အဲဒါကြောင့်ပဲ meditation လုပ်ပြီး တရားထူးတရားမြတ်ရ သွားတဲ့သူတွေလည်းရှိတာပေါ့ ..
အခုပြောနေတာ “ဘာသာရေးခေါင်းစဉ်”တစ်ခုအောက်ကမဟုတ်ဘူးနော် ..
အကောင်းမြင်စိတ်ထားတဲ့သူဆီကို ကောင်းတဲ့အရာတွေလာတယ် ၊ မကောင်းမြင်စိတ်များတဲ့သူဆီကို မကောင်းတဲ့အရာတွေလာတယ်ဆိုတာ “တိုက်ဆိုင်မှု”သက်သက်မဟုတ်ဘူး ..
စိတ်စွမ်းအင် (တနည်းအားဖြင့်) လူတွေရဲ့ဦးဏှောက် မှတ်ဥာဏ်ဖွဲ့စည်းပုံက အံ့ဩစရာကောင်းတာကိုပြောပြတာပါ ..
အဲဒါကြောင့်လည်း ရောဂါတစ်ခုခုဖြစ်ရင်တောင် အဲဒီလူနာရဲ့ “စိတ်ကျန်းမာရေး” ဘယ်လောက်ထိ strong ဖြစ်လဲဆိုတာ အရေးကြီးကြောင်း ဆရာဝန်တွေ အမြဲတမ်းပြောလေ့ရှိတယ် ..
ခုနောက်ပိုင်း westerners တွေကြားမှာ ပိုရေပန်းစားလာတဲ့ အကြောင်းအရာက တရားထိုင် တာပါပဲ .. ဘာသာရေးသက်ဝင်ယုံကြည်မှုထက် စိတ်စွမ်းအင်ကို လေ့ကျင့်ပေးတာဆိုရင်ပိုမှန်တယ် ..
ဟိုတစ်နေ့က hostel မှာ အားလုံးထိုင်ပြီး ရောက်တတ်ရာရာ စကားပြောကြတော့ .. တရားထိုင်ရင်း ဝိဥာဉ်လွှင့်တဲ့ အကြောင်းတွေပါပါတယ် .. (အရင် ဆယ်နှစ်လောက်ကဆိုရင် ဒါတွေ ယုံကြည်မိမှာမဟုတ်ဘူး ၊ အခုတော့ nothing is impossible ပါ .. ကိုယ်မသိနိုင် နားမလည်နိုင်တာတွေ ဒီကမ္ဘာမှာအများကြီး)
အဲဒီစကားတွေပြောနေတဲ့သူက EU ဖက်က tech company မှာ အလုပ်လုပ်နေတဲ့သူ .. meta VR တွေအတွက် app တွေကို သူတို့လုပ်ပေးရတာ ..
သူ့ professional နဲ့ သူပြောတဲ့ အကြောင်းအရာတွေနဲ့ဆို လုံးဝမသက်ဆိုင်သလိုပဲလို့ ထင်ရပေမဲ့ .. ကိုယ်ကတော့ စိတ်ဝင်တစားနဲ့ နားထောင်နေလိုက်တယ် .. လူ့ခန္ဒာကိုယ်ကို computer တစ်ခုလို programs တွေသွင်းပြီး train ပေးလို့ရကြောင်း ပြောပြတော့ .. (သူပြောတာတွေကတော့ ပိုပြီး details ကျတာပေါ့နော်) .. အပေါ်မှာပြောခဲ့တဲ့ “စိတ်စွမ်းအင်” .. “အကောင်းမြင်၊အဆိုးမြင်”ခြင်းတွေနဲ့ .. ခုခေတ် လူတော်တော်များများ ပြောနေကြတဲ့ “manifesting “ တွေကိုပါ ဆက်စပ်တွေးမိသွားတယ် ..
အဲဒါက တကယ်တော့ ရူးမိုက်တာမဟုတ်ဘူး ..
“You attract what you scared of” ဆိုတဲ့ theory ကိုလည်း ကြားဖူးမှာပေါ့ ..
“ကောင်းတာတွေပဲ ဖြစ်လာမယ်လို့ ယုံကြည်ထားရင် ဖြစ်လာမှာပါ” ..
တချို့လူတွေ “ဆုတောင်းတယ်” ဆိုတာကလည်း တစ်ဖက်ပြန်တွေးရင် “ဆုတောင်းတွေ ဖြစ်လာမယ်ဆိုတဲ့ ယုံကြည်ချက်” .. စိတ်စွမ်းအင် တစ်မျိုးပါပဲ ..
ကိုယ်ယုံကြည်ရာ ဘာသာတရားကိုပဲဖြစ်ဖြစ် ၊ ဒါမှမဟုတ် ကိုယ့်ကိုကိုယ်ပဲဖြစ်ဖြစ် confident ရှိရှိနဲ့ .. ငါလုပ်နိုင်မှာပါ .. ဖြစ်လာမှာပါ .. အကောင်းတွေပဲတွေး .. လူ့စိတ် (ဦးဏှောက်) ရဲ့အလုပ်လုပ်နိုင်စွမ်းအားက ထင်ထားတာထက် အများကြီး ပိုပါတယ် ..
