Danang (Vietnam)

အခုလာမဲ့ June July လတွေမှာ Vietnam 🇻🇳 ကို အလည်လာချင်တယ်ဆိုရင် .. ရာသီဥတုကတော့ အတော်လေး ပူပြီး မိုးလည်းမကြာမကြာရွာတတ်ပါတယ် .. အဲဒါကြောင့်မို့ Hochimin , Hanoi ထက်စာရင် Danang က အဆင်အပြေဆုံးပါ .. (အချိန်လည်းကြာကြာမရဘူး ဆိုတဲ့သူတွေအတွက်ပြောတာပါ)

အချိန် ၃ ရက်လောက်ပဲ ရတယ်ဆိုရင် ..

Danang, Hoi An လောက်ပဲသွားတာ အဆင်ပြေတယ် .. ၄ ရက် လောက်ရရင်တော့ Hue ကိုပါ ဆက်သွားလို့ရတယ် ..

Day 1

Danang မှာက mykhe ကမ်းခြေနားမှာ တည်းပါ .. မနက်ပိုင်းနဲ့ ညနေဖက်တွေမှာ လမ်းလျှောက်ရင်း အပမ်းဖြေလို့ရတာပေါ့ .. Hotel တွေက USD 30 လောက်ကစပြီး အဆင်ပြေတယ် .. အဲဒါထက် သက်သာတာတွေက ကမ်းခြေနဲ့ ဝေးသွားမယ် .. Solo traveller တွေအတွက်ကတော့ Hostel တွေ USD 5 လောက်ကစပြီးရှိပါတယ် ..

Day 2

Banan Hills ကိုသွားရင် တစ်ရက်လုံးအချိန်ပေးပါ .. လည်စရာတွေအရမ်းများပါတယ် .. Ticket ကို Agoda လို Klook လိုမျိုး App တွေကနေ ကြို ဝယ်လို့ရတယ် နေ့လည်စာ ဘူဖေးအပါကို USD 50 ဝန်းကျင်ပါ .. Bana hills မှာ တချို့စီးစရာတွေက free ပါ .. တချို့ကတော့ လက်မှတ်ထပ်ဝယ်ရတယ် .. အပြန် မပင်ပမ်းသေးဘူးဆို dragon bridge နားက night market ကိုဝင်ပါ .. သက်သက်တစ်ခေါက် သွားစရာမလိုတော့ဘူးပေါ့ ..

Day 3

နောက်ရက်ကျရင်တော့ မနက်ပိုင်းကို lady Buddha ရှိတဲ့ son tra peninsula နဲ့ အဲဒီနားမှာပဲ ဂရိစတိုင် ကော်ဖီဆိုင်လှလှလေး Sơn Trà Marina ကို ဝင်ပြီး ကော်ဖီသောက် ဓါတ်ပုံရိုက်ပေါ့ ..

နေ့လည်ကျရင် Hoi An ကို သွားတဲ့ လမ်းပေါ်မှာပဲ Marble mountains ကို ဝင်လို့ရပါတယ် ဒါပေမဲ့ လှေကား အတက်အဆင်းတွေရှိလို့ အပင်ပမ်း မခံနိုင်ရင် (သို့) လူကြီးတွေပါရင် မသွားပါနဲ့ ..

အဲဒီကနေ ဆက်ပြီး ညနေမှာ coconut forest မှာ လှေဝိုင်းဝိုင်းလေးတွေ သွားစီးပါ .. တစ်စီးကို USD 10 ဝန်းကျင် .. နှစ်ယောက်စီးလို့ရပါတယ် ..

လှေစီးပြီးလို့ နေဝင်ချိန်ရောက်မှပဲ Hoi An ကိုသွားပါ .. သူက ညစျေးမို့ ညဖက်ပဲ ပိုအဆင်ပြေတယ် .. မှောင်သွားမှပဲ မီးပုံးလေးတွေနဲ့ ပိုလှတာ ဆိုတော့လေ .. အဲဒီမှာလည်း မြစ်ထဲ လှေစီးတာ မီးခွက်မျှောတာလေးတွေ လုပ်လို့ရပါတယ် ..

ညရောက်ရင်တော့ Danang ကို ပြန်လို့ရရတယ် အရမ်းမဝေးဘူးဆိုတော့ .. Hoi An မှာ မအိပ်လည်း အဆင်ပြေတယ် .. အချိန်တွေအများကြီးရလို့ နေချင်တယ်ဆိုရင်လည်း Hotel တွေ ရှိပါတယ် ..

Day 4

နောက်ရက် မနက်ကို Han market မှာ လက်ဆောင် ပစ္စည်းတွေ မုန့်တွေဝင်ဝယ် ပြီးရင် ညနေစောင်းမှာ အေးဆေးလေဆိပ်ဆင်း လို့ရပြီနော် .. (ရန်ကုန်ပြန်တဲ့ လေယဉ်က ညနေထွက်တာမို့ပါ) ..

(နောက်ထပ် တစ်ရက် အချိန်ရသေးရင်တော့ Hue (or) My Son ဆိုတဲ့ မြို့တွေကိုလည်း Danang ကနေ နေ့ချင်းပြန်သွားလို့ရပါတယ် .. Hue မှာက နန်းတော်ဟောင်းနဲ့ ဘုရားကျောင်းတွေရယ် .. ရှေးခေတ်က ဘုရင့်အုတ်ဂူတွေရှိပါတယ် .. သူများတွေ ရိုးရာအကျီနဲ့ ဓါတ်ပုံရိုက်ကြတာ အရမ်းလှတယ် ..

my son ကတော့ ပုဂံလိုမျိုး ရှေးဟောင်းဘုရားတွေရှိတာပါ)

ဒါကတော့ အချိန်သိပ်များများ မရဘူးဆိုတဲ့ သူတွေအတွက် trip plan လေးကို မျှဝေပေးတာပါ .. ကိုယ်တိုင်သွားလည်း ဒီအစီအစဉ်လေးအတိုင်းသွားရင် အချိန်ကုန်သက်သာပါတယ် ..

You’re welcome ☺️

Leave a Reply

Back to top