India
နဲ့ Nepal
ရေခဲတောင်ကြည့်ချင်ရင် ဘယ်ကိုသွားရမလဲ လာမေးကြလို့ ..
အောက်ကအချက်လေးတွေ ကြည့်ပြီး ကိုယ်နဲ့အဆင်ပြေတာကိုယ်ရွေးချယ်ပါ ..
* အဝေးကနေပဲကြည့်မှာလား .. တောင်ပေါ်ထိ ရောက်ချင်တာလား ..
*တောင်ပေါ်ထိဆိုရင် trekking သွားနိုင်လား ဒါမှမဟုတ် helicopter
နဲ့သွားမှာလား ..
* ဘယ် season မှာသွားမှာလဲ
* အပင်ပမ်းခံနိုင်လား .. အေးအေးဆေးဆေး သက်တောင့်သက်သာ သွားချင်လား ..

အမ်မာ India နဲ့ Nepal ကို အကြိမ်ကြိမ်ရောက်ဖူးပါတယ် .. ကိုယ့်အတွေ့အကြုံအရကတော့ ..
နီပေါက လမ်းပမ်းဆက်သွယ်ရေးမကောင်းဘူး တောင်ပေါ်လမ်းတွေမို့ လမ်းဆိုးတယ် .. လူပင်ပမ်းတယ် .. ရေခဲတောင်ပေါ်ထိ ကားလမ်းမပေါက်ဘူး ..
အဲလိုဆိုတော့ အပင်ပမ်းခံနိုင်တဲ့ လူငယ်ပိုင်း ကျန်းမာရေးကောင်းတယ် .. trekking သွားချင်တဲ့သူတွေနဲ့ ပိုသင့်တော်တယ် ..
ဒါမှမဟုတ်ရင် Helicopter နဲ့သွား စျေးတော့များတယ် ..
India ကတော့ ရေခဲတွေရှိတဲ့နေရာအထိ ကားလမ်းတွေရှိတယ် .. လူကြီး လူငယ် ကလေး အရွယ်မရွေးသွားလို့ရတယ် .. cable car နဲ့ သက်တောင့်သက်သာရှိတယ် .. ဒါပေမဲ့ သူက season ချိန် December လောက်ကနေ April လောက်ထိပဲ နှင်းတောင်ပေါ်ထိ ရောက်မှာ .. ကျန်တဲ့အချိန်တွေဆို အဝေးက လှမ်းမြင်ရတဲ့ အနေအထားမျိုးမှာတော့ နှင်းတောင်တွေရှိတယ် .. အဲဒါကြောင့်မို့ အပင်ပမ်းမခံနိုင်ဘူး .. နှင်းတောင်ပေါ်ထိ တက်ပြီး ဆော့ကစားချင်ရင် India သွားပါ ..
Adventure သမားတွေ တောင်တက်သမားတွေ နဲ့ extreme experience လိုချင်ရင်တော့ Nepal သွားပါ ..
လေယဉ်ကလည်း အိန္ဒိယဆိုရင် မြန်မာကရော နိုင်ငံအများစုကနေ ဒေလီထိ တိုက်ရိုက်လေယဉ်ရှိပါတယ် .. ရေခဲတောင်ရှိတဲ့နေရာကိုတော့ local flight တဆင့်ထပ်စီးရတယ် .. နီပေါကတော့ မြန်မာက တိုက်ရိုက်မရှိဘူး .. အနီးဆုံး ဘန်ကောက်ကနေဆိုရင်တော့ လေယဉ်တွေရှိတယ် .. အဲဒါလည်း Kathmandu အထိပဲ .. ရေခဲတောင်သွားချင်ရင် helicopter ထပ်စီးရတယ် ..
ကဲ အခုတော့ ကိုယ်နဲ့ဘာသင့်တော်မလဲ စဉ်းစားလို့ရပြီလား .. ဘယ်နေရာလေးတွေ သွားချင်လဲ ပြောပြခဲ့ဦးနော် .. ![]()
