
ဒီလို ကျောက်တုံးလေးတွေ အဆင့်ဆင့် ထပ်စီထားတာကို Stone stacking (cairns) လိုခေါ်ပါတယ် .. တချို့ကလည်း stones castle ပေါ့ ..
အဲဒီလို ကျောက်တုံးလေးတွေ ပြိုမကျသွားအောင် စီ
ရီ ထားပုံက .. လူ့ဘဝရဲ့ အရေးကြီးတဲ့ “ဟန်ချက်ညီမျှမှု ၊ သဟစာတဖြစ်မှု” ကို ကိုယ်စားပြုပြီးတော့ .. စိတ်ငြိမ်အောင်လေ့ကျင့်တဲ့ အနေနဲ့လည်း လုပ်ကြတယ် ..
နောက်တစ်ချက်အနေနဲ့လည်း သဘာဝတရား နဲ့ပိုပြီးနီးစပ်စေဖို့အတွက် ရည်ရွယ်ကြပါတယ် ..
ဟိမဝန္တာဒေသမှာရှိတဲ့ တိဘက်၊ဘူတန်၊နီပေါ တို့လိုနိုင်ငံတွေမှာကတော့ .. stone stacking ကို .. ဆုတောင်းဝတ်ပြု၊ တရားထိုင်တဲ့ အနေနဲ့ ပြုလုပ်ကြလေ့ရှိပါတယ် ..
နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ယုံကြည်မှုတွေကတော့ ကွာတာပေါ့နော် .. တောထဲတောင်ထဲ သွားတဲ့သူတွေကတော့ လမ်းမပျောက်အောင် အမှတ်အသားအနေနဲ့လည်း လုပ်ကြတာရှိသလို .. တချို့က ပျောက်ဆုံးသွားတဲ့ လူတွေအတွက်လည်း ရည်ရွယ်ပြီး ပြုလုပ်ကြတယ်တဲ့ ..
ဒီနေ့ ပန်းခြံထဲမှာ အများကြီးတွေ့ခဲ့လို့ .. ပြန်ပြီး sharing လုပ်လိုက်တာပါ .. ဟို ကြိုးနဲ့ အပေါ်ကနေ တန်းလန်းဆွဲတာမျိုးကတော့ အရင်က မမြင်ဖူးဘူး .. သိတဲ့သူရှိရင် ပြောသွားကြပါဦး .. ![]()
