Mount Batur (Bali)

ဒီနေရာလေးက ဘာလီကျွန်းမှာရှိတဲ့ မီးတောင်ရှင်တစ်ခုဖြစ်တဲ့ Mount Batur လို့ခေါ်တဲ့နေရာလေးပါ .. ဘာလီကျွန်းရဲ့ မြောက်ဖက်နားမှာရှိပြီး တော်ယုံ tourist တွေသိပ်မလာကြတဲ့နေရာတစ်ခုပေါ့ .. လူစည်ကားတဲ့ Kuta လိုနေရာမျိုးကနေဆိုရင် တော်တော်လေးလှမ်ရလို့ ကားနဲ့ ၂ နာရီခွဲ ၃ နာရီလောက်သွားရတယ် .. လာရောက်လည်ပတ်ကြတဲ့သူအများစုကမှာ တောင်တက်ပြီး နေထွက်တာကြည့်ကြဖို့ပါ .. အဲဒီက နေထွက်ချိန် မြင်ရတဲ့မြင်ကွင်းက အရမ်းကိုလှပါတယ် .. တိမ်တွေရဲ့အပေါ်မှာ မီးတောင်ထိပ်ဖျားလေးကိုမြင်ရတာ .. Emma ဆိုရင်လည်း အဲဒီ tracking အရမ်းကို သွားချင်ပေမဲ့ .. ခြေထောက်နာနေလို့ မသွားဖြစ်ခဲ့ဘူး .. ဒါပေမဲ့ တောင်ခြေကနေ မြင်ရတဲ့မြင်ကွင်းတွေကလည်း အရမ်းကိုလှပါတယ် .. အခုထိတိုင် လောင်ကျွမ်းဆဲမီးတောင်ရှင်ဖြစ်ပြီး တစ်ခါတစ်လေဆို ပြာတွေ မီးခိုးတွေထွက်တာမျိုးတွေ့ရတတ်ပါတယ် ..

နောက်ထပ်တစ်ခု Emma သတိထားမိတာကပေါ့နော် .. ဘာလီကကျွန်းတွေရဲ့ ရာသီဥတုမျိုး မိုးကောင်းတာ ရှိတယ် ပြီးတော့ ဟိုးအရင်တုန်းက ချော်ရည်တွေပြာတွေကြောင့် မြေဆီမြေနှစ်ကောင်းလို့ စိုက်ပျိုးရေးလည်းတော်တော်ဖြစ်ထွန်းတဲ့နေရာဖြစ်တယ် .. Ubud ဆို နေရာမျိုးမှာဆိုရင် စပါးခင်းတွေနေရာအနှံ့တွေ့နိုင်ပြီးတော့ Mt Batur မှာဆိုရင် နေရာအနှံ့သီးနှံစိုက်ခင်းတွေတွေ့ရမှာပါ .. Emma ဆိုရင် အဲဒီလိုမျိုး စိုက်ခင်းတွေထဲသွား အပင်တွေကြည့်ရတာ အရမ်းဝါသနာပါတယ် .. ကြက်သွန်၊ခရမ်းချဉ်သီး၊ဂေါ်ဖီ၊ပန်းပွင့် ၊ ငရုတ်သီး နဲ့ တခြား အသီးပေါင်းများစွာကိုလည်း အပင်မှာမြင်ရတာ တမျိုးလေး ကြည့်လို့ကောင်းတယ်ပေါ့နော် .. အဲဒီလိုမျိုး စိုက်ခင်းတွေရှိတာကြောင့် အစားအသောက်တွေလည်းပေါပြီး စျေးတန်တာထင်တယ် ..

My Batur မှာ တောင်မတက်ချင်ဘူးဆိုရင် တခြား လည်ပတ်စရာတွေက ဘုရားကျောင်းတွေရှိမယ် .. ရေကန်ရှိမယ် .. ရေကန်မှာ ငှါးမျှားလို့လည်းရတယ် .. နောက်ပြီး .. မီးတောင်ကြောင့် သဘာဝအတိုင်းရတဲ့ ရေပူစမ်းတွေလည်းရှိလို့ အေးအေးဆေးဆေး အနားယူ ရေကူးလို့လည်းရတယ် .. Emma ကတော့ တစ်နေရာရောက်ရင် အကြာကြီး တစ်ပတ်လောက် အေးဆေးနေ .. စိုက်ခင်းတွေထဲလျှောက်လည် .. ညနေခင်းလမ်းလျှောက်နဲ့ အဲဒီနေရာလေးကိုသဘောကျတယ် .. လူမရှုပ်တော့ အရမ်းအေးချမ်းလို့ .. Emma သွားတုန်းကနေတဲ့ Home stay က မိသားစုဆိုရင် အရမ်းကို သဘောကောင်းပြီး ပျော်တတ်လို့ လာသမျှဧည့်သည်တွေကို အမြဲတမ်းမုန့်တွေလုပ်ကျွေး သူတို့ရဲ့ local wine တိုက် ညဖက်ဆို မီးပုံပွဲနဲ့ သီချင်းတွေဆိုကြ ကကြနဲ့ အရမ်းပျော်ဖို့ကောင်းတယ် ..

ဒါပေမဲ့ mt Batur မှာ Emma မကြိုက်တဲ့ အချက်တစ်ခုတော့ရှိပါတယ် .. အဲဒါကတော့ ယင်ကောင်အရမ်းပေါတာပါ .. သူ့ရဲ့ ရေမြေ ရာသီဥတုကြောင့်ဖြစ်မယ်ထင်တယ် .. ဘယ်သွားသွား ယင်ကောင်တွေအများကြီးတွေ့ရလို့ .. အစားအသောက် စားရင်တော့ တော်တော်လေး ဒုက္ခရောက်တယ် .. အဲဒါက season ပေါ်မူတည်လား အမြဲဒီလိုပဲလားတော့ မသိဘူး .. အဲဒီဟာ တစ်ခုက လွဲရင်တော့ ကျန်တာ အကုန် အဆင်ပြေပြီး သွားရကျိုးနပ်တဲ့ နေရာလေးတစ်ခုပါ .. အဲဒါကြောင့် ဘာလီရောက်လို့ အချိန်ရခဲ့ရင်တော့ အေးဆေးသွားပြီး အနားယူကြည့်ပေါ့ .. 

ဒါလေးကတော့ Emma ရဲ့ ဘာလီ trip က နောက်ဆုံးနေရာလေးပါ .. 

တခြားသိချင်တဲ့အကြောင်းအရာရှိရင် စာပို့ပြီး လှမ်းမေးလို့ရပါတယ် …

ဘာလီမှမဟုတ်ဘူး .. တခြား နိုင်ငံတွေ သွားဖို့အတွက် လိုအပ်တဲ့ လေယဉ်လက်မှတ် ၊ ဟော်တယ်ဘိုကင်တွေကိုလည်း သက်သာတဲ့ စျေးနှုန်းနဲ့ အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါတယ် ..

Leave a Reply

Your email address will not be published. Required fields are marked *

Back to top