Bucket list

တစ်ကမ္ဘာလုံး sit တွေဖြစ်ကြတော့ စဉ်းစားမိတာ မthayခင်မှာ ဘာလုပ်သွားချင်လဲပေါ့ ..

ရယ်စရာပြောတာမဟုတ်ဘူးနော် ..

လူဆိုတာကတော့ အခုမthay လည်း နောက်thay မှာ .. sitကြောင့် မဟုတ်လည်း တခြားကြောင့် .. ၉၆ပါး ရောဂါ အများကြီးပဲ ဖြစ်နိုင်တာတွေ .. စောတာနဲ့ နောက်ကျတာပဲကွာတာ ..

bucket list လေးပေါ့ ..

အခုမှမဟုတ်ဘူး အဲဒီ list က အမ်မာ့မှာ အရင်ကတည်းကရှိိတယ် .. လုပ်ချင်တာတွေလုပ်ပြီး ပျော်ပျော်ကြီးနေသွားမယ်ပေါ့ .. list ထဲက တချို့ဟာတွေဆို လုပ်ပြီးပြီ .. တက်တူးထိုးတာ .. တောင်တက်တာ .. adventure activities တွေလုပ်တာ .. Scuba diving လိုမျိုး .. အိတ်တစ်လုံးနဲ့ ခြေဦးတည့်ရာ လျှောက်သွားတာ .. ပိရမစ်တွေကိုသွားကြည့်တာ (မြင်ရတော့လည်း ဘာမှမဟုတ်ဘူး 😂)

တချို့အရာတွေကတော့ ကျန်သေးတယ် .. skydiving လုပ်တာ ..(ကြောက်နေသေးလို့ အချိန်ယူနေတာ) .. EU ထဲကို backpacking သွားတာ .. Madagascar ကာတွန်းကားထဲက အကောင်လေးတွေ အပြင်မှာ မြင်ဖူးချင်တာ .. ရေခဲတောင်သွားချင်တာ (အဲဒါကတော့ နောက်နှစ်ထဲ သွားဖို့ရည်ရွယ်ထားတယ်)

Bucket list ဆိုတာ လူတိုင်းမှာ ရှိသင့်တဲ့အရာပါ .. list ထဲမှာ ပါတဲ့ အရာတွေ အားလုံး လုပ်ကို လုပ်ရမယ်လို့တော့ မဆိုလိုဘူး .. တချို့ကတော့ ဖြစ်နိုင်ချေနည်းလွန်းတယ် .. ဒါပေမဲ့ ဘာဖြစ်လဲ .. ဖြစ်နိုင်မဲ့အရာကို အရင်လုပ်ပေါ့ .. list ထဲက တစ်ခု checked ☑️ ဖြစ်သွားတိုင်း ဘဝကြီးက အဓိပ္ပါယ်ပိုရှိလာတယ် ..

မဖြစ်နိုင်ဘူး အရူးထတာလို့မတွေးနဲ့ ကိုဗစ်တုန်းကလည်း ဖြစ်မယ်ဆိုတာ ဘယ်သူမှ ကြိုမသိဘူး .. ပြင်ဆင်ချိန်မရှိဘဲ ဆုံးရှုံးလိုက်ရတာတွေအများကြီးပဲ .. အဲဒီတော့ လက်ရှိအချိန်က အသေချာဆုံးပဲမို့ .. ဖြစ်ချင်တာတွေ အခုပဲစလုပ်တော့မယ် 😊 ..

Leave a Reply

Your email address will not be published. Required fields are marked *

Back to top