Istanbul မှာရှိတဲ့ ဒီ Galata Tower ကို လူတိုင်းသိကြမယ်လို့ထင်ပါတယ် ..
Social Influencers တွေ Travel Vloggers တွေအများစုရဲ့ ဓါတ်ပုံတွေ ဗီဒီယိုတွေထဲမှာ နည်းမျိုးစုံနဲ့ ပါလာတတ်တယ် .. တချို့ကလည်း rooftop စားသောက်ဆိုင် တွေမှာ ဂါဝန်အရှည်ကြီးတွေ နဲ့ စင်ရော်ငှက်တွေနဲ့ ရိုက်ကြတာပေါ့ ..
တူရကီကို အလည်အပတ်သွားကြတဲ့ သူတိုင်းလည်း မဖြစ်မနေ သွားလေ့ရှိတဲ့ နေရာတစ်ခုပါ .. သူကတော့ ဥရောပဖက် အခြမ်းမှာ ရှိပြီးတော့ Galata Bridge, Taksim Square တို့နဲ့လည်းနီးပါတယ် ..
ရောမအင်ပါယာ ခေတ်တုန်းက မီးပြတိုက် တစ်ခုအနေနဲ့ တည်ဆောက်ခဲ့ပြီးတော့ နောက်ပိုင်းမှာတော့ အော်တိုမန်အင်ပါယာ တည်ထောင်ပြီး .. သင်္ဘောငယ်လေးတွေကို ကင်းစောင့်ကြည့်တဲ့ Watchtower အနေနဲ့ရော အကျဉ်းထောင် အနေနဲ့ကော အသုံးပြုခဲ့ပါတယ် ..
19 ရာစု နှောင်းပိုင်းရောက်တော့ ပြန်လည်ပြုပြင် ထိန်းသိမ်းပြီး စစ်တပ်နဲ့ အစိုးရလုပ်ငန်းတွေမှာ အသုံးပြုခဲ့ပါတယ် .. ယနေ့ခေတ်မှာတော့ အခုလို ခရီးသွားတွေ စိတ်ဝင်စားခဲ့ရတဲ့ နာမည်ကျော် နေရာလေးတစ်ခုဖြစ်လာပါတော့တယ် ..
နေ့စဉ်နဲ့အမျှလူပေါင်းများစွာဟာ Galata Tower ကို လာရောက် လေ့လာကြပြီးတော့ .. မျှော်စင်အပေါ်ကို တက်ဖို့ စိတ်အားထက်သန်စွာ တန်းစီစောင့်ကြပါတယ် .. အမ်မာလည်း အပေါ် တက်ကြည့်ချင်ပေမဲ့ စောင့်ရမဲ့ လူတန်းအရှည်ကြီးကြောင့် မတက်ဖြစ်လိုက်ပါဘူး .. အပေါ်ကနေ Instanbul တစ်မြို့လုံးနဲ့ ပင်လယ်ပြင်ကြီးကို ကြည့်ရတဲ့ ရှုခင်းကတော့ အရမ်းလှတယ်လို့ ပြောကြပါတယ် ..
အဲဒီ မျှော်စင်နဲ့ ပတ်သတ် ရောမသားတွေရဲ့ ယုံကြည်ချက် တစ်ခုကတော့ .. ချစ်သူစုံတွဲတွေဟာ နှစ်ယောက်လုံး ပထမဆုံး အနေနဲ့ မျှော်စင်ပေါ်ကို အတူတူ တက်ခဲ့မယ်ဆိုရင် .. ပေါင်းဖက်ရမယ်လို့ ယုံကြည်ကြပါတယ် .. တကယ်လို့ တစ်ယောက် ယောက်ကသာ အရင်တုန်းက တက်ခဲ့ဖူးတယ်ဆိုရင်တော့ သူတို့အချစ်ရေးက ကျိိန်စာ သင့်ပြီးတော့ ပျက်ဆီးမှာပါ .. နောက်ပြီးတော့ ဖူးစာမပါတဲ့ စုံတွဲတွေ သွားမယ်ဆိုရင်တော့ အခက်အခဲတစ်ခု မဟုတ် တစ်ခုကြုံရပြီး သွားမဲ့ အစီအစဉ် အထမမြောက်ဘဲ ဖြစ်တတ်ပါတယ် .. Galata Tower ဟာ ဖူးစာမပါတဲ့ ချစ်သူတွေကို လက်မခံဘူးဆိုတဲ့ သဘောပေါ့ ..
အဲဒါကြောင့်မို့ထင်ပါတယ် .. အမ်မာသွားတုန်းက မျှော်စင်ပေါ် တက်ဖို့ စောင့်နေကြတဲ့ လူအများစုက စုံတွဲတွေပါ
ကဲ အဲဒီယုံကြည်မှုတွေဟာ တကယ် ဖြစ်ဖြစ် မဖြစ်ဖြစ် .. Instanbul ဟာ ပျားရည်စမ်း ထွက်လာတဲ့ စုံတွဲတွေ အများစု လာရောက် လည်ပတ်ကြတဲ့ နေရာဆိုတာကတော့ မမှားပါဘူး .. မယူရသေးတဲ့ စုံတွဲတွေလည်း pre wedding တွေ လာရိုက်ကြတာ အများကြီးပါပဲ .. မြို့လေးကလည်း အရမ်းလှပြီး ကဗျာဆန်နေပြီးတော့ .. အာရှတိုက်နဲ့ ဥရောပ တိုက် .. နှစ်ခုကို ဆက်သွယ်ပေးထားတဲ့ နေရာ ဖြစ်တာကြောင့် .. သွားရောက် လည်ပတ်သင့်တဲ့ နေရာလေး တစ်ခုပါပဲ ..
အမ်မာ တူရကီကို solo trip သွားတာ တစ်လ နီးပါး နေခဲ့တာကြောင့် အတွေ့အကြုံလေးတွေကို ပို့စ်လေးတွေ ခွဲခွဲပြီး တင်ပေးထားတာ ဝင်ကြည့်လို့ရပါတယ် .. တခြား စိတ်ဝင်စားတာ ရှိခဲ့ရင်လည်း messenger or comment section မှာ မေးမြန်းလို့ရပါတယ်ရှင့် ..