Ubud (Bali)

ဘာလီရောက်ရင် Nusapanida အပြင် နောက်ထပ် မဖြစ်မနေ သွားသင့်တဲ့နေရာတစ်ခုက Ubud ပါ .. တော်တော်များများ social media မှာ နာမည်ကြီးတဲ့ လှေခါးထစ် စပါးခင်းတွေ နဲ့ ဂါဝန်အရှည်ကြီးဝတ် ဒန်းစီးကြတဲ့နေရာပေါ့ .. Emma ကတော့ မစီးခဲ့ပါဘူး .. (သွားတဲ့သူများတာကော ဓါတ်ပုံ တစ်ပုံရဖို့ အချိန်ကုန် လူပင်ပမ်းခံပြီး ပိုက်ဆံလည်းကုန်လို့ 😅) ဒန်းစီးတာထက်ပို စိတ်လှုပ်ရှား ပျော်စရာကောင်းတဲ့ rafting ပဲလုပ်ခဲ့တယ် 😊 ..

ဘာလီက ကမ်းခြေတွေနဲ့ မတူပဲ Ubud ကတော့ တောင်ပေါ်ဒေသမှာရှိတဲ့ မြို့သေးသေးလေးပါ .. မြို့ထဲဝင်တာနဲ့ အအေးဓါတ်က သိသိသာသာပိုလာတယ် .. နောက်တစ်ခု ကျွန်းတွေမှာရှိတတ်တဲ့ ရာသီဥတုလ်ုမျိုးပဲ အချိန်မဟုတ် မခါမဟုတ်လည်း မိုးရွာတတ်တယ် .. အဲဒါမို့ ထီး၊မိုးကာဆောင်သွားပါ .. ဟိုမှာလည်း ရောင်းတဲ့နေရာတွေရှိပါတယ် .. တမြို့လုံးနီးပါးက လက်ဆောင်ပစ္စည်း ရောင်းတဲ့ ဆိုင်သေးသေးလေးတွေချည်းပဲ .. ရောင်စုံ ဒီဇိုင်းစုံနဲ့ တော်တော်လေး ချစ်စရာကောင်းပါတယ် .. ကော်ဖီဆိုင် စားသောက်ဆိုင်တွေလည်း ထိုနည်း၄င်းပဲ .. တစ်ဆိုင်နဲ့တစ်ဆိုင် အပြိုင်အဆိုင် decoration လှလှလေးတွေနဲ့ ဝန်ထမ်းတွေကလည်း အရမ်းဖော်ရွေပါတယ် .. Tourist အလာများတဲ့နေရာမို့ English လိုလည်း ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ကြတယ် .. အစားအသောက်တွေကတော့ local Indonesian food အပြင် အနောက်တိုင်းစာ ၊ တရုတ်၊ထိုင်း၊ ကိုရီးယား၊အိန္ဒိယ အစုံရှိလို့ မစားနိုင်မှာမပူရဘူးနော် .. စားလွန်ရလို့ကိုခက်နေတာ 😅 ..

Indonesia ကလည်း ကော်ဖီစိုက်ပျိုးတဲ့ နေရာဖြစ်လို့ .. ကော်ဖီကလည်းတော်တော် သောက်လို့ကောင်းပါတယ် .. ဒါပေမဲ့ သူတိုါအခေါ် ဘာလီ ကော်ဖီပေါ့နော် အဲဒါကိုတော့မကြိုက်ဘူး .. သူက black coffee လိုမျိုးကိုပဲ သကြားနဲ့ဖျော်တာ .. နွားနို့ or creamy မပါလို့ .. Emma ကတော့ cappuccino or latte အဲလို ကော်ဖီလေးတွေ သောက်လို့ကောင်းတယ် ..

စျေးနှုန်းအနေနဲ့ကလည်း ထွေထွေထူးထူး ပြောနေစရာသိပ်မလိုဘူး .. ပုံမှန် မြန်မာက စားသောက်ဆိုင်တွေလောက်ပဲ .. ၅၀၀၀ နဲ့ ၂၀၀ဝဝ ဝန်းကျင် .. stake တွေ ၊ hotpot တွေစားရင် ၂၅၀၀၀ – ၃၅၀၀၀ ဝန်းကျင်ပဲ .. Beach နားက ဆိုင်တွေဆိုရင်တော့ စျေးနည်းနည်းပိုမှာပေါ့နော် .. ဒါပေမဲ့လည်း တခြား tourist နေရာတွေနဲ့ ယှဉ်ရင်တော့ သက်သာပါသေးတယ် ..

ပြီးတော့ Ubud မှာက လူပိုရှင်းပြီး အေးအေးဆေးဆေးနဲ့ နေလို့ကောင်းတယ် .. Homestay Hostel တွေလည်းပေါလို့ ရက်ရှည်နေချင်တဲ့သူတွေလည်း စားရိတ်ချွေတာလို့ရတယ် .. Emma ဆိုရင် ubud မှာပဲ ၁ ပတ်လောက် နေဖြစ်တယ် .. Rafting လုပ်ရတဲ့ experience ကလည်း အရမ်းမိုက်တယ် .. ဒါပေမဲ့ ဖုန်းတွေ ယူသွားဖို့ အခက်အခဲရှိလို့ video တော့ မရိုက်ခဲ့ရဘူး .. ရေစီးရဲ့ အရှိန်ကြောင့် တစ်ခါတစ်လေ လှေမှောက်တာတို့ ဘာတို့ဖြစ်တတ်လို့ .. ဒါပေမဲ့ life vest တွေဝတ်ပြီးသွားရတာမို့ အန္တရာယ်တော့ မရှိပါဘူး .. ပြီးတော့ guide တွေကလည်း ကျွမ်းကျင်ပြီး အရမ်းသဘောကောင်းကြတယ် ..

နောက်ထပ်ပြီး ပျော်စရာကောင်းတဲ့ experience ကတော့ monkey forest သွားပြီး မျောက်ကလေးတွေနဲ့ selfie ရိုက်ရတာပါ .. ဝင်ကြေးအပြင်ကို monkey selfie အတွက်က လက်မှတ်သက်သက်ထပ်ဝယ်ရတယ် .. စျေးအရမ်းမကြီးဘူး .. ပိုက်ဆံကုန်ရကျိုးလည်းနပ်တယ် .. မျောက်လေးတွေက လူယဉ်ပြီး ချစ်စရာလည်းကောင်းတယ် .. ဒါပေမဲ့ တစ်ခုပဲ .. အစားအသောက်တွေ ၊ မျက်မှန်တို့ ဦးထုပ်တို့ .. လက်ဝတ်ရတနာတွေ ပါသွားရင် သေချာ ဂရုစိုက်ပါ မထင်ရင် မထင်သလို လုပြေးတတ်လို့ 😅 .. ရေဗူးတွေဆိုရင်လည်း လုပြီး အဖုံးဖွင့်သောက်တတ်သေးတယ် .. တိရစ္ဆာန်လေးတွေ ချစ်တတ်တဲ့ သူတွေအတွက်တော့ သူတို့ကိုထိုင်ကြည့်ရင်း ပျော်နေ ရီနေရတယ် ..

Ubud နားဝန်းကျင်မှာ တခြားလည်ပတ်စရာ ရေတံခွန်တွေ စမ်းချောင်းတွေ လည်းရှိသေးတယ် .. Emma ကတော့ အကုန်မရောက်ခဲ့ဘူး .. Ubud ကနေ .. Mount Batur လို့ခေါ်တဲ့ မီးတောင်ရှင်ရှိတဲ့နေရာကိုလည်း သွားချင်သေးလို့ Ubud မှာ နားနားနေနေပဲ အခန်းထဲနေလိုက် .. စျေးပတ်ကြည့်လိုက် Spa သွားလိုက် မုန့်စားလိုက်ပဲအချိန်ြဖြုန်းခဲ့တယ် ..

Mount Batur အကြောင်းကိုတော့ နောက် ပို့စ် တစ်ခုမှာပဲ ပြောပြတော့မယ် .. စောင့်ကြည့်ပေးကြဦးနော် .. အားလုံးကိုကျေးဇူးပါ 😇

Leave a Reply

Your email address will not be published. Required fields are marked *

Back to top