Karnak Temple ဟာ Egypt မှာရှိတဲ့ အထင်ရှားဆုံးနဲ့ အကျော်ကြားဆုံး ဖာရိုဘုရင်တွေတည်ဆောက်ခဲ့တဲ့ ဘုရားကျောင်းတစ်ခုဖြစ်ပြီး သက်တမ်းအားဖြင့်နှစ်ပေါင်း ၃၀၀၀ ကျော်လောက်ရှိပြီလို့ ခန့်မှန်းထားကြပါတယ် .. ဖာရိုတွေခေတ်တုန်းက အလွန်နာမည်ကြီးခဲ့တဲ့ ဘုရင် Ramses II နဲ့ Hatshepsut ဘုရင်မတို့ တည်ထားခဲ့ကြတာပါ .. ဖာရိုဘုရင်တွေဟာ တမလွန်ဘဝကို အလွန်အလေးထားခဲ့သူတွေဖြစ်တာကြောင့် .. သူတို့ မသေခင်မှာရော .. သေဆုံးသွားပြီးချိန်မှာကော ဝတ်ပြုဆုတောင်းလို့ရအောင် ဘုရားကျောင်ဆောင်တွေကို အလွန်ကြီးမားပြီး ခမ်းနားထည်ဝါအောင် တည်ဆောက်ခဲ့ကြပါတယ် .. ကာနတ် ဘုရားကျောင်းကတော့…
၁။ အလုပ်လုပ်မဲ့သူတွေမလာပါနဲ့ .. ဒီမှာနေပြီး online ကနေ တခြား freelance or remote လုပ်တဲ့သူတွေလာလို့ရပါတယ် .. ၂။ အစားအသောက်ဂျီးများရင်အမလာပါနဲ့ .. မြန်မာတွေစားနေကျအရသာမျိုးတွေ ရှိဖို့မလွယ်ပါဘူး .. Indian food တွေ ကြိုက်တတ်တယ်ဆိုရင်တော့ အစားအသောက်မရှားပါဘူး .. ၃။ လူတွေနဲ့အရမ်းကြီးဆက်ဆံရေးအဆင်မပြေတဲ့ introvert type တွေနဲ့အဆင်မပြေပါ .. local တွေက ခင်ဖို့ကောင်းတဲ့သူတွေလည်းရှိသလို တချို့စွာတတ်တဲ့ သူတွေလည်းရှိပါတယ် .. အားလုံးနဲ့ လိုက်လျောညီထွေ နေတတ်တဲ့သူမျိုးမှအဆင်ပြေမှာပါ …..
Egypt က နာမည်ကြီး tourist attractions တွေဖြစ်တဲ့ .. နှစ်ပေါင်း ၄၀၀၀ ကျော်က temples တွေ ၊ ဘုရင်တွေရဲ့ အုတ်ဂူတွေနဲ့ အထိမ်းအမှတ်နေရာတွေအများစုက Luxor မှာတည်ရှိတာပါ .. မြို့လေးကသေးသေးလေးဖြစ်ပေမဲ့ .. ကမ္ဘာကျော် သမိုင်းဝင်နေရာတွေအများကြီးရှိတာကြောင့် ခရီးသွားတွေနဲ့ အဆက်မပြတ်စည်ကားနေတဲ့ မြို့လေးပေါ့ .. Luxor မှာဆိုရင် နိုင်းမြစ်ရဲ့ အရှေ့ဖက်ကမ်းမှာ လူတွေနေထိုင်ကြပြီး .. အနောက်ဖက်ကမ်းမှာကတော့ ရှေးခေတ်က ဘုရင်တွေကိုမြှုပ်နှံတဲ့ အလေ့အထ ရှိတာကြောင့် .. Valley…
ဗုဒ္ဓဂါယာမြို့လေးက အပူပိုင်းမိုးနည်းဒေသမှာတည်ရှိတာပါ .. မြို့ထဲဝင်ဝင်ချင်း ခံစားမိတာက မြန်မာပြည်က အညာဒေသကိုရောက်သွားသလိုပဲ .. ထန်းပင်တွေ မကျည်းပင်တွေနဲ့ .. ဖုန်လေးလည်းရှုရသေးတယ် .. လယ်ကွင်းတွေ စိုက်ခင်းတွေများတယ် .. နွားတင်းကုပ်တွေ ကောက်ရိုးပုံတွေနဲ့ တကယ့်ကဗျာဆန်ဆန်ပဲ .. ကိုယ်ဆိုရင် ကောက်ရိုးပုံဘေး ပို့စ်ပေးခဲ့သေးတယ် .. ရာသီဥတုကလည်း အညာလိုပဲ နွေရာသီဆိုရင်တော့ တော်တော်လေးပူတယ် .. ဒါပေမဲ့ နောက်လ June ကစပြီး မိုးနည်းနည်း စရွာမယ်ဆိုတော့ အပူလျော့ပြီး နေလို့ထိုင်လို့ အဆင်ပြေတယ် .. အကောင်းဆုံးအချိန်ကတော့…
အခုတလော .. လာအို ဗီယက်နမ်ဖက်တွေ visa run ရင်း တော်တော်များများ သွားကြတာတွေ့လို့ .. Hanoi က အရမ်းအဆင်ပြေတဲ့ Hostel လေးတစ်ခုကို recommend ပေးချင်လို့ .. နာမည်ကတော့ city backpackers Hostel ပါ .. Downtown area .. Night market နားမှာပဲရှိလို့ သွားလာရ အဆင်ပြေတယ် .. စားသောက်ဆိုင်တွေ ၊ convenient store တွေနဲ့ လည်းနီးတယ် …..
ပထဆုံးအချက်ကတော့ လူဦးရေပေါ့နော် .. group tour တွေက တခြားလူတွေနဲ့ ပေါင်းပြီး သွားရတာဖြစ်လို့ လူများတယ် .. private tour ကတော့ ကိုယ်တွေအတွက်ပဲ သီးသန့် စီစဉ်ပေးတာဖြစ်လို့ တစိမ်းတွေနဲ့ အတူတူသွားစရာမလိုဘဲ ပိုလွတ်လပ်တယ် .. ဒုတိယကတော့ အချိန် .. group tour တွေက သူတို့ သတ်မှတ်ထားတဲ့ရက်ပဲထွက်တာ .. အဲဒီရက်ကို ကိုယ်အားအောင်လုပ်ထားမှအဆင်ပြေမယ် .. Private ကျတော့ ဘယ်နေ့ ဘယိအချိန်သွားချင်လဲဆိုတာ သူများနဲ့ ညှိနေစရာမလိုဘူး …..
ဟိုးအရင်တုန်းက “ဘုံဘေ” လို့ခေါ်ကြတဲ့ “မွန်ဘိုင်း” မြို့ .. မြို့တော်မဟုတ်ပေမဲ့ တစ်နိုင်ငံလုံးမှာ အတိုးတက်ဆုံးမြို့လို့လည်းပြောလို့ရတယ် .. ဆိပ်ကမ်းမြို့ဖြစ်လို့ ကုန်သွယ်ရေး စီးပွါးရေးကောင်းတယ် ၊ နောက်တစ်ခုက ဘောလိဝုဒ် ရုပ်ရှင်လုပ်ငန်းကြောင့်လည်း လူသိများတယ် .. မြို့လည်ခေါင်မှာဆိုရင် ကိုလိုခေတ်က ရှေးဟောင်း အဆောက်အဦးတွေနဲ့ အရမ်းလှတဲ့ church ကျောင်းတွေ ၊ ဗလီတွေရှိတယ် .. (အဲဒီလိုမျိုး ရှေးဟောင်း အဆောက်အဦးတွေ တော်တော်များများ တွေ့ဖူးပေမဲ့ .. မွန်ဘိုင်းမှာ တွေ့ရတာတွေက ပိုပြီး လက်ရာမြောက်တယ်လို့ပြောရမယ်) …..
Emma အခု ရောက်နေတဲ့ မြို့လေးက Kolhapur လို့ခေါ်တဲ့ မြို့လေးပါ .. အရမ်းနာမည်ကြီးတဲ့ မြို့မဟုတ်လို့ .. တကူးတက အလည်လာတဲ့ သူတော့ရှားပါတယ် .. အနီးစပ်ဆုံး လူသိများတဲ့ မြို့ကိုပြောပါဆိုရင်တော့ Goa ပါ .. ကီလိုမီတာ ၂၀၀ ကျော်ဝေးပြီး ကားနဲ့ဆို ၅ နာရီလောက် သွားရပါတယ် .. Tourist တွေ လာနေကျမဟုတ်တဲ့ နေရာဖြစ်လို့ .. English လိုတော့ အရမ်းကြီး မသုံးကြပါဘူး .. local…
ဘာလီရောက်ရင် Nusapanida အပြင် နောက်ထပ် မဖြစ်မနေ သွားသင့်တဲ့နေရာတစ်ခုက Ubud ပါ .. တော်တော်များများ social media မှာ နာမည်ကြီးတဲ့ လှေခါးထစ် စပါးခင်းတွေ နဲ့ ဂါဝန်အရှည်ကြီးဝတ် ဒန်းစီးကြတဲ့နေရာပေါ့ .. Emma ကတော့ မစီးခဲ့ပါဘူး .. (သွားတဲ့သူများတာကော ဓါတ်ပုံ တစ်ပုံရဖို့ အချိန်ကုန် လူပင်ပမ်းခံပြီး ပိုက်ဆံလည်းကုန်လို့ ) ဒန်းစီးတာထက်ပို စိတ်လှုပ်ရှား ပျော်စရာကောင်းတဲ့ rafting ပဲလုပ်ခဲ့တယ် .. ဘာလီက ကမ်းခြေတွေနဲ့ မတူပဲ…
ဒီနေရာလေးက ဘာလီကျွန်းမှာရှိတဲ့ မီးတောင်ရှင်တစ်ခုဖြစ်တဲ့ Mount Batur လို့ခေါ်တဲ့နေရာလေးပါ .. ဘာလီကျွန်းရဲ့ မြောက်ဖက်နားမှာရှိပြီး တော်ယုံ tourist တွေသိပ်မလာကြတဲ့နေရာတစ်ခုပေါ့ .. လူစည်ကားတဲ့ Kuta လိုနေရာမျိုးကနေဆိုရင် တော်တော်လေးလှမ်ရလို့ ကားနဲ့ ၂ နာရီခွဲ ၃ နာရီလောက်သွားရတယ် .. လာရောက်လည်ပတ်ကြတဲ့သူအများစုကမှာ တောင်တက်ပြီး နေထွက်တာကြည့်ကြဖို့ပါ .. အဲဒီက နေထွက်ချိန် မြင်ရတဲ့မြင်ကွင်းက အရမ်းကိုလှပါတယ် .. တိမ်တွေရဲ့အပေါ်မှာ မီးတောင်ထိပ်ဖျားလေးကိုမြင်ရတာ .. Emma ဆိုရင်လည်း အဲဒီ tracking အရမ်းကို…