ အားလုံးကို တိုက်တွန်းချင်ပါတယ် .. တခြား သိချင်တာ ရှိတာ ၊ အကူညီလိုတာ ရှိရင် Emma ကို လာမေးလို့ရပါတယ် .. အားလုံးကျေးဇူးပါ

Leave a Reply

Your email address will not be published. Required fields are marked *

Back to top