Ankara – The Capital City of Turkey

Ankara ဆိုတာကတော့ Turkey နိုင်ငံရဲ့ မြို့တော်ပါ .. မြို့တော်ဆိုတဲ့အတိုင်း စီးပွါးရေးလုပ်ငန်းတွေ ၊ ရုံးလုပ်ငန်းတွေ အဓိကထားလုပ်ကိုင်ကြပြီး လည်စရာ ပတ်စရာ နေတာလည်း သိပ်မရှိတာကြောင့် Tourist ခရီးသွားနည်းတဲ့နေရာတစ်ခုပါ ..

Emma ကတော့ မြို့တော်ကို ခဏဝင်ကြည့်ချင်တာကြောင့်ရော ..လမ်းလည်းကြုံနေတာကြောင့် Ankara မှာ တစ်ရက်နေခဲ့ပါတယ် ..

Turkish Leader တွေရဲ့ ဂူဗိမ္မန်ဖြစ်တဲ့ Anitkabir ကို သွားရောက် လေ့လာချင်ပေမဲ့ Emma နေတဲ့ တစ်ရက်လုံး မိုးတွေသည်းနေတာကြောင့် မသွားခဲ့ရပါဘူး .. ညနေစောင်းလို့ မိုးတိတ်တဲ့အချိန်ကျမှ .. Emma တည်းတဲ့နေရာနဲ့ အနီးမှာရှိတဲ့ 50th year park ကို သွားလည်ခဲ့ပါတယ်

တောင်ကုန်းလေးပေါ်မှာ တည်ရှိတာကြောင့် .. sunset view point လေးလည်းဖြစ်ပြီးတော့ မြို့ထဲကို မြင်ရတဲ့ ရှုခင်းကလည်း အရမ်းကို လှပါတယ် .. သစ်ပင်တွေ ပန်းကလေးတွေနဲ့ အရမ်းကို စိတ်ကြည်နူးဖို့ကောင်းပြီးတော့ ပန်းခြံထဲ ကစားနေကြတဲ့ ကလေးတွေနဲ့အတူတူ black berriesတွေလည်း ခူးစားခဲ့ပါသေးတယ် ..

Turkey နိုင်ငံကို အလည်သွားမဲ့သူတွေအတွက် Emma အကြံပေးချင်တာကတော့ .. Emma လို အချိန်တွေ အများကြီးမရရင်တော့ Ankara ကို ကျော်သွားလို့ရပါတယ် .. တခြား ဒီထက် လှပြီးတော့ လည်စရာများတဲ့ မြို့မှာ အချိန်ပိုနေလိုက်တာက .. ပိုပြီး Time & Cost Effective ဖြစ်လို့ပါ ..

Emma Sharing လုပ်ပေးခဲ့တဲ့ Information လေးတွေက အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ် ..

Leave a Reply

Back to top