Authentic Vietnamese Food in Dubai

Authentic Vietnamese Food တွေကို စားလို့ရနိုင်မဲ့ Dubai က ဆိုင်လေး ..

Dubai မှာက Asian အစားအစာ ရောင်းတဲ့ဆိုင်တွေရှိပေမဲ့ တကယ် အရသာကောင်းတဲ့ ဆိုင်ကတော့ ရှားတယ်နော် .. အဓိကက ကုန်ကြမ်းပစ္စည်းတွေကွာတာရယ် .. Chef တွေက တခြားလူမျိုးတွေ ဖြစ်နေတာကြောင့်လည်းပါမယ် ..

Emma ဒူဘိုင်းကို ရောက်တုန်းက တရုတ်စာ၊ ထိုင်းစာ နဲ့ ဗမာအစားအစာ ဆိုင်တွေကို လိုက်ပတ်ပြီး စားကြည့်ခဲ့တယ် .. အဲဒီတုန်းက ဗမာဆိုင်က သိပ်မရှိသေးလို့ တော်တော်လေး အဆင်မပြေဘူး အခုနောက်ပိုင်းတော့ အများကြီး ထပ်ဖွင့်လာကြပြီးတော့ စားလို့လည်းကောင်းပါတယ် ..

အခုပြောပေးချင်တာကတော့ တကယ့် ဗီယက်နမ်က စာဖိုမှူး ကိုယ်တိုင် ချက်တဲ့ Authentic ဗီယက်နမ် လက်ရာစစ်စစ် မို့ အရမ်း စားလို့ကောင်းတဲ့ ဆိုင်လေး အကြောင်းပါ ..

Authentic Vietnamese Food

အမ်မာ သိသလောက်တော့ ဆိုင်က ၂ နေရာမှာရှိတယ် .. တစ်ခုက Dubai mall metro station ကနေ အပြင်ထွက်ပြီး လမ်းလေး နည်းနည်း လျှောက်လိုက်ရင် ရောက်ပြီနော် .. Outdoor area လေးလည်းရှိတော့ ထိုင်လို့ ကောင်းပြီး လူလည်းမရှုပ်ဘူး ..

နောက်တစ်နေရာကတော့ Dubai mall ရဲ့ fountain show နားကမှာ ရှိတဲ့ foodcourt လေးထဲမှာပါ .. အဲဒီနေရာကတော့ လူအရမ်းများပြီး ဆူတာကြောင့် သိပ်မကြိုက်ပါဘူး .. အဲဒါမို့ အမ်မာကတော့ အပြင်ဖက်က ဆိုင်မှာပဲ ထိုင်ဖြစ်တာများတယ် ..

Vietnam အစားအစာလို့ ပြောလိုက်တာနဲ့ Signature Dish က Pho ပေါ့ .. အမဲသား ၊ ကြက်သား ၂ မျိုးလုံးနဲ့ရပြီးတော့ ပွဲသေး ပွဲကြီး ရွေးလို့ရတယ် .. အမ်မာကတော့ ပွဲကြီးဆို မကုန်လို့ ပွဲသေးပဲစားတာ ..

Pho အပြင် တခြား နာမည်ကြီးတဲ့ ကော်ပြန့်စိမ်း ၊ ကော်ပြန့်ကြော် ၊ ကြက်ကြော် ၊ ဘဲကင် နဲ့ sandwich တွေလည်း ရှိသေးတယ် .. ထမင်းနဲ့ စားလို့ရတယ်နော် ..

Drinks menu ကတော့ အများကြီး မရှိဘူး soft drinks တွေနဲ့ အချိုပွဲအတွက်ဆိုရင် ice cream ရှိမယ် .. အရသာကတော့ ပြောဖို့မလို .. 10 out of 10 ပဲ .. ဆိုင်လေးကလည်းလှပြီး .. ဝန်ထမ်းတွေကလည်း ဗီယက်နမ်လူမျိုး ချောချောလေးတွေပါပဲ ..

စျေးနှုန်းတွေကတော့ တစ်ပွဲကို 40-50 ဝန်းကျင် ပါ .. အရမ်း မသက်သာပေမဲ့ .. အရမ်းလည်း မများဘူးနော် ..

Authentic Vietnamese Food

Date တာပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲ သွားသွား အဆင်ပြေတယ်နော် .. နောက်ပြီးတော့ Burj Khalifa နဲ့ မျက်နှာချင်းဆိုင် မှာရှိတာမို့ ဓါတ်ပုံလှလှလေးတွေလည်း ရိုက်လို့ရသေးတယ် ..

Asian အစားအစာ လွမ်းနေတဲ့ သူတွေ သွားtry ကြည့်ကြဖို့ အကြံပေးချင်ပါတယ် ..

Leave a Reply

Your email address will not be published. Required fields are marked *

Back to top