Turkey ကို Emma တစ်ယောက်တည်း ဘယ်လိုသွားခဲ့တာလဲ ???

Turkey မှ မဟုတ်ပါဘူး .. ဘယ်နေရာကိုပဲသွားသွား Emma က ခရီးစဉ်အစအဆုံးကို ကိုယ့်လက် ကိုယ်ခြေနဲ့ ကိုယ်တိုင် စီစဉ်ရတာကို သဘောကျတာပါ ..

အဲဒါကြောင့်မို့ Visa လျှောက်တာက စလို့ လေယဉ်လက်မှတ် ၊ Hotel booking တွေ အကုန်လုံးကို Online ကနေ ရှာပြီး ကိုယ်တိုင်ပဲပြင်ဆင်ပါတယ် ..

Visa အတွက် လိုအပ်တဲ့ Itinerary ကို အကြမ်းဖျဉ်းလေးပဲ ၂ ပတ်စာကြိုပြင်ထားပြီးတော့ .. တကယ်တမ်းကျတော့ အဲဒီထဲကအတိုင်း သွားတာမဟုတ်ဘဲ .. စိတ်ကူးပေါက်တဲ့နေရာတွေကို သွားချင်တဲ့အချိန် ထသွားလိုက်တာပဲ 😂 .. Plan ကို follow လုပ်ရတာမျိုး သိပ်သဘောမကျလို့ပါ .. backpacking style လေးပေါ့ ..

တူရကီ အလည် visa က ရက် ၃၀ ရတာပါ .. Emma ကတော့ Dubai မှာ ရောက်နေတုန်း တစ်ဆက်တည်း သွားလိုက်ချင်တာကြောင့် .. VFS global ကနေ apply လုပ်ခဲ့တာပါ .. VFS က တူရကီ အစိုးရရဲ့ တရားဝင် Agent ဖြစ်တာကြောင့် တခြားမှာ လျှောက်လို့မရပါဘူး .. ( visa လျှောက်တဲ့ ပုံစံလေး အသေးစိတ်ကို နောက်ပို့စ်လေးတစ်ခုနဲ့ တင်ပေးပါမယ် )

တူရကီမှာ .. ရက် ၂၀ ကျော် ၂၅ ရက်လောက် နေခဲ့ပြီးတော့ .. Istanbul, Ankara, Cappidocia, Antalya, Denizli , Izmir, Çeşme တို့ကို သွားရောက်လည်ပတ်ခဲ့ပါတယ် .. တစ်မြို့နဲ့ တစ်မြို့ကူးရင် Bus နဲ့ပဲသွားတာပါ .. Transportation ကတော့ တော်တော်လေးအဆင်ပြေပါတယ် ..

Emma သွားတဲ့အချိန်က တူရကီမှာ အရမ်းပြင်းတဲ့ ငလျင်လှုပ်ပြီးခါစ ဖြစ်တာကြောင့် .. တချို့နေရာတွေမှာ .. သိပ်ပြီးတော့ safe မဖြစ်လို့ မသွားခဲ့တော့ပါဘူး ..

ဒါပေမဲ့ Emma သွားခဲ့တဲ့ နေရာတွေလိုပဲ တခြားမြို့တွေလည်း အရမ်းလှပြီး လည်စရာတွေအများကြီးရှိမှာ အသေအချာပါပဲ ..

တူရကီနိုင်ငံက ကမ္ဘာ့အရှေ့နဲ့အနောက် ဆုံတဲ့နေရာဖြစ်ပြီးတော့ .. ရာသီဥတု .. ရေခံ မြေခံလည်း အရမ်းကောင်းလို့ .. စိုက်ပျိုးရေးဖြစ်ထွန်းပြီး .. သစ်သီးဝလံ သစ်ပင် ပန်းမန်တွေ ပေါကြွယ်ဝပါတယ် ..

Emma အကြိုက်ဆုံးကတော့ သူ့ရာသီနဲ့သူ အလေ့ကျပွင့်တဲ့ ရောင်စုံ ဆိုဒ်စုံ ပန်းပွင့်လေးတွေပါပဲ .. ဘယ်နေရာရောက်ရောက် ပန်းလေးတွေ တစ်မျိုးမဟုတ်တမျိုးကိုအမြဲမြင်နေရတာကလည်း အရမ်းကို စိတ်ကြည်နူးဖို့ကောင်းပါတယ် ..

နိုင်ငံရဲ့ မြောက်ဖက်နဲ့ အနောက်ဖက် အခြမ်းကတော့ အအေးပိုပြီးတော့ .. Antalya လို တောင်ဖက်စွန်းမြို့တွေမှာတော့ အပူချိန်ပိုများပါတယ် ..

လိမ္မော်သီး ချယ်ရီသီး မက်မွန် နဲ့ back berries တွေလို အသီးတွေဆိုရင်လည်း .. ပန်းခြံတွေထဲ လမ်းတွေထဲမှာ ပေါပေါများများ တွေ့ရပြီးတော့ ကလေးတွေတောင် ခူးစားနေကြတာတွေ့လို့ Emma တောင် အတူစားခဲ့ပါသေးတယ် 😅

နောက်တစ်ခုပေါ့နော် ထူးထူးခြားခြားလေး ကတော့ သံလွင်ပင်တွေနဲ့ သံလွင်သီးတွေပါ .. Emma အတွက်ကတော့ ထူးခြားတာပေါ့ .. အပြင်မှာ အပင်လိုက်ကြီး တစ်ခါမှ မမြင်ဖူးလို့ .. အဲဒီဖက်က နိုင်ငံတွေ တော်တော်များများမှာကတော့ သံလွင်သီးကို နေ့စဉ်စားတဲ့ အစားအသောက်တွေမှာ ထည့်စားတတ်ကြပါတယ် ..

နောက်ဆုံးတစ်ခု ပြောပြချင်တာက တူရကီရဲ့ ငွေကြေးသုံးစွဲမှုအကြောင်းပါ .. တူရကီမှာ Turkish lira သုံးပါတယ် .. ငလျင်အပြီး စီးပွါးရေး ထိုးကျသွားတာကော .. ယူကရိန်း စစ်ပွဲရဲ့ အကျိုးဆက်ကြောင့်ကော .. လတ်တလောမှာ တော်တော်လေး ငွေကြေးမတည်ငြိမ်ဖြစ်နေလို့ .. ပစ္စည်းစျေးတွေက တစ်ပတ်လောက် ကြာရင်တောင် မတူဘဲ အမြဲအပြောင်းအလဲဖြစ်နေပါတယ် .. အဲဒါကြောင့် နောက်ပိုင်းမှာ ဆိုင်သေးသေးလေးတွေကလွဲလို့ တော်တော်များများက ယူရိုငွေနဲ့ပဲ အရောင်းအဝယ်လုပ်လာကြပါတယ် ..

Tourism Industry မှာတော့ နဂိုကလည်း ယူရိုသုံးကြတာများလို့ ဖြစ်နိုင်ရင် USD ထက် Euro ငွေ ကိုင်သွားရင် ပိုအဆင်ပြေမှာပါ ..

ကဲ ဒါလေးတွေကတော့ General ပြောပြပေးတာပေါ့နော် .. Emma လည်ခဲ့တဲ့ နေရာလေးတွေရဲ့ အသေးစိတ်ကိုတော့ နောက်ထပ် video လေးတွေမှာ စောင့်ကြည့်ပေးကြပါဦး .. ကျေးဇူးပါနော်

Leave a Reply

Your email address will not be published. Required fields are marked *

Back to top