ဗီဇာ
===
ဗီယက်နမ်ကို အလည်လာဖို့အတွက်ဆို ဗီဇာကြိုလျှောက်ဖို့မလိုပါဘူး .. ကင်းလွတ်ခွင့် ရက် ၃၀ ရလို့ အေးအေးဆေးဆေး လည်ဖို့ အချိန်လောက်ပါတယ် .. ( မှတ်ချက် ။ Vietnam ရဲ့ official immigration website မှာတော့ ၁၄ ရက်လို့ ကြေငြာထားပေမဲ့ .. ခုနောက်ပိုင်း ရက် ၃၀ ပေးနေပါပြီ .. )

==========
ရန်ကုန်ကနေ ဒါနန်းလာမယ်ဆို MAI တိုက်ရိုက်လေယဉ်တွေ ရှိပါတယ် .. စျေးနှုန်းက အသွားအပြန်ကို USD 300 ဝန်းကျင်ပါ .. ဘန်ကောက်ကနေ လာမဲ့သူဆို AirAsia စီးရင် တော်တော်လေးသက်သာတယ် around USD 150 ဝန်းကျင် .. VietJet airlines လည်းရှိပေမဲ့ သိပ်အဆင်မပြေလို့ recommend မလုပ်ချင်ဘူး ..
Hotels
=====
Tourist အများစုက My khe beach နဲ့ dragon bridge နား တစ်ဝိုက်မှာ နေကြတာများပါတယ် .. location ပေါ်မူတည်ပြီး တစ်ည USD 20-50 ဝန်းကျင် အစားစားရှိတယ် (3 stars, 4 stars) တွေပေါ့နော် .. ပင်လယ်ကိုမြင်ရတဲ့ sea view နဲ့ hotel တွေဆို စျေးပိုများတတ်တယ် ..
Attractions
=========
လည်ပတ်စရာနေရာတွေကတော့
*** အားလုံးသိကြတဲ့ Bana Hills ဝင်ကြေးသပ်သပ်ဆို around 35 USD နဲ့ နေ့လည်စာ ဘူဖေးပါပါတယ်ဆိုရင် USD 50 ပေးရပါတယ် .. ဘူဖေးကတော့ ဆိုင်တွေမတူဘူး .. Halal certified ဆိုင်တွေလည်းရှိတော့ ကြိုက်နှစ်သက်ရာ ရွေးလို့ရပါတယ် .. ဟင်းပွဲတွေကတော့ local ကော international ကောမို့ အစုံပဲ .. ဂျပန်စာ ၊ ကိုရီးယားစာ ၊ထိုင်းစာ ၊ ဗီယက်နမ်အစားအစာ အကုန်ရှိတယ် ..
*** Marbles mountains
ဝင်ကြေးက 40k vnd ဆိုပေမဲ့ lift စီးရင် 60k ပေးရတယ် .. လမ်းလျှောက်တက်ရင်လည်း အရမ်းတော့ မမြင့်ပါဘူး .. အပေါ်မှာ ဘုရားတွေနဲ့ ရှုခင်းကြည့်လို့ရတဲ့ view point လည်းရှိတယ် ..
*** coconut forest
လှေအဝိုင်းလေးတွေ စီးရတဲ့နေရာက စျေးနှုန်းတွေ တစ်နေရာနဲ့ တစ်နေရာ မတူဘူးထင်ပါတယ် .. Emma တို့ စီးခဲ့တာကတော့ .. တစ်စီးကို 150k ပေးရတယ် ၂ ယောက်စီးလို့ရတယ် .. ၁ ယောက်တည်း တစ်စီးစီးလည်း စျေးအတူတူပဲ .. ကြာချိန်က မိနစ် ၃၀ လောက်ရှိမယ် .. မဆိုးပါဘူး .. တစ်ခါမှ မစီးဖူးရင်တော့ စမ်းကြည့်သင့်တယ် ..
*** Hoi An
မြစ်ကမ်းဘေးတစ်လျှောက်က စားသောက်ဆိုင်လှလှလေးတွေရယ် .. အမှတ်တရ ပစ္စည်းတွေရောင်းတဲ့ ဆိုင်လေးတွေနဲ့ တော်တော်လေး စည်ကားပါတယ် .. ရာသီဥတုက နေ့လည်ဖက်အတော်လေး ပူတာကြောင့် ညနေပိုင်းမှ သွားလို့အဆင်ပြေပါတယ် .. ညဆိုရင် မီးခွက်လေးတွေရေထဲမျှောကြတာ ကြည့်ရင်း ရိုးရာလှေလေးတွေလည်း စီးလို့ရပါတယ် .. လှေစီးခကတော့ ၂ ယောက်ကို around 150k လောက်ရှိပေမဲ့ .. စျေးဆစ်ရင် ဆစ်သလို ပိုသက်သာဦးမှာပါ .. ကြာချိိန်က ၁၅ မိနစ်လောက်ပါပဲ .. အဲဒါကတော့ ကိုယ်စီးတဲ့လှေပေါ်မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် မတူဘူးပေါ့နော် .. (ကားဝင်လို့မရတဲ့နေရာမို့ လမ်းအများကြီးလျှောက်ရပါတယ် .. လူကလည်း အရမ်းများလို့ ပင်ပမ်းခံနိုင်ဖို့ကို ကိုုပြင်ဆင်ထားပါနော်) .. ရှေးဟောင်းမြို့လေးမို့ traditional dress နဲ့ ဓါတ်ပုံရိုက်ရင်လည်း တော်တော်လေးလှမှာပါ .. ဒါပေမဲ့ ပူလွန်းလို့ မဝတ်နိုင်ဘူးရယ် ..
*** Lady Buddha
တောင်ပေါ်ရှုခင်းရယ် ဘုရားကျောင်းတွေရယ် အရမ်းလှပါတယ် .. ဓါတ်ပုံရိုက်စရာ နေရာတွေလည်း အများကြီး ပြီးတော့ ဝင်ကြေးကလည်း free ပါ .. အပြန်လမ်းမှာလည်း အရမ်းလှတဲ့ ကော်ဖီဆိုင်လေးမှာ ဝင်ပြီး ဓါတ်ပုံရိုက်လို့ရသေးတယ် ..
*** စျေးဝယ်ဖို့ Han Market နဲ့ Dragon bridge
တစ်နေရာထဲမှာ ရှိလို့ တစ်ခါထဲလည်လို့ရပါတယ် .. dragon bridge က နေ့ပိုင်းလည်း တစ်မျိုးလှသလို .. ညဖက်ရောက်ရင်လည်း မီးတွေထွန်းထားလို့ အမြင်တမျိုးနဲ့လှပါတယ် .. နေ့ဖက်ရော ညဖက်ပါ သွားကြည့်သင့်တယ်နော် .. သောကြာ၊စနေ၊တနင်္ဂနွေဆို fire show ရှိပါတယ် .. ဒါပေမဲ့ ခဏလေးပဲ ပြတာမို့ ကြည့်ရတာ သိပ်တော့ မတန်ဘူး .. လူအရမ်းများတော့ တိုးနေရတယ် .. fire show ပြတဲ့နားမှာပဲ son tra night market လည်းရှိသေးတော့ တစ်ခါတည်းဝင်လည်လို့ရပါတယ် .. စျေးတွေကတော့ ၂ဆ မကဘူး ၄ဆလောက်တင်ထားလို့ ဆစ်နိုင်ကာမှတော်လိမ့်မယ် .. ဒေါ်လာ ငွေလဲချင်ရင်လည်း han market မှာ စျေးအကောင်းဆုံးရတယ်နော်
*** Beach ကြိုက်သူတွေအတွက် My khe beach .. တော်တော်လေးလှပြီး အဓိက သန့်ရှင်းနေတာ ရေတွေကော သဲတွေကော အရမ်းသန့်တယ် .. ကမ်းခြေကလည်း အရှည်ကြီးပဲဆိုတော့ ကိုယ်တည်းတဲ့နေရာနဲ့ နီးစပ်ရာ သွားလို့ရတယ် .. ညပိုင်းတွေဆို beach bar တွေ beach club တွေလည်း မိုက်တယ် .. အေးအေးဆေးဆေးနဲ့ လူရှင်းတာ ကြိုက်ရင်တော့ .. beach အစွန်ဆုံးနားတွေသွားရင် ပိုပြီး private ဆန်တာပေါ့ .. ဒါပေမဲ့ လူများတဲ့နေရာကတော့ အန္တရာယ်ပိုကင်းပါတယ် ..

အဲဒီနေရာတွေ အကုန်လည်ပြီးရင်တော့ Da Nang မှာ တော်တော်စုံသွားပါပြီ .. တခြားလည်စရာနေရာအများကြီးမရှိတော့ ၃ညအိပ် လောက်အချိန်ပေးရင်ကို ရပါတယ် .. ထပ်ပြီး အချိန်ကြာကြာနေချင်ရင်တော့ ကမ်းခြေမှာ အေးဆေးအနားယူပေါ့နော် ..
*** Hue
ဟွေဆိုတဲ့မြို့လေးကတော့ ရှေးဘုရင်တွေ နန်းစိုက်ခဲ့တဲ့မြို့လေးပါ .. နန်းတော်ကြီးအကြီးကြီး နဲ့ ဘုရင်တွေရဲ့ အထိမ်းအမှတ်အုတ်ဂူ တွေကိုလည်း ခမ်းခမ်းနားနားနဲ့ တည်ဆောက်ထားတာကို မြင်တွေ့ရမှာပါ .. ရှေးဟောင်း အဆောက်အဦးတွေ ယဉ်ကျေးမှုလက်ရာတွေကို စိတ်ဝင်စားတယ် .. လေ့လာချင်တယ်ဆိုရင် သွားသင့်တဲ့နေရာ တစ်ခုပါ .. နန်းတွင်းထဲမှာက ရှေးခေတ် နန်းတွင်းအဝတ်အစားတွေ မင်းသား မင်းသမီးဝတ်စုံတွေငှါးပြီးတော့လည်း ဓါတ်ပုံရိုက်လို့ရပါတယ် .. ဝတ်စုံငှါးခတွေကတော့ အမျိုးမျိုးပဲ ကိုယ်ရွေးတဲ့ ဝတ်စုံပေါ်မူတည်ပြီး .. USD 10,20,30 ပေးရပါတယ် .. အချိန်ကြာရင်တော့ extra ထပ်ကောက်တယ် .. တချို့တွေ camera ပါခေါ်ပြီး pre wedding လိုမျိုးပါရိုက်ကြတာ တွေ့ခဲ့တယ် .. ထွက်လာတဲ့ ပုံလေးတွေက အရမ်းလှမှာ အသေအချာပဲ ..
ဟွေမှာပဲ နာမည်ကြီး Thein Mu Pagoda ဆိုတာကိုလည်း သွားလိူ့ရသေးတယ် .. ဝင်ကြေးပေးစရာမလိုပါဘူး .. မြစ်ကမ်းဘေး မေးတင်လေးဆိုနော့ ပုဂံက ဗူးဘုရားဆိပ်ကမ်းကိုတောင် သွားသတိရတယ် .. သူကတော့ Chinese temples ပါ ..
ထပ်ပြီး Hue ကိုသွားသင့်တဲ့အချက်တစ်ခုက .. သွားတဲ့ လမ်းတစ်လျှောက်မှာ ရှုခင်းတွေက အရမ်းလှလို့ပါ .. ကားဆရာက Hải Vân Pass အပါအဝင် တခြား photo spot 3,4 နေရာလောက်မှာ ရပ်ပေးတော့ ကားပေါ်ကဆင်းပြီး ဓါတ်ပုံတွေ တဝကြီးရိုက်လို့ရသေးတယ် ..
အဲဒီလိုမျိုး Hue ကိုပါ ထပ်ပြီးလည်ချင်ရင်တော့ ၄ ညအိပ်လောက်နေရင် အချိန်လောက်ပါပြီ .. ရာသီဥတုပူတာကြောင့် နေကာမျက်မှန် ၊ ဦးထုပ်၊ sunscreen တို့ကိုလည်း ဆောင်သွားဖို့ မမေ့နဲ့နော် .. အဲဒါဆိုရင်တော့ ဗီယက်နမ် အလယ်ပိုင်းမှာရှိတဲ့ နာမည်ကျော် ဒါနန်းမြို့လေးကို ကိုယ်တိုင်သွားလည်ကြည့်ဖို့ အဆင်ပြေပါပြီ ..
Transportation
======
ဟိုနားဒီနားသွား မြို့တွင်းလောက်ပဲဆိုရင်တော့ grab ငှါးသွားလို့ရပါတယ် .. private car တွေငှါးချင်ရင်တော့ tour company တွေကနေငှါးလို့ရတယ် .. အဲဒါကျတော့ waiting time အတွက်ပါ တစ်ခါတည်း ထည့်တွက်တာမို့ စျေးတော့များတယ် .. ဒါပေမဲ့ တစ်နေရာသွား တစ်ခါ booking လုပ်နေစရာမလိုလို့ ပိုပြီးအဆင်ပြေတာပေါ့နော် .. grab ဆိုရင် တစ်ခါတစ်လေ traffic များတဲ့နေရာတွေမှာ ကားရောက်ဖို့ကြာတာတို့ .. driver ဖက်က cancelled လုပ်သွားလို့ နောက်တစ်စီးထပ်ရှာရတာမျိုးတွေလည်း ရှိတတ်လို့ .. Emma တို့ကတော့ private car ပဲငှါးသွားပါတယ် .. အဲဒီလို car driver တွေကျတော့ English လိုလည်း ကောင်းကောင်းပြောတတ်တော့ ပိုအဆင်ပြေတယ် .. စျေးကတော့ ကိုယ်သွားတဲ့နေရာ အကွာအဝေးနဲ့ ကြာချိန်ပေါ်မူတည်ပြီး USD 50,60,70 ဝန်းကျင်လောက်ရှိပါတယ် .. Emma တို့ 5 ရက်စာ ခရီးစဉ် အစအဆုံး အတွက်ဆို USD 300 လောက်ကျသွားတယ် .. Hue City ပါ အပါအဝင်ပါ .. သူကတော့ Da Nang ကနေ ၂ နာရီခွဲ ၃ နာရီလောက် ဝေးလို့ တစ်နေ့လုံး အချိန်ပေးရပါတယ် .. (ကားဆရာ ဖုန်းနံပါတ် လိုချင်ရင်လည်း လာတောင်းလို့ရတယ်နော် သူကစိတ်ရှည်ပြီး အဆင်ပြေတယ်)
တခြား သိချင်တာရှိရင်လည်း messenger or comment ကနေ မေးလို့ရပါတယ် ..
ခရီးစဉ်အစအဆုံးလေးကို စီစဉ်ပေးပါဆိုရင်လည်း ဗီယက်နမ် ရောက်တဲ့အချိန်ကနေ စပြီးစီစဉ်ပေးပါတယ်ရှင့် .. Private tour မို့ ၂ ယောက်ကစပြီး လက်ခံပါတယ် .. Emma ဗီယက်နမ်မှာရှိနေတဲ့အချိန် September လကုန်လောက်ထိ ကို လာလို့ရပါတယ် ..
၃ ညအိပ် ၄ ရက် (Da Nang + Hoi An)
ဆိုရင် တစ်ယောက် USD 390
၄ ညအိပ် ၅ရက် (Da Nang + Hoi An + Hue)
ဆိုရင် တစ်ယောက် USD 450 ပါ
***လေယဉ်လက်မှတ်ကလွဲရင် ကျန်တာအကုန်အပြီးအစီးပါနော် ***
အဲလိုဆိုတော့ .. ကိုယ်တိုင်ပဲသွားသွား Tour နဲ့ပဲသွားသွား ဒါနန်းခရီးစဉ်လေးကို အပြည့်အဝ Enjoy လုပ်ခဲ့ပါလို့ .. ကျေးဇူးပါ ..