ဒီနေရာလေးက ဘာလီကျွန်းမှာရှိတဲ့ မီးတောင်ရှင်တစ်ခုဖြစ်တဲ့ Mount Batur လို့ခေါ်တဲ့နေရာလေးပါ .. ဘာလီကျွန်းရဲ့ မြောက်ဖက်နားမှာရှိပြီး တော်ယုံ tourist တွေသိပ်မလာကြတဲ့နေရာတစ်ခုပေါ့ .. လူစည်ကားတဲ့ Kuta လိုနေရာမျိုးကနေဆိုရင် တော်တော်လေးလှမ်ရလို့ ကားနဲ့ ၂ နာရီခွဲ ၃ နာရီလောက်သွားရတယ် .. လာရောက်လည်ပတ်ကြတဲ့သူအများစုကမှာ တောင်တက်ပြီး နေထွက်တာကြည့်ကြဖို့ပါ .. အဲဒီက နေထွက်ချိန် မြင်ရတဲ့မြင်ကွင်းက အရမ်းကိုလှပါတယ် .. တိမ်တွေရဲ့အပေါ်မှာ မီးတောင်ထိပ်ဖျားလေးကိုမြင်ရတာ .. Emma ဆိုရင်လည်း အဲဒီ tracking အရမ်းကို…
group တွေထဲမှာ မကြာခဏ မေးကြတဲ့ မေးခွန်းတွေကို တစ်စု တစ်စည်းတည်းဖြစ်အောင် .. ပြန်တင်ပေးထားပါတယ် နိုင်ငံခြား ခရီးသွားတဲ့အခါ လိုအပ်တဲ့အချက်အလက်တွေ .. (ဘယ်နိုင်ငံသွားသွား အခြေခံ လိုအပ်ချက်တွေက တူပါတယ် ..) 1. Passport Passport သက်တမ်း အနည်းဆုံး ၆ လကျန်ရပါမယ် 2. Visa Visa က ကိုယ်သွားမဲ့ နိုင်ငံအပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ် .. မြန်မာတွေအများစု သွားလေ့ ရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေကတော့ visa ကင်းလွတ်လို့…
India အကြောင်းတွေပဲ တင်နေတာများလို့ ဒီတစ်ခါ အပြောင်းအလဲဖြစ်အောင် .. Emma ဗီယက်နမ်သွားတုန်းက Halongbay tour လေး သွားခဲ့တဲ့အကြောင်းပြောပြပေးမယ်နော် .. Halongbay က Hanoi မြို့ကနေ ကားနဲ့ ၂ နာရီလောက် အကွာအဝေးမှာရှိလို့ .. နေ့ချင်းပြန်သွားလို့ရပါတယ် .. ဒါပေမဲ့ တချို့က ရှုခင်းကြည့်ရင်းနဲ့ပဲ cruise ပေါ်မှာ အိပ်ချင်ရင် 1 Night / 2 Nights tour တွေလည်းရှိပါတယ် .. စျေးကတော့ ကိုယ်…
Vietnam က မြန်မာ passport holder တွေ အတွက် visa exemption ရက် ၃၀ ရလို့ .. အလုပ်ရှုပ်ခံစရာမလိုဘဲ passport ရှိယုံနဲ့ အလွယ်တကူသွားလို့ရပါတယ် .. Emma ကတော့ မြန်မာကနေ တိုက်ရိုက်သွားတာ မဟုတ်ဘဲ တခြားနိုင်ငံတွေကနေ သွားတာဖြစ်လို့ လေယဉ်ခ သိပ်မကုန်ခဲ့ဘူး .. တိုက်ရိုက် ထက်စာရင် ဘန်ကောက်ကနေ transit နဲ့ သွားတာက ပိုပြီး သက်သာ အဆင်ပြေမယ် .. ဘန်ကောက်ကိုလည်း လည်ပတ်ရင်း…
ဘာလီ လို့ပြောလိုက်ရင် တော်တော်များများက … ဂေါ်ဇီလာ ခေါင်းပုံဆိုပြီး နာမည်ကြီးတဲ့ .. klingking beach ဆိုတဲ့နေရာလေးကိုပဲမျက်စိထဲသွားမြင်ကြမှာပေါ့ .. (တကယ်တမ်းကျတော့ klingking ဆိုတာ သူတို့ဘာသာစကားနဲ့ လက်ချောင်းသေးသေးလေးလို့ခေါ်ကြတာပါ) Klingking beach က ဘာလီကျွန်းပေါ်မှာရှိတာတော့မဟုတ်ပါဘူး .. ဘာလီကနေ Ferry နဲ့ တစ်နာရီလောက် စီးရင်ရောက်တဲ့ Nusapanida ဆိုတဲ့ကျွန်လေးမှာ ရှိတာပါ .. ဘာလီသွားတဲ့သူတိုင်းကတော့ အဲဒီကျွန်းကို မဖြစ်မနေ သွားကြတယ် .. တချို့ကလည်း နေ့ချင်းပြန် .. တစ်ချို့ကလည်း…
အလုပ်ကိစ္စကြောင့် အကြာကြီးနေတာကို ပြောတာမဟုတ်ဘူးနော် .. အလုပ်နဲ့ မဟုတ်ဘဲ အလည်သက်သက်ကို ဘယ်လောက်ကြာကြာ ခရီးသွားဖူးလဲလို့ပါ .. Emma ကတော့ 138 ရက် တိတိ .. အကြာဆုံးပါပဲ .. အဲဒါထက်နည်းပြီးတော့ 2 လ ၊ 3 လ လောက်လည်း သွားဖူးပါတယ် ဒါပေမဲ့ အကြာဆုံးခရီးကို ပြောပါဆိုရင် .. 138 ရက် ( ၄ လခွဲ ၅ လနီးပါးကို ကြာတာပါ) အဓိကကတော့ India…
အခုပဲရောက်တယ် အခုပဲရေးတင်တော့မယ် .. (ချန်ထားရင် အကြွေးတွေများပြီး ပျင်းရင်းနဲ့ မတင်ဖြစ်တော့မှာစိုးလို့) လည်စရာနေရာတွေထက် အတွေ့အကြုံလေးတွေကိုပြောပြချင်တာ .. India က အရင်လည်း ရောက်ဖူးတယ်ဆိုပေမဲ့ .. သွားခဲ့တဲ့နေရာတွေက မတူတော့ .. ဒါကလည်းအသစ်ဖြစ်နေတာပေါ့ .. (India က ကိုယ်သွားတဲ့နေရာပေါ်မူတည်ပြီး လုံးဝကွာခြားပါတယ် .. နေရာတိုင်း အတူတူ တစ်သတ်မှတ်ထဲရှိတာမဟုတ်လို့ ဒီ ပို့စ်လေးက Kolkata တစ်ခုအတွက်ပဲ ရည်ရွယ်ပါတယ်) စစချင်း အတွေ့အကြုံက လေဆိပ်မှာ အင်တာနက် ချိတ်မရတာပဲ .. လေဆိပ်က…
India ကိုပတ်သွားရင်း Bodh Gaya ကိုပါဝင်မယ်ဆိုတော့ သူငယ်ချင်းတွေကတောင် ဘာသွားလုပ်မှာလဲတဲ့ Bodh Gaya ဆိုရင် တော်တော်များများက ထွက်ရပ်ပေါက်နေတဲ့သူတွေ သွားတဲ့နေရာ ၊ အသက်အရွယ်ကြီးတဲ့သူတွေနဲ့ ဘုန်းကြီး ၊ သီလရှင်တွေ တရားကျင့်ကြံတဲ့နေရာ ၊ ဘုရားဖူးတဲ့နေရာလို့ပဲထင်ကြတယ် တကယ်တမ်းကျတော့ Gaya က Buddhism တွေအတွက် Holy place လို နေရာမျိုးသာမက .. တခြားနိုင်ငံခြားသားခရီးသွားတွေအတွက်လည်း attraction နေရာ တစ်ခုဖြစ်တာကြောင့် တော်တော်များများ လာရောက်လေ့လာ လည်ပတ်လေ့ရှိကြပါတယ် .. Hinduism…
မြန်မာတွေကတော့ ဗာရာဏသီ လို့ခေါ်ကြတယ် .. ကမ္ဘာ့ရှေးဟောင်းအကျဆုံး မြို့တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီးတော့ နှစ်ပေါင်း ၃၀၀၀ ကျော် မင်းဆက်အမျိုးမျိုး အုပ်စိုးခဲ့တဲ့မြို့ဖြစ်တာကြောင့် .. ယဉ်ကျေးမှုမျိုးစုံ ထွန်းကားတဲ့မြို့လည်းဖြစ်တယ် .. နှစ်ပေါင်းများစွာကတည်းက ဂင်္ဂါမြစ်ကမ်းတစ်လျှောက် ဆိပ်ကမ်းတွေမှာ ရောင်းဝယ်ဖောက်ကားတဲ့ အလေ့အထလည်း ရှိပြီးတော့ ယနေ့ထက်ထိလည်း ချည်ထည်၊ပိုးထည် လုပ်ငန်းတွေ ၊ လက်မှုပစ္စည်းတွေ နဲ့ အသီးအနှံ စားသောက်ကုန် လုပ်ငန်းတွေအများကြီးတွေ့ရတယ် .. များသောအားဖြင့် Hindu ဘာသာကိုကိုးဝယ်ကြပေမဲ့ .. Mughal မင်းဆက် အုပ်စိုးတဲ့အချိန်မှာလည်း Islam…
အိန္ဒိယမှာလေ တချို့ ပြတိုက်တွေ .. အထိမ်းအမှတ်နေရာတွေမှာ ဝင်ကြေးပေးရရင် သေချာသတိထားပြီးကြည့်ပါ .. BIMSTEC citizens ဆိုတဲ့နေရာမှာ Myanmar နိုင်ငံသားတွေ အကြုံးဝင်လို့ ဒီနေ့ဆို foreigner ကြေး မပေးရဘဲ .. 40 rs ပဲပေးရတယ် .. သေချာသာမကြည့်မိရင် 600 rs တောင်ပေးရမှာ နေရာတိုင်းတော့မဟုတ်ပါဘူး .. တော်တော်များများကတော့ local/foreigner ပဲ ခွဲထားတာ .. ဒါပေမဲ့ Taj Mahal မှာလည်း အဲဒီလိုပဲပါလို့ သက်သာတယ်…