ဒီတစ်ခါမှာတော့ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း .. လာအိုနယ်စပ်နားမှာရှိတဲ့ phong nha cave လှိုဏ်ဂူကြီး အကြောင်း အလည်သွားရင်းနဲ့ ပြောပြပေးမယ်နော် ..
Phong Nha Cave ဆိုတာကတော့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး လှိုဏ်ဂူကြီးတွေထဲက တစ်ခု ဖြစ်ပြီးတော့ အထဲမှာရှိတဲ့ ထုံးကျောက် ကျောက်စက်ပန်းဆွဲတွေဟာ ခန်းမှန်းခြေ နှစ်သန်းပေါင်း ၄၀၀ ကျော်လောက် သက်တမ်းရှိပါတယ် ..
တစ်ချိန် တစ်ခါတုန်းက Cham လူမျိုးတွေ နေထိုင်ခဲ့ကြပြီး ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ ဘာသာရေး အဆောက်အဦးနေရာအနေနဲ့ အသုံးပြုခဲ့ကြတာပါ ..

Phong nha cave ထဲမှာရှိတဲ့ မြေအောက်မြစ်ဟာဆိုရင်လည်း ကမ္ဘာ့အရှည်ဆုံး မြေအောက်မြစ်တွေထဲက တစ်ခုဖြစ်တာကြောင့် .. နာမည်ကြီး လူကြိုက်များပြီး ..
UNESCO World Heritage Site အဖြစ်လည်း ၂၀၀၃ ခုနှစ်မှာ စာရင်းဝင်ခဲ့တာကြောင့် ..
ကမ္ဘာအရပ်ရပ်က ခရီးသွားတွေ နှစ်စဉ် လာရောက် လည်ပတ်ကြတဲ့ နေရာတစ်ခုပါ ..
Phong nha cave ကို သွားရောက် လည်ပတ်မယ်ဆိုရင်တော့ ခရီးသည်တွေက လှေစီးပြီး ဝင်ရောက်လည်ပတ်ကြရမှာပါ ..
လှိုဏ်ဂူရဲ့ အရှည်ဟာ ကီလိုမီတာ ၄၀ ကျော်ရှည်လျားပေးမဲ့ boat tour တွေအများစုကတော့ လှိုဏ်ဂူရဲ့ အစပိုင်း 1 km လောက်ကိုပဲ ဝင်ရောက် လည်ပတ်ပေးတာမို့ 2 နာရီကျော်ကျော်လောက်ပဲ အချိန်ပေးရပါတယ် ..
အစအဆုံး သွားချင်ရင်တော့ multiple days tour တွေရှိပါတယ် .. လှိုဏ်ဂူထဲမှာပဲ ညအိပ်ပြီးတော့ camping
လုပ်ရတဲ့ tour လိုမျိုးပါ .. အဖော်ကောင်းရင်တော့ တစ်ခေါက်လောက် အဲဒီလို သွားချင်သေးတယ် ..
အခုကတော့ တစ်ယောက်တည်းမို့ နေ့ချင်းပြန် tour နဲ့ပဲ ကျေနပ်လိုက်ရတယ်ပေါ့နော် .. ဒါပေမဲ့လည်း တကယ်ကို သွားရကျိုးနပ်တဲ့ tour တစ်ခုပါ .. ဗီယက်နမ်ရဲ့ တခြားနေရာတွေလောက်လည်း လူဦးရေ မထူထပ်တာမို့ .. Emma တို့လို နားအေး ပါးအေး လည်ပတ်ချင်သူတွေအကြိုက်ဖြစ်မှာပါ ..
Phong Nha cave ကို လည်ပတ်ချင်ရင်တော့ .. March လလောက်ကနေ August လလောက်ထိပဲ အဆင်ပြေပါတယ် .. လှိုဏ်ဂူထဲမှာ ရှိတဲ့ ရေအောက်မြစ်က မိုးရာသီမှာ ရေမျက်နှာပြင် မြင့်တက်တတ်တာကြောင့် .. မိုးတွင်းဆို သွားလို့ မရပါဘူးနော် ..
Adventure လုပ်ရတာ သဘောကျတဲ့ သူတွေကတော့ phong nha ကို ရောက်အောင်သွားပြီး multi days caving tour တွေ လုပ်ကြည့်ကြပေါ့နော် .. အမ်မာလည်း အဆင်ပြေရင် join ချင်သေးတယ် ..
တခြားသိချင်တာလေးတွေ ရှိရင်တော့ comment မှာ မေးသွားလို့ရပါတယ် .. ![]()

