Emma ကို ညီမလေးတစ်ယောက် လာမေးထားလို့ အားလုံးသိရအောင် သိသလောက်ပြောပြပေးမယ်နော် ..
Requirements တွေက တစ်ချိန်နဲ့ တစ်ချိန် မတူလို့ ကိုယ်သွားမဲ့အချိန်ကို Singapore Government ရဲ့ တရားဝင် website ဖြစ်တဲ့ ICA မှာ သွားစစ်ကြည့်ရင် ပိုအဆင်ပြေပါတယ် ..
Emma နောက်ဆုံး တစ်ခေါက်သွားတုန်းက 2022 October ပေါ့နော် .. အဲဒီအချိန်တုန်းကတော့ ထွေထွေထူးထူး သိပ်မရှိပါဘူး .. Vaccine Certificate လိုတယ် .. Online ကနေ ဖြည့်ရတဲ့ Arrival Card ရှိမယ် .. ဒါပါပဲ .. တခြားကတော့ အပြန် လေယာဉ်လက်မှတ် ဒါကတော့ ထုံးစံပေါ့နော် ဘယ်ပဲသွားသွား .. အချက်အလက်တွေ ပြည့်စုံရင် Immigration မှာ ဘာမှ သိပ်မမေးပါဘူး ..
Show money ပြခိုင်းရင် ပြလို့ရအောင် ကိုယ်နေမဲ့ ရက်နဲ့ အဆင်ပြေတဲ့ ပမာဏ ယူသွားပါ .. Emma သွားတိုင်းတော့ တစ်ခါမှ မပြရပါဘူး .. Visa/Master Card ရှိရင်လည်း အဆင်ပြေအောင် ပြောတတ်ရင်ရပါတယ် ..
နောက်တစ်ခုက အလည်သွားတဲ့သူတွေအတွက်တော့ ပြသနာမရှိပါဘူး .. return ticket က ရက်သိပ်မခြားဘူးပေါ့နော် .. ဒါပေမဲ့ အလုပ်သွားရှာမဲ့ သူတွေ အတွက်ကတော့ .. ရက်တော်တော်ခြားရင် မေးတတ်ပါတယ် .. ရက်အကြာကြီး ဘာလုပ်မှာလဲဆိုပြီးတော့ .. ( စင်္ကာပူနိုင်ငံက သေးသေးလေးမို့ လည်စရာနေရာ သိပ်မများလို့ပါ .. ပြီးတော့ စျေးလည်းကြီးတဲ့နိုင်ငံဖြစ်တာကြောင့် အလည်အပတ်အတွက်ဆို ရက်ကြာကြာ နေလေ့မရှိကြလို့ပါ)
ကဲ ဒါလေးကတော့ စင်္ကာပူသွားရင် လိုအပ်တဲ့ Requirements လေးတွေ အကြောင်းပေါ့နော် .. နောက် ပို့စ်လေးတစ်ခုကျမှ လည်စရာ နေရာလေးတွေအကြောင်း ထပ်ပြီးတင်ပေးပါဦးမယ် ..
Online က ဖြည့်ရတဲ့ Arrival Card လေးလည်း ရှာမတွေ့မှာစိုးလို့ Emma link လေး ထည့်ပေးထားတယ်နော် .. တခြားသိချင်တာ ရှိရင်တော့ message box ကနေ လာမေးလို့ရပါတယ်