၁။ ပထမဦးဆုံး မိုးလေဝသကို တစ်ပတ်စာ ကြိုကြည့်ပြီး ရာသီဥတုသာယာတဲ့ရက်ကို သွားတာအကောင်းဆုံးပါ .. မိုးရွာနေရင်တော့ လုံးဝပျံလို့မရပါဘူးနော် ၂။ မိုးမရွာဘူးဆိုရင်တောင် လေတိုက်နှုန်းမြင့်နေရင်လည်းပျံလို့မရပါဘူး အဲဒါကတော့ ကြိုပြီးတော့ ခန့်မှန်းလို့မရတဲ့ အခြေအနေမို့ ဆုတောင်းရမှာပဲ .. တကယ်လို့မီးပုံးက ပျံခါနီး last minute မှာတောင် ရာသီဥတု ရုတ်တရက်ပြောင်းသွားခဲ့ရင် အကုန်လုံး cancel ပြန်လုပ်ပါတယ် .. ဒါကတော့ safety first ပေါ့နော် ၃။ ရာသီဥတုကိုတော့ စစ်ပြီးပြီ စျေးနှုန်းကိုရော ဘယ်လိုစစ်လို့ရမလဲ …..
ဘဝမှာ တစ်ကြိမ်တစ်ခါတော့ စမ်းကြည့်သင့်တဲ့ မီးပုံးပျံစီးတဲ့ အတွေ့အကြုံလေးကို ပြန်ပြီး sharing လုပ်ပေးချင်ပါတယ် … စစချင်းကတော့ Emma လည်း မီးပုံးပျံစီးဖို့ အစီအစဉ်မရှိခဲ့ပါဘူး .. ဒါပေမဲ့ Cappidocia တောင်ကြားရဲ့ အရမ်းလှပတဲ့ ရှုခင်းတွေက ဆွဲဆောင်လို့ စီးဖြစ်သွားတာပါ … မီးပုံးပျံတွေက လေတိုက်တဲ့လမ်းကြောင်းအတိုင်း ပျံသန်းရတာပါ .. ကိုယ်သွားချင်တဲ့ direction ကိုရွေးလို့မရပါဘူး .. အမြင့်တစ်သတ်မှတ်တည်း ပျံတာမဟုတ်ဘဲ .. နိမ့်လိုက် မြင့်လိုက်နဲ့ဆိုတော့ မတူညီတဲ့ ပုံစံနဲ့ မြင်ကွင်းအမျိုးမျိုးမြင်ရတာပေါ့နော် …..