Cappadocia’s Underground Cities

ကမ္ဘာစစ်ကြီးအတွင်းမှာ လူတွေက စစ်ဘေးဒဏ်ကနေ လွတ်မြောက်အောင် မြေအောက်လိုဏ်ခေါင်းတွေတူးပြီးတော့ နေခဲ့ကြပါတယ် ..

တချို့နေရာတွေကတော့ ပျက်ဆီးသွားပေမဲ့ .. ကျန်ရှိနေသေးတဲ့ နေရာတွေကိုတော့ ထိန်းသိမ်းပြီး အများသူငှါ လေ့လာလို့ရအောင် ပြတိုက်ပုံစံမျိုး ဖွင့်ထားလေ့ရှိကြပါတယ် ..

တခြားနိုင်ငံတွေမှာလည်း ရှိတတ်ကြသလို .. Emma ရောက်ဖူးတဲ့ ထဲမှာတော့ ဒုတိယမြောက်ပါ .. ပထမဆုံး လေ့လာဖူးတာကတော့ Vietnam, Hochimin City မှာရှိတဲ့ Cu Chi Tunnel ပါ .. အဲဒီ Tunnel လေးတွေကတော့ ပိုသေးပါတယ် (နောက်မှ Vietnam အကြောင်းလေး ရေးတင်ပေးမယ်နော် )

တူရကီ နိုင်ငံ အနှံ့ တခြားနေရာတွေမှာလည်း Underground Cities တွေ ရှိကြပြီးတော့ .. ဒီ Cappidocia မှာ ရှိတဲ့ နေရာကတော့ အကောင်းဆုံးလို့ တခြားလူတွေ Recommend ပေးတာကြောင့် သွားဖြစ်ခဲ့တာပါ ..

မြေအောက်မြို့တော် ဆိုတဲ့အတိုင်း .. သာမာန်လိုဏ်ခေါင်း တွေလိုမဟုတ်ဘဲ မြို့တစ်မြို့ရဲ့ အင်္ဂါရပ်နဲ့အညီ .. စျေး၊ ကျောင်း၊ ဆေးရုံ ၊ ဘုရားကျောင်း အကုန်လုံးပါဝင်အောင် တည်ဆောက်ထားတာပါ ..

အိမ်တွေအများကြီးကို လမ်းတွေနဲ့ဆက်ပြီးတော့ .. အလွှာအထပ်ထပ် ရှိတာကြောင့်တချို့နေရာတွေမှာ အတက်အဆင်း လမ်းလေးတွေ ဖြစ်နေပါတယ် .. အပေါ်ထပ် အောက်ထပ် ကူးတဲ့ လှေကားထစ်လိုမျိုးပေါ့ ..

လမ်းတွေကလည်းအများကြီး အခန်းတွေကလည်း ဆင်တူလိုတွေဖြစ်တာကြောင့် .. ပထမဆုံးတစ်ခေါက်သွားမယ်ဆိုရင်တော့ Guide ပါမှ အဆင်ပြေတာပါ .. တချို့တွေဆို လမ်းပျောက်ပြီး ပြန်မထွက်တတ်ကြတော့လို့ 😂

အဲဒီအချိန်တုန်းက လူတွေ နေထိုင်ခဲ့တဲ့ ဘဝနေထိုင်မှုပုံစံ .. မြေအောက်ထဲမှာ ထမင်းဟင်းချက်တာ ၊ အစာသိုလှောင်ပုံ၊ရေချိုး ၊ အပေါ့အလေးသွား ၊ စာသင်တာ ၊ ဆေးကုတာ၊ ဘုရားရှိခိုးတာ နောက်ဆုံး ဝိုင်အရက်ချက်လုပ်တာကအစ လေ့လာခွင့်ရခဲ့လို့ အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်

ဒီလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ ခရီးစဉ်လေးတွေ ထပ်ပြီးတော့ တင်ပေးဦးမှာမို့ စောင့်ကြည့်ပေးပါဦး ..

ကျေးဇူးပါ 😊

Leave a Reply

Your email address will not be published. Required fields are marked *

Back to top