“my friend, beautiful…”

Ha Giang Loop Bike Trip သွားတော့ Easy riders တွေနဲ့သွားတာ .. ကိုယ်တိုင်မောင်းစရာမလိုဘူး .. နောက်ကလိုက်စီးယုံပဲ .. အဲဒီမှာ leader ဆိုတဲ့ တစ်ယောက်ကတော့ English လို ပြောတတ်ပေမဲ့ .. ကိုယ့်ရဲ့ driver , easy rider က မပြောတတ်ဘူး .. ဒါပေမဲ့ သူသိတဲ့ English စကားလုံး ၂ လုံးပဲရှိတယ် .. အဲဒါက “my friend” ဆိုတာရယ် .. “beautiful” ဆိုတာရယ်ပဲ ..

My friend ဆိုတာက ကိုယ့်ကိုခေါ်တာ .. တစ်ခုခုပြောချင်တာ ရှိရင် my friend လို့လှမ်းခေါ်တယ် .. ပြီးတော့ အမူအယာနဲ့ ပြတယ်ပေါ့ .. ဆိုင်ကယ် ဦးထုပ်ဆောင်းတာ .. ရေဗူးပေးတာ .. မုန့်ကျွေးတာမျိုးတွေပေါ့ ..

အရမ်းလှတဲ့ ရှုခင်းတွေမြင်ရင်လေ .. လက်ညှိုးထိုးပြီး “beautiful….” ဆိုပြီးပြောသေးတာ .. အဲဒီအချိန်ကျ ကိုယ်ကလည်း သူ့ကိုထောက်ခံပြီး “very beautiful….” ဆိုပြီး ပြန်ပြောရင် ပြုံးပြုံးကြီးနဲ့ ကျေနပ်နေသူပေါ့ ..

သူ့ဒေသက အလှအပတွေအတွက် ဂုဏ်ယူနေတဲ့ အပြုံးမျိုး ..

ကိုယ့်မှာ အရမ်းလှတဲ့ ပစ္စည်းလေးတစ်ခုရှိလို့ ဧည့်သည်လာရင် ထုတ်ထုတ်ပြီးကြွားသလိုမျိုးပေါ့ ..

View point က ကော်ဖီဆိုင်လိုနေရာမျိုးတွေမှာ ခဏရပ်ပြီး သူများတွေ ဓါတ်ပုံရိုက်နေချိိန်ဆိုရင်လည်း သူက ရှုခင်းတွေကိုငေးပြီး ကြည့်မဝဘူးဖြစ်နေတာ .. အဲဒီနေရာတွေက သူနေ့တိုင်းရောက်နေတဲ့ နေရာတွေနော် အဲဒါကို 😅 .. မသိရင် အခုမှမြင်ဖူးသလိုမျိုး .. ဘယ်နှခါကြည့်ကြည့် မရိုးဘူးထင်ပါတယ် .. အရမ်းလှတာဆိုတော့လေ ..

လမ်းတစ်လျှောက်လုံးလည်း အဲဒီ ၂လုံးပဲပြောတယ် .. “my Fri, beautiful…” ဆိုပြီးတော့ ..

နောက်တော့ ကိုယ်လည်းသူ့အကြောင်းသိသွားတော့ .. အရမ်းလှတဲ့နေရာတွေရောက်ရင် သူမပြောခင် ကိုယ်ကအရင် “beautiful…” ဆိုပြီး အကျယ်ကြီးအော်လိုက်တယ် .. အဲလိုဆိုတော့ ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ .. ကျေနပ်နေလေရဲ့ ..

တကယ်ပါ .. တချို့အရာတွေက ဘာသာစကားတွေအများကြီးမလိုအပ်ဘူး .. nonverbal communication ပေါ့ .. အမူအယာ ၊ မျက်လုံးတွေက တစ်ဆင့် အချင်းချင်းနားလည်လို့ရတယ် .. ခဏတာလေးဆိုပေမဲ့လည်း အမြဲသတိရနေမှာပေါ့ .. အခုလိုမျိုး အရမ်းလှတဲ့ ရှုခင်းတွေမြင်ရင် .. “my friend, beautiful…” ဆိုပြီးတော့

Leave a Reply

Back to top