စျေးအမှန်အတိုင်းပြောကြလားဟင် ..

ကိုယ်ကတော့ သက်သာစေချင်လို့ အမှန်အတိုင်း သက်သာတဲ့ စျေးပြောလိုက်တာပဲ .. ဒါပေမဲ့ သူကတစ်ဖက်မှာ စျေးကြီးမိသွားလို့ မပျော်နိုင်ဘူးဖြစ်သွားတော့ ကိုယ်ပါစိတ်ထဲမကောင်းဘူး .. 😅

မပြောလိုက်မိရင်ကောင်းသားလို့ တွေးနေတာ ..

အခု hostel မှာတွေ့တဲ့ Brazil ကကောင်မလေးပေါ့ .. မနက်ဖြန် ရေတံခွန်သွားမှာတဲ့ ပြောလို့ .. ငါကသွားပြီးသွားပြီ မနေ့ကပဲဆိုတော့ ..

“ဘယ်လိုသွားတာလဲ ဘယ်လောက်ကုန်လဲတဲ့ “?

Bus နဲ့သွားတာ အသွားအပြန် ဝင်ကြေးနဲ့မှ 200k .. (less than 10$) ပဲကုန်တယ်ဆိုတော့ ..

သူ tour နဲ့သွားဖို့ booking လုပ်ပြီးသွားပြီ 1 million ကျော်ပေးရတယ်ဆိုတော့ .. ဘာပြောလို့ ပြောရမလဲမသိတော့ ..

အဲဒါနဲ့သူလည်း ပိုက်ဆံအများကြီး ကုန်သွားတယ်ဆိုပြီး စိတ်ဆင်းရဲနေရှာကော .. အဲဒါနဲ့ စိတ်ပြောင်းသွားအောင် .. နင် ဒါပြီးဘယ်ဆက်သွားမှာလဲဆိုတော့ Ha Giang တဲ့ .. အဲဒါနဲ့ ကိုယ်လည်းကြွားချင်တာ အရမ်းလှတဲ့အကြောင်း ငါအခုပဲ အဲဒီကနေ လာတဲ့အကြောင်းပြောတော့ .. ဘယ်လောက်ပေးရလဲတဲ့ ထပ်မေးပြန်ရော ..

ကိုယ်ကလည်း သူ့ကိုသက်သာစေချင်တဲ့ စိတ်နဲ့ USD 130 ပဲပေးရတယ် .. နင် contact လိုချင်ရင် ငါပေးမယ်ဆိုပြီးပြောတော့ .. သူက booking လုပ်ပြီးသားတဲ့ 230 ပေးရတယ်တဲ့ ဆိုတော့ ထပ်ဂွမ်းပြန်ရော .. 😅 .. သူတော့ ဒီညအိပ်မပျော် ဖြစ်လောက်တယ် ..

အဲဒါမို့လေ .. ဝယ်ပြီးသား ပစ္စည်းတစ်ခုစျေးကို မမေးတာ အကောင်းဆုံးပဲနော် .. ကိုယ်လည်း အဲလိုဖြစ်ဖူးတယ် .. သိလိုက်ရတော့လည်း မကောင်းဘူး .. ပြန်ပြင်လို့မှမရတော့တာနော် .. မဝယ်ခင်သာ သေသေချာချာလိုက်မေး .. နောက်ပြီး .. စျေးမေးရမှာကို မရှက်နဲ့ .. ခရီးသွားရင် အရေး အကြီးဆုံးအချက်ပဲ .. 😄 ပြီးရင် ဒီတစ်နေရာပဲ စျေးမေးပြီး မဝယ်နဲ့ .. ၂ နေရာ ၃ နေရာလောက်တော့ အနည်းဆုံးမေး ..

တူရကီမှာတုန်းကလည်း မီးပုံးပျံစီးတဲ့စျေးကိုလေ .. တစ်မြို့လုံးလိုက်မေးတာ .. နောက်ဆုံး 130 Euro နဲ့ရခဲ့တယ် .. သူများတွေ မေးကြည့်တော့ 200 ပေးရတဲ့သူနဲ့ 250 ပေးရတဲ့သူနဲ့ ..

အီဂျစ်မှာအဆိုးဆုံးပဲ .. Scuba diving 🤿 ကို 250 Euro တောင်းတာနော် .. နောက်ဆုံး အဆောင်မှာ အတူတူတည်းတဲ့ ရုရှားမလေးက သူတို့ Russian agency ကနေလှမ်း ဝယ်ပေးတာ 25 USD နဲ့ရတယ် ဘယ်လောက်တောင် ကွာလဲဆိုတာ .. 😅

အဲဒါမို့ scam မမိချင်ရင် မမိအောင်လည်းသတိရှိရတယ် .. ကိုယ့်အပေါ်မှာလည်း အများကြီး မူတည်တယ် .. scam မိမှာ ကြောက်နေရင်တော့ ဘယ်မှ သွားလို့ရတော့မှာမဟုတ်ဘူး ဒါမျိုးက နိုင်ငံတိုင်းမှာရှိတယ်ဆိုတော့လေ ..

Leave a Reply

Back to top