OCI ကဒ်ဆိုတာ ဘာလဲ

India Visa service လုပ်တော့ .. တချို့ နားမလည်တဲ့သူတွေက OCI လျှောက်ချင်လို့ပါ ဆိုပြီး လာမေးကြတယ် ..

OCI ကဒ်ကိုင်ထားရင် .. India မှာ နှစ်အကန့်အသတ်မရှိ .. နိုင်ငံသားတွေလိုပဲ နေထိုင်ခွင့်ရှိတယ် .. မဲပေးလို့မရဘူး၊လယ်မြေဝယ်လို့မရဘူး၊အစိုးရဝန်ထမ်းလုပ်လို့မရဘူး .. အဲဒါကလွဲရင် ကျန်တာ စီးပွါးရေး ဘာညာ အကုန်လုပ်လို့ရတယ် ..

OCI ရဲ့ အရှည်ကောက်က Overseas Citizens of India ပါ ..

ပြည်ပရောက်နေတဲ့ အိန္ဒိယနွယ်ဖွါးတွေအတွက် ထုတ်ပေးတဲ့ ကဒ်ပါ .. အိန္ဒိယနွယ်ဖွါးမဟုတ်ရင် လျှောက်လို့မရပါဘူး .. ဆိုလိုတာက .. ကိုယ့် မျိုးရိုးစဉ်ဆက်မှာ .. အဖိုး၊အဖွားတွေကပဲဖြစ်ဖြစ် .. အဖေအမေ ကပဲဖြစ်ဖြစ် အိန္ဒိယကလာတာ .. အိန္ဒိယမှာ ဆွေမျိုးသားချင်းတွေရှိတယ် .. လက်ရှိတော့ ကိုယ်က တခြားနိုင်ငံသားခံယူထားတယ်ဆိုရင် OCI လျှောက်လို့ရပါတယ် ..

နောက်တစ်ခုကျတော့ ကိုယ့်မျိုးနွယ်မှာ Indian မစပ်ပေမဲ့ India နိုင်ငံသား (သို့) OCI card holder နဲ့ လက်ထပ်ထားတယ်ဆိုရင်လည်း လျှောက်လို့ရတယ် ..

အကျဉ်းချုံးပြောရရင် India နဲ့ ပတ်သတ်နေတဲ့သူတွေပဲလျှောက်လို့ရတာပါ .. လူတိုင်းမရပါဘူး ..

ခဏခဏ ရှင်းပြနေရလို့ ပို့စ်ရေးလိုက်တာပါ ..

တချို့က OCI လျှောက်ချင်တယ် လာမေးလို့ .. ညီမလေးက ဘာလူမျိုးလဲဆိုတော့ “တရုတ်” တဲ့ .. 😅 .. အိန္ဒိယမှာ အမျိုးရှိလားဆိုတော့လည်း မရှိဘူး .. အသိတောင်မရှိဘူး .. ဘယ်သူက သူ့ကို OCI လျှောက်ဆိုပြီး မြှောက်ပေးလိုက်လဲမသိပါဘူး ..

ဒါလေးက ကျန်တဲ့သူတွေလည်း ဗဟုသုတရအောင် ပြောပြတာပါ .. Emma ဆီမှာ OCI card မလျှောက်ပေးပါဘူးရှင့် .. process ကလည်း ရှုပ်ပါတယ် .. ကြာပါတယ် .. ကိုယ်တိုင်လျှောက်ချင်ရင် ရန်ကုန်မှာရှိတဲ့ အိန္ဒိယသံရုံးမှာ လူကိုယ်တိုင် သွားရောက် စုံစမ်းကြည့်ပါ ..

Leave a Reply

Back to top