ဘုရားဖူးရာသီလည်းဖြစ်ပြီးတော့ .. အမ်မာ့ဆီ India visa လာလုပ်တဲ့ customers တွေအများစုကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ဗုဒ္ဓဂါယာကို ဘုရားဖူးလေး သွားချင်ကြတယ်ပြောလို့ .. သွားလို့အဆင်ပြေမဲ့ လမ်းကြောင်းလေးတွေ အမ်မာပြောပြပါမယ် .. ရန်ကုန်ကနေ ဂါယာကို ဒီရာသီမှာ တိုက်ရိုက် လေယဉ်ရှိပေမဲ့ လက်မှတ်ဝယ်ဖို့ မလွယ်ပါဘူး .. ဘုရားဖူး အဖွဲ့တွေ company တွေကိုပဲ အဓိကရောင်းလို့ပါ .. အဲဒါကြောင့်မို့ ကိုယ့်ဖာသာ သွားမယ်ဆိုရင် Kolkata ကနေ တဆင့် ပြည်တွင်းလေယဉ် .. ဒါမှမဟုတ်…
အခုလို နိုဝင်ဘာလရောက်ပြီဆိုရင် အမြဲသွားချင်စိတ်ဖြစ်မိတဲ့ နေရာက “ကလောမြို့လေး” ပဲ … သူများတွေဆိုရင် ရှမ်းပြည်ကို အလည်သွားရင် တောင်ကြီး၊အင်းလေး အရင်ရောက်ဖူးကြတယ် … ကိုယ်ကတော့ ကလောကို ပထမဆုံးရောက်ဖူးခဲ့တာ … ငယ်ငယ်က စိုင်းထီးဆိုင်တို့ ၊ စိုင်းဆိုင်မောတို့ သီချင်းတွေ ကြားတိုင်း သွားချင်ဖူးခဲ့တဲ့ ရှမ်းပြည် … ဆရာမ ခင်ခင်ထူးရေးတဲ့ “ပန်းကြာဝတ်မှုံ” စာအုပ်လေးထဲမှာ တစ်ခန်းလောက်ပဲ ပါခဲ့ပေမဲ့ .. ဆရာမရဲ့ အရေးအသားကောင်းမှုကြောင့် .. ကိုယ်တိုင် ထင်းရူးတောလေးထဲ ရောက်သွားသလိုခံစားရပြီးတော့ …..
မြန်မာ Passport ကိုင်ထားတဲ့သူဆိုရင် .. လက်ရှိဘယ်နိုင်ငံပဲရောက်နေနေ India ကို Visa ကြေး Free နဲ့ 1 year multiple entries လျှောက်လို့ရပါတယ် .. India e-Visa (Visit) လျှောက်ဖို့အတွက်ဆိုရင် အရင်တုန်းက India ရောက်ခဲ့ဖူးရင်တော့ Visa Type က 1 year multiple entries ပါ တစ်ခါနေရင် အများဆုံး ရက် ၉၀ ထိနေလို့ရပါတယ် .. service charges…
Day 1 ဒေလီလေဆိပ်မှ ကြိုဆိုပြီး .. မနာလီကို ကားဖြင့် (၁၀ နာရီခန့်) သွားရပါမယ် .. လမ်းတစ်လျှောက်မှာ ဟိမဝန္တာတောင်တန်းတွေရဲ့ သဘာဝ အလှတွေကို ကြည့်ရှုခံစားနိုင်မှာပါ မနာလီကို ညနေဖက်မှာ ရောက်ရှိမှာဖြစ်ပြီး .. ဟော်တယ်မှာ တစ်ညတာ နားခိုပါမယ် Day 2 မနာလီ တောင်ကြားမှာရှိတဲ့ လည်ပတ်စရာ နေရာတွေ ၊ ဘုရားကျောင်းတွေနဲ့ တခြား ရေခဲပြင်မှာ လုပ်လို့ရတဲ့ activities တွေကို ပြုလုပ်လို့ရပါတယ် .. ညနေရောက်ရင်တော့ မြို့ထဲလမ်းလျှောက်…
အိန္ဒိယမြောက်ပိုင်း Kashmir ခရီးစဉ်လေးတွေရှိပါတယ် .. ရုပ်ရှင်တွေထဲမှာ မြင်ပြီး အရမ်းသွားချင်ခဲ့တဲ့နေရာလေးပေါ့.. Feb/March နှင်းတွေကျချိန်မှာ နှင်းတောင်ပေါ်က ဟိုတယ်လေးမှာ ၂ ညတည်းမယ် အင်းလေးကန်လိုပဲ အရမ်းလှတဲ့ Dal Lake လို့ခေါ်တဲ့ ရေကန်ထဲက Boat House လေးမှာ ၁ ညတည်းမယ် မြို့တော် ဒေလီမှာလည်း လည်ပတ်ပြီး ၁ ညတည်းမှာဖြစ်ပါတယ် ခရီးစဉ် အစအဆုံး .. လေယဉ်လက်မှတ် (ပြည်တွင်း၊ပြည်ပ) ၊ Hotel ၊ ဗီဇာ ၊ Guide…
တစ်ကမ္ဘာလုံး sit တွေဖြစ်ကြတော့ စဉ်းစားမိတာ မthayခင်မှာ ဘာလုပ်သွားချင်လဲပေါ့ .. ရယ်စရာပြောတာမဟုတ်ဘူးနော် .. လူဆိုတာကတော့ အခုမthay လည်း နောက်thay မှာ .. sitကြောင့် မဟုတ်လည်း တခြားကြောင့် .. ၉၆ပါး ရောဂါ အများကြီးပဲ ဖြစ်နိုင်တာတွေ .. စောတာနဲ့ နောက်ကျတာပဲကွာတာ .. bucket list လေးပေါ့ .. အခုမှမဟုတ်ဘူး အဲဒီ list က အမ်မာ့မှာ အရင်ကတည်းကရှိိတယ် .. လုပ်ချင်တာတွေလုပ်ပြီး ပျော်ပျော်ကြီးနေသွားမယ်ပေါ့…
Istanbul မှာရှိတဲ့ ဒီ Galata Tower ကို လူတိုင်းသိကြမယ်လို့ထင်ပါတယ် .. Social Influencers တွေ Travel Vloggers တွေအများစုရဲ့ ဓါတ်ပုံတွေ ဗီဒီယိုတွေထဲမှာ နည်းမျိုးစုံနဲ့ ပါလာတတ်တယ် .. တချို့ကလည်း rooftop စားသောက်ဆိုင် တွေမှာ ဂါဝန်အရှည်ကြီးတွေ နဲ့ စင်ရော်ငှက်တွေနဲ့ ရိုက်ကြတာပေါ့ .. တူရကီကို အလည်အပတ်သွားကြတဲ့ သူတိုင်းလည်း မဖြစ်မနေ သွားလေ့ရှိတဲ့ နေရာတစ်ခုပါ .. သူကတော့ ဥရောပဖက် အခြမ်းမှာ ရှိပြီးတော့ Galata…
Bohol Island ဆိုတာ Philippines နိုင်ငံမှာရှိတဲ့ နာမည်ကျော် Tourist attraction တွေထဲကတစ်ခုပါ … အဓိက Bohol ကို လူသိများအောင် လုပ်ပေးတဲ့အရာတွေက Tarsier လို့ခေါ်တဲ့ ချစ်စရာ သတ္တဝါသေးသေးလေးတွေ နဲ့ အလွန်လှပပြီး unique ဖြစ်တဲ့ ချောကလက်တောင်ကုန်းတွေပါ .. Tarsier တွေက primate လို့ခေါ်တဲ့ မျောက်မျိုးနွယ်ဝင်တွေထဲမှာ အသေးဆုံးဖြစ်ပြီးတော့ .. မျိုးသုန်းပျောက်ကွယ်ခါနီး endanger animals တွေထဲမှာ ပါနေပါပြီ .. တစ်ကမ္ဘာလုံးမှာ ကောင်ရေ…
Karnak Temple ဟာ Egypt မှာရှိတဲ့ အထင်ရှားဆုံးနဲ့ အကျော်ကြားဆုံး ဖာရိုဘုရင်တွေတည်ဆောက်ခဲ့တဲ့ ဘုရားကျောင်းတစ်ခုဖြစ်ပြီး သက်တမ်းအားဖြင့်နှစ်ပေါင်း ၃၀၀၀ ကျော်လောက်ရှိပြီလို့ ခန့်မှန်းထားကြပါတယ် .. ဖာရိုတွေခေတ်တုန်းက အလွန်နာမည်ကြီးခဲ့တဲ့ ဘုရင် Ramses II နဲ့ Hatshepsut ဘုရင်မတို့ တည်ထားခဲ့ကြတာပါ .. ဖာရိုဘုရင်တွေဟာ တမလွန်ဘဝကို အလွန်အလေးထားခဲ့သူတွေဖြစ်တာကြောင့် .. သူတို့ မသေခင်မှာရော .. သေဆုံးသွားပြီးချိန်မှာကော ဝတ်ပြုဆုတောင်းလို့ရအောင် ဘုရားကျောင်ဆောင်တွေကို အလွန်ကြီးမားပြီး ခမ်းနားထည်ဝါအောင် တည်ဆောက်ခဲ့ကြပါတယ် .. ကာနတ် ဘုရားကျောင်းကတော့…
၁။ အလုပ်လုပ်မဲ့သူတွေမလာပါနဲ့ .. ဒီမှာနေပြီး online ကနေ တခြား freelance or remote လုပ်တဲ့သူတွေလာလို့ရပါတယ် .. ၂။ အစားအသောက်ဂျီးများရင်အမလာပါနဲ့ .. မြန်မာတွေစားနေကျအရသာမျိုးတွေ ရှိဖို့မလွယ်ပါဘူး .. Indian food တွေ ကြိုက်တတ်တယ်ဆိုရင်တော့ အစားအသောက်မရှားပါဘူး .. ၃။ လူတွေနဲ့အရမ်းကြီးဆက်ဆံရေးအဆင်မပြေတဲ့ introvert type တွေနဲ့အဆင်မပြေပါ .. local တွေက ခင်ဖို့ကောင်းတဲ့သူတွေလည်းရှိသလို တချို့စွာတတ်တဲ့ သူတွေလည်းရှိပါတယ် .. အားလုံးနဲ့ လိုက်လျောညီထွေ နေတတ်တဲ့သူမျိုးမှအဆင်ပြေမှာပါ …..