ဟိုတလောတုန်းက ပိတ်ထားတဲ့ သီရိလင်္ကာ Evisa လျှောက်တဲ့ website လေး ပြန်ဖွင့်နေပါပြီ ..
သွားမဲ့သူ ကိုယ်တိုင် လျှောက်လို့ရပါတယ် .. Agent မလိုပါဘူး .. Personal Details လေး ဖြည့် .. ကိုယ်သွားမဲ့ရက် တည်းမဲ့ လိပ်စာလေးနဲ့ဆို အဆင်ပြေပါတယ် .. တခြား စာရွက်စာတမ်းတွေ ဘာမှ မလိုပါဘူး ..

(Website Link ကို comment မှာ ချပေးထားပါမယ်)
Payment ကိုတော့ visa/master card တွေနဲ့ ပေးလို့ရပါတယ် .. TR 30 days အတွက်ကို USD 50 + bank charges ပါ ..
Form ဖြည့်တဲ့ နေရာမှာတော့ မှန်မှန်ကန်ကန် သတိလေးထားဖြည့်ပေးပါနော် .. တစ်ခုခု အမှားအယွင်းရှိခဲ့ လို့ reject ဖြစ်ခဲ့ရင် refund ပြန်မရပါဘူး ..
(အဲဒါကတော့ထုံးစံပဲနော် .. ဘယ်နိုင်ငံပဲလျှောက်လျှောက် reject ဆို visa fees ပြန်မရပါဘူး)
ဒါပေမဲ့ ကိုယ့်ဖက်က အမှားအယွင်းမရှိခဲ့ရင်တော့ Evisa အများစုက approved ဖြစ်ပါတယ် ..
ကိုယ် သွားရောက်မဲ့ နေ့မှာတော့ immigration ဖြတ်တဲ့အချိန် .. အပြန်လက်မှတ် ၊ hotel booking နဲ့ show money ပြဖို့လိုပါတယ် ..
တခြား သိချင်တာလေးတွေရှိရင်လည်း messenger မှာလာရောက်မေးမြန်းနိုင်ပါတယ် ..