တူရကီ လို့ပြောလိုက်တာနဲ့ .. Istanbul မြို့အပြင် အားလုံးသိကြတဲ့ နောက်ထပ်နေရာလေးတစ်ခုက Cappidocia ပါ ..
တချို့လူတွေက နာမည်တော့ မှတ်မိချင်မှ မှတ်မိလိမ့်မယ် ဒါပေမဲ့ Cappidocia ရဲ့အရမ်းကို Unique ဖြစ်ပြီး လှပတဲ့ တောင်ကြားလေးတွေနဲ့ အခုထက်ထိတိုင် လူတွေနေထိုင်ကြသေးတဲ့ .. Cave အိမ်လေးတွေကိုတော့ ရင်းနီးပြီးသားဖြစ်ကြမှာပါ ..
Cappidocia ကို Emma စစရောက်တဲ့ နေ့မှာပဲ လုပ်ဖြစ်တာက Sunset Viewpoint မှာ နေဝင်ချိန်သွားကြည့်ခဲ့တာပါ ..
Cappidocia ကိုရောက်ရင် ဘယ် Hotel မှာပဲတည်းတည်း တော်တော်များများကတော့ Cave Hotel လေးတွေပါပဲ .. ဟိုအရင်ကတော့ ဒီနေရာတွေမှာ ဒေသခံ လူတွေက နေထိုင်ခဲ့ကြတာပါ အခုတော့ နဂိုနေထိုင်တဲ့ သူတွေအားလုံးနီးပါး ရွှေ့ပြောင်းသွားကြပြီးတော့ Tour လုပ်ငန်းတွေ အပြိုင်အဆိုင်လုပ်ကိုင်လာကြပြီး ကမ္ဘာကျော်တဲ့ နေရာတစ်ခုဖြစ်လာပါတယ်
ခါတိုင်းအချိန်တောင် အရမ်းကို လှပတဲ့နေရာလေးက နေဝင်ဆည်းဆာနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ အရမ်းကို ကဗျာဆန်ပြီး ကြည့်မဝအောင်ဖြစ်နေပါတော့တယ်
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ရေ၊လေတိုက်စား ခံရပြီး ဖြစ်ပေါ်လာတဲ့ .. တောင်ကုန်း တောင်တန်းတွေနဲ့ အဲဒီကုန်းမြင့်တွေကြားမှာ ရေစီးကြောင်းပုံစံဖြစ်ပေါ်နေတဲ့ တောင်ကြားလှလှလေးတွေအများကြီးက .. Cappidocia ကို တခြားနေရာတွေထက် ပိုမိုထူးခြားပြီး ရင်သပ်ရှုမောဖွယ် မြင်ကွင်းတွေ ဖန်တီးပေးထားပါတယ်
နောက်တစ်နေ့မနက်မှာတော့ .. အဲဒီ view point လေးကနေပဲ .. မီးပုံးပျံတွေ ကိုသွားကြည့်ပြီး ဓါတ်ပုံလှလှလေးတွေ ရိုက်ခဲ့ပါသေးတယ် .. ( မီးပုံပျံ စီးခဲ့တဲ့အကြောင်းလေးကိုတော့ သပ်သပ် video လေးတစ်ခုခွဲပြီး တင်ပေးမှာမို့ စောင့်ကြည့်ပေးကြပါဦးနော် )
အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်