စိတ်စွမ်းအင်ဆိုတာ တကယ်ရှိတယ် ..

အဲဒါကြောင့်ပဲ meditation လုပ်ပြီး တရားထူးတရားမြတ်ရ သွားတဲ့သူတွေလည်းရှိတာပေါ့ .. အခုပြောနေတာ “ဘာသာရေးခေါင်းစဉ်”တစ်ခုအောက်ကမဟုတ်ဘူးနော် .. အကောင်းမြင်စိတ်ထားတဲ့သူဆီကို ကောင်းတဲ့အရာတွေလာတယ် ၊ မကောင်းမြင်စိတ်များတဲ့သူဆီကို မကောင်းတဲ့အရာတွေလာတယ်ဆိုတာ “တိုက်ဆိုင်မှု”သက်သက်မဟုတ်ဘူး .. စိတ်စွမ်းအင် (တနည်းအားဖြင့်) လူတွေရဲ့ဦးဏှောက် မှတ်ဥာဏ်ဖွဲ့စည်းပုံက အံ့ဩစရာကောင်းတာကိုပြောပြတာပါ .. အဲဒါကြောင့်လည်း ရောဂါတစ်ခုခုဖြစ်ရင်တောင် အဲဒီလူနာရဲ့ “စိတ်ကျန်းမာရေး” ဘယ်လောက်ထိ strong ဖြစ်လဲဆိုတာ အရေးကြီးကြောင်း ဆရာဝန်တွေ အမြဲတမ်းပြောလေ့ရှိတယ် .. ခုနောက်ပိုင်း westerners တွေကြားမှာ ပိုရေပန်းစားလာတဲ့ အကြောင်းအရာက တရားထိုင် တာပါပဲ…

Stone stacking

Stone stacking

ဒီလို ကျောက်တုံးလေးတွေ အဆင့်ဆင့် ထပ်စီထားတာကို Stone stacking (cairns) လိုခေါ်ပါတယ် .. တချို့ကလည်း stones castle ပေါ့ .. အဲဒီလို ကျောက်တုံးလေးတွေ ပြိုမကျသွားအောင် စီ ရီ ထားပုံက .. လူ့ဘဝရဲ့ အရေးကြီးတဲ့ “ဟန်ချက်ညီမျှမှု ၊ သဟစာတဖြစ်မှု” ကို ကိုယ်စားပြုပြီးတော့ .. စိတ်ငြိမ်အောင်လေ့ကျင့်တဲ့ အနေနဲ့လည်း လုပ်ကြတယ် .. နောက်တစ်ချက်အနေနဲ့လည်း သဘာဝတရား နဲ့ပိုပြီးနီးစပ်စေဖို့အတွက် ရည်ရွယ်ကြပါတယ် .. ဟိမဝန္တာဒေသမှာရှိတဲ့ တိဘက်၊ဘူတန်၊နီပေါ…

စျေးအမှန်အတိုင်းပြောကြလားဟင် ..

ကိုယ်ကတော့ သက်သာစေချင်လို့ အမှန်အတိုင်း သက်သာတဲ့ စျေးပြောလိုက်တာပဲ .. ဒါပေမဲ့ သူကတစ်ဖက်မှာ စျေးကြီးမိသွားလို့ မပျော်နိုင်ဘူးဖြစ်သွားတော့ ကိုယ်ပါစိတ်ထဲမကောင်းဘူး .. မပြောလိုက်မိရင်ကောင်းသားလို့ တွေးနေတာ .. အခု hostel မှာတွေ့တဲ့ Brazil ကကောင်မလေးပေါ့ .. မနက်ဖြန် ရေတံခွန်သွားမှာတဲ့ ပြောလို့ .. ငါကသွားပြီးသွားပြီ မနေ့ကပဲဆိုတော့ .. “ဘယ်လိုသွားတာလဲ ဘယ်လောက်ကုန်လဲတဲ့ “? Bus နဲ့သွားတာ အသွားအပြန် ဝင်ကြေးနဲ့မှ 200k .. (less than 10$)…

ဝါသနာပါတာလုပ်ရမလား ?ပိုက်ဆံရတာလုပ်ရမလား ?

အမ်မာနဲ့ သိတဲ့ လူငယ်လေးတွေတော်တော်များများ မေးတဲ့မေးခွန်းလေး .. ဒီနေ့ခေတ်မှာတော့ အကြောင်းကြောင်းကြောင့် ဝါသနာပါရာ အလုပ်ကို လုပ်နိုင်ကြတဲ့ သူတော်တော်နည်းသွားပါပြီ .. လူတချို့လောက်ပဲ ရပ်တည်နိုင်ကြတာ .. အမ်မာ ပြန်ပြောဖြစ်တာကတော့ အဓိကက ကိုယ့်ရဲ့မိသားစု အခြေအနေကို ကြည့်ဖို့ပါပဲ .. အိမ်က အရမ်း မချမ်းသာရင်တောင် စားနိုင် သောက်နိုင် .. ကိုယ်မထောက်ပံ့လည်း ရပ်တည်နိုင်တဲ့ အနေအထားဆိုရင်တော့ ဝါသနာပါရာကိုပဲလုပ်ပါ .. (ကိုယ့်ကိုတော့ ပြန်မထောက်ပံ့ခိုင်းနဲ့ တစ်ယောက်ထဲက ငတ်ငတ် ပြတ်ပြတ် ပြသနာမရှိဘူး …..

Torna Fort

Torna Fort

India ရဲ့ မြို့တွေအထင်ကရနေရာတွေမှာတင်မကဘဲ အခုလို တောထဲတောင်ထဲမှာလည်း ခံတပ်ရဲတိုက်ကြီးတွေရှိတယ် .. Local တွေကတော့ အခုလိုမိုးရာသီဆို အဲဒီလိုခံတပ်ကြီးတွေရှိတဲ့ဆီ trekking သွားကြလေ့ရှိတယ် .. ဘာဖြစ်လို့မိုးရာသီမှသွားလဲဆိုတော့ အပင်တွေကစိမ်းစိမ်းစိုစိုနဲ့ .. လမ်းတစ်လျှောက်လည်း ရေတံခွန်တွေ စမ်းချောင်းတွေနဲ့ အရမ်းကိုလှနေလို့ပေါ့ .. (နွေရာသီဆိုရင်တော့ ခြောက်ကပ်ကပ်နဲ့ သိပ်မလှဘူး) ဒီနေရာလေးကတော့ Maharashtra ပြည်နယ်ထဲမှာရှိတဲ့ .. Torna Fort လို့ခေါ်တဲ့ ခံတပ်နေရာလေးဖြစ်ပါတယ် .. ကားနဲ့ အနီးဆုံးနေရာထိ သွားလို့ရပေမဲ့ .. တမင်ကို trekking…

ဘာသာပြန် သူငယ်ချင်း

ဘာ language နဲ့ပဲပြောပြော ဘာသာလိုက်ပြန်ပေးတတ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ် .. ခရီးတူတူသွားတော့ မှ သူ့အကြောင်းသိတာ .. တစ်ယောက်ယောက်က English လိုပြောရင် ကိုယ့်ကို မြန်မာလို ပြန်ရှင်းပြတယ် .. ထိုင်းလိုပြောရင်လည်း သူ့ကိုယ့်ကို ဘာသာပြန်ပေးတယ် တရုတ်လို လာပြောရင်လည်း သူထင်တာ သူဘာသာပြန်လိုက်တာပဲ .. နောက်ဆုံး ကုန်ကုန်ပြောရရင် .. ဘာသာစကား မပေါက်လို့ ခြေဟန်လက်ဟန်နဲ့ သူများက လုပ်ပြရင်တောင် .. အဲဒီသူ ဘာပြောနေလဲဆိုတာ သူ့ကကိုယ့်ကို ပြန်ပြောပြသေးတာ .. အဲဒီဘာသာစကားတွေ…

မိန်းကလေးတစ်ယောက်တည်းမို့ ခရီးသွားဖို့

“မိန်းကလေးတစ်ယောက်တည်းမို့ ခရီးသွားဖို့အိမ်ကမလွှတ်လို့” ဆိုတဲ့ညီမလေးတွေ အတွက် .. အမ တုန်းကလည်း အိမ်ကလွှတ်လို့သွားတဲ့ ခရီးဆိုတာ တစ်ခါမှမရှိခဲ့ဖူးဘူး .. ငယ်ငယ်လေးတုန်းက အိမ်ရှေ့မှာပဲဆော့ ဆိုရင် ၂ လမ်းကျော်ကိုရောက်သွားပြီ .. နည်းနည်းကြီးလာတော့ စက်ဘီးတစ်စီးနဲ့ ရပ်ကွက်ထဲပတ်တာ အိမ်က အဝေးကြီးမသွားနဲ့ဆိုတာကို .. တခြား မြို့နယ်တွေပါရောက်တယ် အထက်တန်းအရွယ်လောက်လည်း ရောက်ကော .. bus ကားလေး စီးတတ်ပြီဆိုတော့ ရန်ကုန် တစ်မြို့လုံးနှံ့ကော .. ကိုယ်တင်မကဘူး တခြား ကလေးတွေကိုပါ သူတို့အိမ်တွေက မသိအောင် ခေါ်သွားသေးတာ…

ဗုဒ္ဓဂါယာ (မိသားစုသီးသန့် ခရီးစဉ်)

အမ်မာ private tour လေးတွေ လုပ်ရတဲ့ ရည်ရွယ်ချက်က .. မိသားစု၊ သူငယ်ချင်း မိတ်ဆွေတွေ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါး ခရီးသွားလို့ရအောင်ပါ .. ကိုယ်သွားချင်တဲ့ အချိန်သွားလို့ရတယ် .. ကိုယ်သွားချင်တဲ့နေရာ သွားမယ် .. ကိုယ် သုံးချင်တဲ့ budget ပေါ်မူတည်ပြီး hotel/အစားအသောက် ရွေးချယ်လို့ရပါသေးတယ် .. ခရီးစဉ်တွေအားလုံးက India ကနေ စမှာ ဖြစ်တဲ့အတွက် .. လက်ရှိ ဘယ်နိုင်ငံမှာပဲနေနေ .. အိန္ဒိယကို ကိုယ်တိုင် လေယဉ်လက်မှတ်ဝယ်ပြီး…

အချစ်ဆိုတာ .. ချစ်နေတာလေးပဲ ..

“တစ်ဘဝလုံးစာ တစ်ယောက်တည်းချစ်တယ်” ဆိုတဲ့ဟာကိုတော့ အယုံကြည်မရှိဘူး .. လူတိုင်းရဲ့ ဘဝမှာ တစ်ယောက်ထပ်မကတော့ ချစ်ဖူးခဲ့တာချည်းပဲ .. ဒါပေမဲ့ ချစ်တဲ့ lvl အနေအထားခြင်းတော့ မတူနိုင်ဘူးပေါ့လေ .. တစ်ချို့ကျတော့လည်း ချစ်သူရည်စားအဆင့်ထိ ရောက်တာရှိသလို .. တချို့တွေကျတော့ ကျိတ်ချစ် crush နေတဲ့ အနေအထားမှာတင် ပြီးဆုံးသွားတဲ့ ဇာတ်လမ်းတွေလည်း ရှိတာပေါ့ .. အိမ်ထောင်ဖက် လက်တွဲဖော်ကျတော့ .. “အချစ်”ဆိုတာထက် .. နှစ်ဦးနှစ်ဖက် အတူနေဖို့ အဆင်ပြေလို့ ရွေးချယ်ကြတာများတယ် .. ဒါပေမဲ့…

Google map က ဆေး

Google map က ဆေးထိုးတာ ခဏခဏကြုံဖူးပေမဲ့ … Egypt မှာတုန်းကတော့ အဆိုးဆုံးပဲ … ပိရမစ်တွေအများကြီးရှိပေမဲ့ .. Giza pyramid garden ထဲက ပိရမစ်တွေလောက်ပဲ အပြင်လူပေးဝင်တာ .. ကျန်တာတွေက ဝင်ခွင့်မရှိဘူး .. ကန့်သတ်ထားတယ် .. (ဇာတ်လမ်းတွေထဲကလို ရတနာသိုက်ရှိလို့လားတော့မသိ ) အဲဒါကို ကိုယ်ကလည်း စပ်စပ်စုစု မြေပုံမှာရှာပြီး လူမသွားတဲ့နေရာတွေလျှောက်သွားတာ .. ဖုန်းကြည့်ပြီး ငိုက်စိုက် ငိုက်စိုက်နဲ့ ကန့်သတ်နယ်မြေထဲဝင်သွားတာ .. စစ်တပ် အစောင့်ချထားတာ…

Back to top