India ရဲ့ မြို့တွေအထင်ကရနေရာတွေမှာတင်မကဘဲ အခုလို တောထဲတောင်ထဲမှာလည်း ခံတပ်ရဲတိုက်ကြီးတွေရှိတယ် ..
Local တွေကတော့ အခုလိုမိုးရာသီဆို အဲဒီလိုခံတပ်ကြီးတွေရှိတဲ့ဆီ trekking သွားကြလေ့ရှိတယ် .. ဘာဖြစ်လို့မိုးရာသီမှသွားလဲဆိုတော့ အပင်တွေကစိမ်းစိမ်းစိုစိုနဲ့ .. လမ်းတစ်လျှောက်လည်း ရေတံခွန်တွေ စမ်းချောင်းတွေနဲ့ အရမ်းကိုလှနေလို့ပေါ့ ..
(နွေရာသီဆိုရင်တော့ ခြောက်ကပ်ကပ်နဲ့ သိပ်မလှဘူး)

ဒီနေရာလေးကတော့ Maharashtra ပြည်နယ်ထဲမှာရှိတဲ့ .. Torna Fort လို့ခေါ်တဲ့ ခံတပ်နေရာလေးဖြစ်ပါတယ် .. ကားနဲ့ အနီးဆုံးနေရာထိ သွားလို့ရပေမဲ့ .. တမင်ကို trekking လမ်းတစ်လျှောက်ရှုခင်းတွေ ကြည့်ရင်း သွားချင်တာဖြစ်လို့ .. လမ်းလျှောက်ရတာ ကီလိုမီတာ ၇၀ ကျော် သွားတယ်
.. လမ်းမှာ တစ်ညအိပ်ပါတယ် ..
ညအိပ်တဲ့ရွာလေးကတော့ သေးသေးလေးမို့ ဘာမှမရှိဘူး .. ကြမ်းပြင်မှာပဲ ဖျာခင်းပြီး အိပ်ရတာမို့ တော်တော်လေးအေးတယ် .. (အဲဒီဖက်က မိုးရာသီဆိုရင် ဆောင်းတွင်းလိုပဲ အေးပါတယ်)
အစားအသောက်ကလည်း အိမ်ရှင်တွေချက်ကျွေးတဲ့ ချပါတီနဲ့ပဲဟင်းပဲ ရွေးချယ်စရာမရှိဘူး .. အားလူးကြော်နဲ့ ဘီစကစ်လေးတွေ ယူသွားတာတော်သေးတယ် .. ဝယ်စားစရာ ဆိုင်လည်းမရှိလို့ပါ .. ![]()
အိန္ဒိယကို ပထမဆုံး တစ်ခေါက်သွားတုန်းက local သူငယ်ချင်းတွေ လိုက်ပို့ပေးလို့ ရောက်သွားဖြစ်တာ .. အမှတ်တရလေး .. မိုးတွင်းဆိုရင် ပြန်သွားချင်တာ .. ![]()
(တချို့ပုံလေးတွေက Google map ကနေရှာပြီး ပြန်တင်ပေးထားတာပါ .. အမ်မာတို့ သွားတုန်းက လမ်းမှာတင် ဖုန်းအားကုန်သွားပြီး ဓါတ်ပုံသိပ်မရိုက်လိုက်ရလို့ နှမြောလိုက်တာ ..
)
