Antalya: Jewel of the Turkish Riviera

Emma အခုကတော့ Antalya ဆိုတဲ့ မြို့လေးကို ရောက်နေတာပါ .. တူရကီရဲ့ တောင်ဘက်ပိုင်းမှာရှိပြီးတော့ .. ရာသီဥတုက တခြားမြို့တွေနဲ့ ယှဉ်ရင် ပိုပူတာကြောင့် တချို့ ဥရောပဖက်က အအေးရှောင်ချင်တဲ့သူတွေ အလာများတဲ့ Tourist မြို့လေးပါ ..

Istanbul လိုမြို့ကြီးမဟုတ်ပေမဲ့ .. လူစည်ကားပြီး developed ဖြစ်တဲ့မြို့ဖြစ်တာကြောင့် သွားလာရ လွယ်ကူပြီး international airport လည်းရှိတဲ့အတွက်ကြောင့် .. တချို့ဆို Antalya ကို တိုက်ရိုက်အလည်လာကြပါတယ် ..

အနီးတဝိုက်မှာ လှပတဲ့ ကမ်းခြေတွေအများကြီးရှိပြီးတော့ Kleopatra Beach ကတော့ Tourist တွေကြားမှာ နာမည်အကြီးဆုံးကမ်းခြေတစ်ခုပေါ့ .. သူကတော့ မြို့ကနေ ၂ နာရီလောက် ထပ်သွားရပြီးတော့ ရှုခင်းတွေလည်း အရမ်းလှတယ်လို့ တော်တော်များများက ပြောကြပါတယ် ..

Emma ကတော့ Antalya မှာ ခဏပဲနေဖြစ်လို့ မြို့ထဲနီးတဲ့ ကမ်းခြေကိုပဲ သွားခဲ့ပါတယ် ..

တူရကီရဲ့ မြို့ တော်တော်များများမှာ .. Metro , Train နဲ့ Trams တွေ ရှိပြီးတော့ Visa card နဲ့ သုံးလို့ရတာကြောင့် တော်တော်လေး အဆင်ပြေပါတယ် ..

Istanbul မှာကတော့ Visa card ကို Metro တွေအတွက် သုံးလို့မရပါဘူး .. Istanbul City Card ဆိုတာမျိုး သပ်သပ်လုပ်ရပြီးတော့ .. ရက်တွက်နဲ့ ပေးရတာရှိသလို .. ခရီးစဉ်အလိုက် ပေးရတာမျိုးလည်းရှိပါတယ် ..

လူဦးရေ ထူထပ်တဲ့နိုင်ငံဖြစ်တာကြောင့် Traffic အရမ်းများတဲ့အတွက်ကြောင့် ကားနဲ့ဆိုရင်တော့ အချိန်ပိုကြာတတ်ပါတယ်

Emma သွားတဲ့အချိန်ကတော့ holiday season ဖြစ်တာကြောင့် ရုံးတွေ ကျောင်းတွေပိတ်ပေမဲ့ .. ပန်းခြံတွေ၊ကမ်းခြေတွေလိုမျိုး လည်ပတ်စရာနေရာတွေမှာတော့ ပျော်ပွဲစားထွက်လာကြတဲ့ မိသားစုတွေနဲ့ တော်တော်လေး စည်ကားပါတယ်

နိုင်ငံရဲ့ လှပတဲ့နေရာ ရှုခင်းတွေအပြင် Emma သိခဲ့ရတဲ့ ဒေသခံလူတော်တော်များများကလည်းသဘောကောင်းပြီး ဖော်ရွေတတ်ကြတာကြောင့် .. သွားရောက် လည်ပတ်သင့်တဲ့ နိုင်ငံတစ်ခုလို့ Emma ကတော့ ထင်မြင်မိပါတယ် ..

Emma video လေးတွေကို ကြည့်ပေးကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ် 😇

Leave a Reply

Your email address will not be published. Required fields are marked *

Back to top