Bohol Island ဆိုတာ Philippines နိုင်ငံမှာရှိတဲ့ နာမည်ကျော် Tourist attraction တွေထဲကတစ်ခုပါ … အဓိက Bohol ကို လူသိများအောင် လုပ်ပေးတဲ့အရာတွေက Tarsier လို့ခေါ်တဲ့ ချစ်စရာ သတ္တဝါသေးသေးလေးတွေ နဲ့ အလွန်လှပပြီး unique ဖြစ်တဲ့ ချောကလက်တောင်ကုန်းတွေပါ ..
Tarsier တွေက primate လို့ခေါ်တဲ့ မျောက်မျိုးနွယ်ဝင်တွေထဲမှာ အသေးဆုံးဖြစ်ပြီးတော့ .. မျိုးသုန်းပျောက်ကွယ်ခါနီး endanger animals တွေထဲမှာ ပါနေပါပြီ .. တစ်ကမ္ဘာလုံးမှာ ကောင်ရေ ၅၀၀၀ ဝန်းကျင်သာ ကျန်ရှိပြီး ဖိလစ်ပိုင်၊အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေမှာ တွေ့ရပါတယ် ..
Bohol က Tarsier Conservation Center မှာကတော့ ကောင်ရေ ၅ ကောင် ၆ ကောင်လောက်ရီိပါတယ် ၊ အရမ်းချစ်စရာကောင်း သလို မလှုပ်မယှက် ငြိမ်ငြိမ်လေးနေတတ်တဲ့ သတ္တဝါတွေဖြစ်ပါတယ် .. Emma ကတော့ အပြန်မှာ လက်ဆောင်ပစ္စည်းဆိုင်က tarsier ရုပ်ပုံလေးတွေ ပြုလုပ်ထားတဲ့ key chain တွေ အရုပ်တွေ ပိုက်ဆံအိတ်လေးတွေနဲ့ တခြား ပစ္စည်းလေးတွေလည်း အိမ်အတွက်လက်ဆောင် ဝယ်ခဲ့ပါသေးတယ် .. စျေးနုန်းလေးတွေလည်း တန်လို့ပါ .. မြန်မာငွေ ၅၀၀၀ ဝန်းကျင်နဲ့ ပစ္စည်းလှလှလေးတွေရပါတယ် ..
နောက်တစ်နေရာကတော့ ချောကလက်တောင်ကုန်းလေးတွေလို့ လူသိများတဲ့ နေရာပါ ..
ကန်တော့ပုံစံရှိပြီးတော့ .. တောင်ကုန်းရဲ့ အပေါ်မှာ အပင်ကြီးတွေ မပေါက်ကြဘဲနဲ့ မြက်ခင်းစိမ်းစိမ်းလေးတွေပဲရှိလို့ ရှင်းလင်းပြီး ကြည့်လို့လှနေပါတယ် .. ခြောက်သွေ့ရာသီရောက်လာရင်တော့ အဲဒီမြက်ခင်းတွေကလည်း အခြောက်ပြီးအညိုရောင်ပြောင်းသွားကြလို့ ချောကလက်ပုံစံလေးတွေဖြစ်တာကြောင့် chocolate hills လို့ခေါ်ကြတာပါ ..
တချို့ကလည်း ရေနဲ့မြေတိုက်စားမှုတွေ မြေပြိုကျတာတွေကြောင့် အဲဒီလိုပုံစံမျိုး ပြောင်းလဲသွားတယ်လို့ပြောကြသလို တချို့ကလည်း မီးတောင်ပေါက်ကွဲပြီး ချော်ရည်တွေကြောင့်ဖြစ်ပေါ်လာတဲ့ တောင်ကုန်းလေးတွေလိုလည်းပြောကြပါတယ် ..
အဲဒီတောင်ကုန်းလေးတွေနဲ့ပတ်သတ်ပြီးတော့လည်း ပုံပြင်တချို့ရှိပါသေးတယ် .. ဘီလူး ၂ ကောင် တိုက်ခိုက်ရင်းနဲ့ ကျောက်တုံးကျောက်ဆောင်တွေနဲ့ အချင်းချင်းပစ်ပေါက်ရင်း ဖြစ်ပေါ်လာတာလို့လည်း ရာဇဝင်ရှိသလို .. နောက်ထပ်ဇာတ်လမ်းတစ်ခုကတော့ Arogo နဲ့ Aloya လို့ခေါ်တဲ့ ချစ်သူနှစ်ယောက်ရှိပြီးတော့ .. Aloya သေဆုံးသွားချိန်မှာ Arogo က အသည်းကွဲပြီး ငိုကြွေးရင်းနဲ့ကျလာတဲ့ မျက်ရည်တွေကနေ ဒီတောင်ကုန်းလေးတွေ ဖြစ်လာတာပါတဲ့ ..
ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အခုချိန်မှာတော့ အရမ်းလှတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ အထိမ်းအမှတ် နေရာတစ်ခုဖြစ်နေလို့ .. လူပေါင်းများစွာ လည်ရောက်လည်ပတ်လေ့လာကြပါတယ် .. တချို့တွေဆိုရင် တောင်ကုန်းပေါ်ထိ hiking လုပ်ကြတာရှိပေမဲ့ .. Emma ကတော့ view point ကပဲ ရှုခင်းကြည့်ပြီး ဓါတ်ပုံလေးတွေရိုက်ခဲ့ပါတယ် ..
တခြား activities တွေအနေနဲ့ zip line စီးတာတို့ စက်ဘီးနဲ့ ATV လေးတွေလည်းစီးလို့ရပါသေးတယ် .. ကဲဒီလောက်ဆိုရင်တော့ Bohol ကို သွားလည်ချင်စိတ်ဖြစ်လောက်ပြီထင်တယ် .. Bohol ကို မြို့တော်မနီလာကနေ flight နဲ့ သွားလို့ရသလို .. အနီးစပ်ဆုံး Cebu ကျွန်းကနေလည်း Ferry နဲ့ သွားလို့ရပါတယ်.. Cebu မှာကလည်း လည်စရာ နေရာတွေ အများကြီးနဲ့ ဝေလငါးမန်းကြည့်တာ .. snorkeling, diving အပြင် canyoneering လုပ်လို့ရတဲ့ ပျော်စရာ activities တွေအများကြီးရှိတာကြောင့် .. နောက်တစ်ခါ ခရီးထွက်ဖို့ ပြင်ဆင်ရင်တော့ ထည့်သွင်း စဉ်းစားရမဲ့နေရာလေးတစ်ခုပါ ..
Philippines နဲ့ တခြားသော ပျော်စရာ ခရီးစဉ်တွေအတွက် .. private tour လေးတွေ စီစဉ်ပေးနေပါပြီ .. အသေးစိတ်သိချင်ရင် messenger မှာ မေးလို့ရပါတယ် ..