group တွေထဲမှာ မကြာခဏ မေးကြတဲ့ မေးခွန်းတွေကို တစ်စု တစ်စည်းတည်းဖြစ်အောင် .. ပြန်တင်ပေးထားပါတယ်
နိုင်ငံခြား ခရီးသွားတဲ့အခါ လိုအပ်တဲ့အချက်အလက်တွေ ..
(ဘယ်နိုင်ငံသွားသွား အခြေခံ လိုအပ်ချက်တွေက တူပါတယ် ..)
Passport သက်တမ်း အနည်းဆုံး ၆ လကျန်ရပါမယ်
2. Visa
Visa က ကိုယ်သွားမဲ့ နိုင်ငံအပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ် .. မြန်မာတွေအများစု သွားလေ့ ရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေကတော့ visa ကင်းလွတ်လို့ ကြိုမလျှောက်ပဲ သွားလို့ရပါတယ် ..
* Thailand
* Cambodia
* Laos
* Vietnam
* Singapore
* Indonesia
* Philippines
( ဒါအကုန်တော့ မဟုတ်ပါဘူး အများစု သွားကြတာကို ပြောပြတာပါ … Visa အသေးစိတ်ကိုတော့ သက်ဆိုင်ရာ ပို့စ်မှာ ဖော်ပြထားပါတယ် )
3. Return or Forward Ticket
အပြန်လက်မှတ်ဆိုတာ .. နိုင်ငံထဲက ပြန်ထွက်မဲ့ လက်မှတ်ကိုပြောတာပါ .. ဘယ်ကိုထွက်ထွက်ရပါတယ် .. ဥပမာ ကိုယ်က မြန်မာကို မပြန်ဘဲ တခြားနိုင်ငံ ဆက်သွားမယ်ဆိုရင်လည်း အဲဒီလက်မှတ် ပြရင်ရပါတယ် ..
4. Proof of accommodation
Tourist အများစုကတော့ Hotel မှာပဲ တည်းကြလို့ Booking ဆိုပြီးပြောကြတာပါ .. တကယ်လို့ ကိုယ်က အသိအိမ် မှာတည်းမယ်ဆိုရင်လည်း .. လိပ်စာ အတိအကျနဲ့ အိမ်ရှင်ရဲ့ ဖိတ်ခေါ်စာပါရင် ရပါတယ်
5. Show Money
အဲဒီနိုင်ငံမှာ ကိုယ်သုံးမဲ့ ပမာဏတစ်ခု နိုင်ငံပေါ်မူတည်ပြီးတော့ အကြမ်းဖြင်းပြရင်ရပါတယ် .. စားရိတ်သက်သာတဲ့ နိုင်ငံတွေဆို နည်းနည်း ၊ စားရိတ်ကြီးတဲ့ နိုင်ငံဆိုများများပေါ့ .. ကိုယ်က ဘယ်နှရက်ကြာကြာ နေမှာလဲ .. အဲဒီအတောအတွင်း အသုံးစာရိတ် ခန့်မှန်းခြေ ပြရတာပါ .. (အရမ်းနည်းလည်း အဆင်မပြေသလိုအရမ်းများရင်လည်းမရပါဘူး)
6. Itinerary
အလည်သွားမဲ့ နေရာတွေနဲ.. ခရီးချုပ် အကျဉ်းချုပ်ကို ပြင်ဆင်သွားပါ .. (အမြဲတမ်းတော့မလိုပါဘူး ဒါပေမဲ့ officer ကမေးခဲ့ရင် ပြန်ဖြေဖို့ အဆင်ပြေအောင်ပါ)
ဒီလောက်လိုရင် check in နဲ့ immigration အတွက် အဆင်ပြေပါပြီ
7. Baggage
Baggage တွေက ကိုယ်ဝယ်တဲ့ Airline ရယ် လက်မှတ်အမျိုးအစားရယ်ပေါ်မူတည်ပြီး ခွင့်ပြုတဲ့ ပမာဏမတူပါဘူး ..
Checked baggage (check in ဝင်ရင် တစ်ခါတည်း အပ်ရတဲ့ဟာ) က အများအားဖြင့် 20kg, 25, 30,35 or 40 ထိ အများဆုံးပေးကြပါတယ် .. ပြီးတော့ kg အားလုံးကို တစ်အိတ်တည်းဖြစ်ဖို့ မလိုပါဘူး .. ဥပမာ 20 kg အတွက်ဆို 10 kg .. 2 အိတ်ဆိုရင်လည်း အဆင်ပြေပါတယ် .. (ဒါပေမဲ့ 2 အိတ်ထပ်တော့ပိုလို့မရဘူး ) .. အဲဒီသတ်မှတ်ချက်တွေ အကုန်လုံးက လေယဉ်လက်မှတ်ထဲမှာ ပါပြီးသားပါ .. ဖတ်ကြည့်လို့ရပါတယ် ..
လေယဉ်ပေါ်ကို သယ်သွားရတဲ့ hand-carry or carry on bag တွေကလည်း 7 kg , 9 ,10 or 12 kg အမျိုးမျိုးရှိပါတယ် .. အဓိကကတော့ လေယဉ်ပေါ်က အိတ်ထားတဲ့ နေရာမှာ ထည့်လို့ ဆံ့တဲ့ size အရွယ်အစားဖြစ်ရပါမယ် .. လေယဉ်ကြီးရင်တော့ အိတ်ကိုလည်း ကြီးတာ ခွင့်ပြုတယ် ..
8. ဘယ်ပစ္စည်းတွေကို ဘယ်အိတ်ထဲ ထည့်ရမလဲ
လွယ်လွယ် ပြောရရင်တော့ .. carry on (7 kg) ထဲကို အဝတ်အစားကလွဲရင် တခြားဟာမထည့်တာ အကောင်းဆုံးပါ .. ( cosmetic, skincare တခြားအစားအသောက်တွေ အကြောင်းအသေးစိတ်ပြောရရင် ပို့စ်အရမ်းရှည်သွားမှာမို့ တခြားပို့စ်တစ်ခုခွဲတင်ပေးပါမယ်) .. laptop ဖုန်း နဲ့ တခြား battery ပါတဲ့ လျှပ်စစ်ပစ္စည်းတွေကိုတော့ အိတ်အသေး handbag or backpack လိုမျိုးမှာ ထည့်ပါ .. security check ဖြတ်ရင် ထုတ်ပြီး scan ဖတ်တာမို့ပါ ..
9. နောက်ဆုံးအမေးအများဆုံးမေးခွန်းက .. Immigration ဖြတ်ရင်ရစ်ခံရနိုင်လားဆိုတဲ့ မေးခွန်းပါ ..
အဲဒီအတွက် အဖြေအတိအကျပေးဖို့တော့ခက်တယ် .. အပေါ်မှာပြောထားတဲ့ လိုအပ်ချက်တွေ အားလုံး ကိုယ့်မှာပြည့်စုံတယ်ဆိုရင် ၇၀ ရာခိုင်နှုန်းကတော့ စိတ်ချရပြီ .. ကျန်တဲ့ အပိုင်းက လူတစ်ဦးချင်းစီရဲ့ ပုံစံ အဝတ်အစား၊ စကားအပြောအဆိုနဲ့ travel history ပေါ်မူတည်လို့ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး ..
များသောအားဖြင့် လေဆိပ်တွေမှာ လူထောင်၊သောင်း မက နေ့စဉ်ဝင်နေတာဖြစ်လို့ officer တွေက တစ်ယောက်ချင်း သေချာမစစ်နိုင်ပါဘူး ၊ ပထမ Passport စာအုပ်ကိုကြည့်မယ် .. လူပုံစံကိုကြည့်မယ် .. မေးခွန်းတစ်ခွန်း နှစ်ခွန်းမေးမယ် (အလည်လာတာလား ၊ ဘယ်နှစ်ရက်နေမှာလဲ အဲဒါမျိုးလေးတွေ) … အဲဒီမှာတင် တော်တော်များများကအဆင်ပြေပြီး တုံးထုပြီး pass ပေးလိုက်တာများတယ် ..
ဒါပေမဲ့ တချို့လူပုံစံကလည်း သိပ်မလည်မဝယ် .. မေးခွန်းတွေလည်းသေချာမဖြေတတ်ဘူး .. passport မှာလည်း travel history တွေမရှိဘူးဆိုရင်တော့ .. hotel booking တောင်းကြည့်တာ .. return ticket ပြခိုင်းတာ show money ပြခိုင်းတာတို့လုပ်တာပါ ..
Immigration တွေ ဘယ်လောက်ထိ တင်းကျပ်လည်းဆိုတာကတော့ တစ်နိုင်ငံချင်းစီနဲ့ policy နဲ့လည်းဆိုင်တာမို့ တချို့ နိုင်ငံကြီးတွေဆို ပိုရစ်၊ပိုစစ်တတ်ပါတယ် .. ပုံမှန် ကတော့ အဲလောက်ကြီးမဟုတ်ပါဘူး ..
Emma အတွေ့အကြုံအရတော့ တစ်ခါမှ အရစ်မခံရဖူးဘူး .. စကားတောင်များများ စားစားမပြောဘဲ တုံးထုပေးလိုက်တာများပါတယ် ..
အဓိကကတော့ .. ကိုယ်ကအရင်အဲဒီနိုင်ငံမှာ case တစ်ခုခု ရှိထားတာ၊ black list သွင်းခံထားရတို့ဆိုရင်တော့ မလွယ်ပါဘူး .. ကျန်တာကတော့ အားလုံးအဆင်ပြေပါတယ် ..
တခြားထပ်ပြီး မေးခွန်းတွေ သိချင်တာရှိရင်လည်း comment ရေးခဲ့လို့ရပါတယ် .. အရေးကြီးတာတွေဆိုရင် ပို့စ်မှာ ထပ်ဖြည့်ပြီးတင်ပေးပါမယ် အားလုံးကို ကျေးဇူးပါ