Pamukkale: A Journey to the Cotton Castle

ဒီနေရာလေးကတော့ တူရကီနိုင်ငံမှာ ရှိတဲ့ နာမည်ကျော် tourist attractions တွေကတစ်ခုတဲ့ Pamukkale လို့ခေါ်တဲ့ နေရာလေးပါ .. တော်တော်များများ Instagram တို့ TikTok တို့မှာလည်း တွေ့ဖူးကြမှာပါ ..

Pamukkale ကတော့ အရမ်းကို လှပတဲ့ အဖြူရောင် ထုံးကျောက်တောင်ကြီးတစ်ခုဖြစ်ပြီးတော့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာ တစ်ခုလည်းဖြစ်တာကြောင့် ကမ္ဘာလှည့် ခရီးသွားတွေကြားမှာ အရမ်းကို ရေပန်းစားပါတယ် ..

အဝေးကနေကြည့်လိုက်ရင် ရေခဲတောင်လို့ ထင်ရအောင်ကို တောင်ကုန်းကြီး တစ်လုံးဖြူဖွေးပြီး လှပနေပါပြီးတော့ တချို့နေရာတွေမှာ သက်တမ်းအနုအရင့်အလိုက် ပန်းရောင် ၊ အဝါနုရောင် ၊ လိမ္မော်ရောင် ကျောက်တွေကိုလည်းတွေ့ရမှာပါ

Pamukkale ရဲ့ နောက်ထပ် ထူးခြားတဲ့ အချက်တစ်ခုက .. သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ရေကန်သေးသေးလေးတွေပါ .. ထုံးဓါတ်ပါတဲ့ ရေကြောင့် အောက်ခြေမှာ အဖြူရောင်အနယ်ထိုင်ပြီးတော့ အပေါ်မှာ ရေပြာပြာကြည်ကြည်လေးတွေနဲ့ .. အထပ်ထပ်လေးတွေ အများကြီးဖြစ်နေတဲ့ ရေကန်ငယ်လေးတွေက တခြား ဘယ်နေရာနဲ့မှ မတူအောင် အမြင်ထူးဆန်းပြီး လှပနေပါတယ်

Emma သွားတဲ့အချိန်က June လကုန် .. July လဆန်း ဖြစ်တာကြောင့် Lavender ပန်းလေးတွေ ပွင့်တာနဲ့လည်း ကြုံခဲ့ရလို့ ရှုခင်းတွေက ပိုပြီးတောင် ကြည့်လို့လှနေပါသေးတယ် ..

တူရကီနိုင်ငံရဲ့ ဘယ်မြို့ကနေမဆို Tour Company တွေနဲ့ချိတ်ပြီး သွားနိုင်ပြီးတော့ .. ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားချင်ရင်တော့ .. Pamukkale ကို တိုက်ရိုက် ရောက်တဲ့ Bus မရှိပါဘူး .. အနီးဆုံးမြို့ဖြစ်တဲ့ Denizil ကနေ mini van လေးတွေ နေ့တိုင်းပြေးဆွဲပေးပါတယ် .. စျေးလည်းသက်သာပါတယ် ..

ကြုံတုန်း Transportation နဲ့ပတ်သတ်ပြီး နောက်တစ်ခု sharing လုပ်ချင်တာက .. တူရကီရဲ့ ဘယ်မြို့ပဲ ရောက်ရောက် .. bus terminal ကိုရှာချင်ရင် otogar လို့ map မှာ ရိုက်ရှာလိုက်ရင်ရပါတယ် .. ဒါလေးကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားတဲ့သူတွေအတွက် အစဉ်ပြေတာပေါ့နော် ..

တခြားသိချင်တာလေးတွေရှိရင်တော့ message ပို့ပြီး လှမ်းမေးလို့ရပါတယ် ..

နောက်ထပ် video လေးတွေကိုလည်း စောင့်ကြည့်ပေးဦးနော်

Leave a Reply

Your email address will not be published. Required fields are marked *

Back to top