တူရကီ နိုင်ငံရဲ့ နောက်ထပ် နာမည်ကြီးတဲ့ tourist နေရာလေး တစ်ခုကတော့ Cesme လို့ခေါ်တဲ့ ပင်လယ်ကမ်းခြေမြို့လေးပါ
နိုင်ငံရဲ့ အနောက်ဖက် အစွန်ဆုံး ဂရိကျွန်းတွေနဲ့ နယ်နမိတ်ချင်း ဆက်စပ်နေတဲ့ မြို့လေးဖြစ်တာကြောင့် ဂရိအငွေ့အသက်တွေ ဖုံးလွှမ်းနေတဲ့ နေရာလေးတစ်ခုပါ ..
ကမ်းစပ်ကနေ လှမ်းကြည့်လိုက်ယုံနဲ့ ဂရိနိုင်ငံရဲ့ ကျွန်းတွေကို မြင်ရမှာဖြစ်ပြီး .. အရင်တုန်းကတော့ ၂ နိုင်ငံ ဖြတ်သန်းသွားလာလို့ရတဲ့ Ferry တွေ ရှိပါတယ် .. ဒါပေမဲ့ Emma သွားတဲ့ အချိန်မှာ COVID ကြောင့်ကော .. တခြား နိုင်ငံရေး ပြသနာလေးတွေကြောင့် Border ပိတ်ထားခဲ့လို့ သွားလို့မရပါဘူး ..
Cesme ကိုသွားလည်မယ်ဆိုရင်တော့ နွေရာသီလိုမျိုး မေလ ကနေ အောက်တိုဘာလ လောက်ထိပဲအဆင်ပြေပါတယ် .. ဆောင်းရာသီရောက်ပြီဆိုရင်တော့ Temperature အနိမ့်ဆုံး zero degree အောက်ထိ ရောက်ရှိနိုင်ပြီးတော့ တစ်ခါတစ်ရံ ဆီးနှင်းများလည်းကျတတ်တာကြောင့် .. လည်ဖို့ပတ်ဖို့အဆင်မပြေပါဘူး ..
Emma ကတော့ အအေးကြောက်လို့ တမင် နွေရာသီကို ရွေးပြီးသွားခဲ့တာပါ ..
Cesme ကနေ အနီးစပ်ဆုံး မြို့ကြီးကိုပြောပါဆို Izmir လို့ခေါ်တဲ့မြို့ပါ .. ကိုယ့်အစီအစဉ်နဲ့ ကိုယ် သွားချင်တဲ့ သူတွေကတော့ Izmir Otogar ကနေ .. Bus တွေရှိပါတယ် .. လက်မှတ်က ကြိုဝယ်ထားစရာမလိုပဲ ခရီးအကွာအဝေးကလည်း ၁နာရီလောက်ပဲ ကြာတာမို့လို့ .. နေ့ချင်းပြန်လည်း အလည်အပတ်သွားလို့ရပါတယ် ..
တခြား မေးချင်တာလေးတွေ ရှိရင်လည်း Emma သိသလောက် ပြန် sharing လုပ်ပေးမှာမို့ message box ကနေ လာမေးလို့ရပါတယ် ..
နောက်တင်မဲ့ video လေးတွေကိုလည်း စောင့်ကြည့်ပေးကြပါဦးနော် ..