India Visa အမေးများလို့ ပြန်ပြီးပြောပြတာပါ ..

အရင်တုန်းကလည်းတင်ထားတာတော့ရှိတယ် .. India Visa က တစ်နှစ် Multiple Entries ဆိုရင် ..

* လျှောက်တဲ့ရက်ကစပြီး တစ်နှစ်သက်တမ်းရတယ် ..

* တစ်နှစ်အတွင်း ဘယ်အချိန်သွားသွား သွားလို့ရပါတယ် ..

* တစ်နှစ်အတွင်း အကြိမ်ရေကန့်သတ်မရှိ ဝင်ထွက်လို့ရပါတယ် ..

* တစ်ခါဝင်ပြီးရင် အများဆုံး ရက် ၉၀ ထိနေထိုင်ခွင့်ရှိပါတယ် ( ၉၀ ပြည့်ရင် မဖြစ်မနေပြန်ထွက်ရပါတယ် )

* ဘယ်နှကြိမ်ဝင်ထားတာပဲဖြစ်ဖြစ် အိန္ဒိယနိုင်ငံတွင်းမှာ နေခဲ့တဲ့ စုစုပေါင်းရက် အရေအတွက်က ပြက္ခဒိိန်

နှစ် တစ်နှစ်မှာ အများဆုံး ရက် ၁၈၀ ပါ (၂၀၂၄ မှာ ရက် ၁၈၀ နေပြီးရင် ၂၀၂၄ မှာထပ်ဝင်လို့မရတော့ဘဲနဲ့ ၂၀၂၅ ကျရင်တော့ ပြန်ဝင်လို့ရမှာပါ)

* visit visa type တွေက သက်တမ်းတိုးလို့မရပါဘူး .. visa ကုန်သွားရင် နိုင်ငံပြင်ပထွက် .. visa အသစ်ပြန်လျှောက်ပြီးမှ ပြန်ဝင်လို့ရပါတယ်

* ရက် ၉၀ ထက်ပိုပြီးကြာကြာနေချင်ရင်တော့ တခြား visa type တွေပြောင်းလျှောက်ပါ .. အဲဒီ visa တွေ အကြောင်းတော့ သေချာမသိပါဘူး ..

အမ်မာ့ဆီမျာတော့ Visit visa (ETA) ပဲ လျှောက်ပေးပါတယ်ရှင့် 😊 .. တခြားသိချင်တာရှိရင်တော့ messenger ကနေပဲ လာမေးလိုက်တော့နော် ..

Leave a Reply

Back to top