Vietnam မှာ လည်ပတ်ခဲ့တဲ့ မြို့ပေါင်း ၁၁ မြို့မှာ အကြိုက်ဆုံးမြို့လေးတွေကိုပြောပြမယ် ..

No.1 – Ha Giang

Vietnam ရဲ့ အမြင့်ဆုံးတောင်တန်းတွေကို မျက်စိတဆုံး ခံစားလို့ရတဲ့နေရာပေါ့.. ဒါပေမဲ့ bike tour သွားရတာဖြစ်လို့ ပင်ပမ်းတယ် .. လူငယ်တွေ ၊ ကျန်းမာရေးကောင်းတဲ့ လူတွေလောက်ပဲအဆင်ပြေတယ် .. အေးအေးဆေးဆေး အနားယူ အပမ်းဖြေချင်တဲ့သူတွေနဲ့မကိုက်ဘူး ..

Vietnam မှာ လည်ပတ်ခဲ့တဲ့ မြို့ပေါင်း ၁၁ မြို့မှာ အကြိုက်ဆုံးမြို့လေးတွေကိုပြောပြမယ် ..

No.2 – Sapa

သူလည်းတောင်တန်းတွေနဲ့လှတယ် .. အေးဆေး နားချင်တဲ့သူတွေ .. ရှုခင်းကြည့် ကော်ဖီဆိုင်တွေပတ်သွားချင်တဲ့သူတွေအတွက် အဆင်ပြေတယ် .. အဲဒီမှာ hiking tour တွေလည်း popular ဖြစ်တယ် .. ဒါပေမဲ့ ရာသီဥတုအခြေအနေပေါ်မူတည်သေးတာပေါ့နော် ..

No.3 – Mai Chau

လူများတာမကြိုက်ဘူး .. တိတ်တိတ်ဆိတ်ဆိတ်နဲ့ လုံးဝကို အေးချမ်းတဲ့ ရွာသေးသေးလေးမှာ .. လူတွေနဲ့ အဝေးဆုံး သွားချင်ရင် ဒီနေရာက အဆင်အပြေဆုံးပဲ .. ကြက်တွန်သံနဲ့ ပုရစ်သံတွေကလွဲရင် ဘာသံမှမကြားရ .. tourists အလာလည်း အရမ်းနည်းလို့ .. တကယ့် တကယ်ကိုမှ စိတ်အပမ်းပြေတဲ့နေရာလေး .. တောင်တန်းပတ်ပတ်လည် ဝိုင်းထားပြီး ဘယ်ကြည့်ကြည့် စပါးခင်းတွေအပြည့်နဲ့ .. ထပ်သွားချင်သေးတယ် အဲဒီနေရာလေးကို .. ဒါပေမဲ့ အစားအသောက်ဆိုင်တွေတော့ရှားလို့ နည်းနည်းပြသနာရှိတယ် ..

Vietnam မှာ လည်ပတ်ခဲ့တဲ့ မြို့ပေါင်း ၁၁ မြို့မှာ အကြိုက်ဆုံးမြို့လေးတွေကိုပြောပြမယ် ..

No.4 – Danang

သူက မြို့ကြီးဖြစ်ပေမဲ့ .. Hanoi တို့ Hochimin တို့လောက် လူသိပ်မရှုပ်လို့ သဘောကျတယ် .. ကမ်းခြေကြီးကလည်း အရှည်ကြီးပဲ .. လူရှင်းတဲ့ကမ်းခြေတွေသွားပြီး အေးအေးဆေးဆေး အနားယူလို့ရသလို .. မြို့အပြင်ဖက်နည်းနည်းထွက်လိုက်တာနဲ့ကို တောင်တန်းတွေရဲ့အလှက တော်တော်လေးမိုက်လို့ ပင်လယ်+တောင်တန်း vibe နှစ်မျိုးလုံး တစ်ပြိုင်တည်း ခံစားချင်ရင် သွားသင့်တဲ့နေရာတစ်ခုပဲ .. နောက်တစ်ခုကောင်းတာက အစားအသောက်လည်း မျိုးစုံရတယ် .. ဗီယက်နမ်စာ မကြိုက်တဲ့သူတွေအတွက်လည်း .. ကိုရီးယား တရုတ်ဆိုင်တွေပေါတယ် .. စျေးလည်းသက်သာလို့ အဆင်ပြေတာပေါ့ .. Hoi An တို့ Hue တို့နဲ့လည်း သိပ်မဝေးတော့ နေ့ချင်းပြန် day trip လေးတွေ သွားလို့ရသေးတယ်

No.5 – Dalat

ဒါလတ်မြို့လေးကိုလည်း သဘောကျပေမဲ့ ဘာလို့ နောက်ဆုံးမှာထားလဲဆိုတော့ Emma သွားတဲ့အချိန်က off season ဖြစ်တာကြောင့် အပြင်ထွက်လည်ဖို့ အဆင်မပြေလို့ ၂ ပတ်လုံး hostel ထဲပဲနေနေရတာများတယ် .. ဘယ်မှလည်းသိပ်မရောက်လိုက်ဘူး .. ရာသီဥတုအတော်လေးအေးတာ .. မိုးရွာတဲ့အချိန်များတယ် .. နောက်ပြီးတော့ hochimin ကနေဆိုရင် ၆ နာရီလောက် ၊ Danang ကနေဆိုရင် ၁၂ နာရီလောက် သွားရတဲ့ နေရာမှာ ရှိတာမို့ .. အလည်သက်သက်ပဲ ခဏသွားချင်တဲ့လူတွေအတွက် အဆင်မပြေဘူး .. အချိန်ရရင်တော့ သွားသင့်တဲ့နေရာတစ်ခုပါ .. season ချိန်ဆိုရင်တော့ ပန်းတွေနဲ့ အရမ်းကိုလှ .. 😊

သွားခဲ့ဖူးတဲ့နေရာတွေထဲမှာတော့ ဒါတွေအကြိုက်ဆုံးပေါ့ .. ဒါပေမဲ့ ရာသီဥတုကြောင့် ၊ မုန်တိုင်းကြောင့် မသွားဖြစ်ခဲ့တဲ့ မြို့တွေလည်းရှိတယ် .. အဲဒါတွေကတော့ နောက်တစ်ခေါက်မှပဲ သွားကြည့်ပြီး review ပြန်ပေးတော့မယ် ..

ခရီးသွားရင် အရေးအကြီးဆုံးကတော့ ရာသီဥတုအခြေအနေပါပဲနော် .. အဲဒါမို့ မသွားခင် စုံစမ်းပြီးမှသွားကြပါ .. အခုတော့ ရေကြီးနေတယ်ကြားတာပဲ 😅 ..

Emma ကတော့ နောက်နှစ် April, May လောက်မှ Vietnam ပြန်ရောက်ဖြစ်မယ်ထင်တယ် .. အဲဒီအချိန် လည်ချင်တဲ့သူတွေရှိရင် လာခဲ့ကြနော် .. လောလောဆယ်ကတော့ အိန္ဒိယမှာပဲ .. Feb လောက်ထိ ရှိပါမယ် .. review လေးတွေကိုတော့ ဖြည်းဖြည်းချင်း တင်ပေးသွားမယ်နော် .. စောင့်ကြည့်ပေးကြပါဦး .. 😊

Leave a Reply

Back to top