Egypt က နာမည်ကြီး tourist attractions တွေဖြစ်တဲ့ .. နှစ်ပေါင်း ၄၀၀၀ ကျော်က temples တွေ ၊ ဘုရင်တွေရဲ့ အုတ်ဂူတွေနဲ့ အထိမ်းအမှတ်နေရာတွေအများစုက Luxor မှာတည်ရှိတာပါ .. မြို့လေးကသေးသေးလေးဖြစ်ပေမဲ့ .. ကမ္ဘာကျော် သမိုင်းဝင်နေရာတွေအများကြီးရှိတာကြောင့် ခရီးသွားတွေနဲ့ အဆက်မပြတ်စည်ကားနေတဲ့ မြို့လေးပေါ့ ..
Luxor မှာဆိုရင် နိုင်းမြစ်ရဲ့ အရှေ့ဖက်ကမ်းမှာ လူတွေနေထိုင်ကြပြီး .. အနောက်ဖက်ကမ်းမှာကတော့ ရှေးခေတ်က ဘုရင်တွေကိုမြှုပ်နှံတဲ့ အလေ့အထ ရှိတာကြောင့် .. Valley of the kings and queens နဲ့ တခြား temples တွေလည်း အများကြီးရှိနေပါတယ် .. အဲဒါကြောင့်မို့ Luxor ကိုရောက်ရင် အများစုက West Bank tour လို့ခေါ်တဲ့ အနောက်ဖက်ကမ်းက နေရာတွေကို တစ်ရက် အချိန်ပေးပြီး သွားလေ့လာကြလေ့ရှိပါတယ် .. လူနေအိမ်ခြေနဲ့ ဝေးပြီး public transport လိုမျိုးလည်း မလွယ်ကူတာမို့ တော်တော်များများက group tour တွေနဲ့သွားကြတာပါ ..
Emma သွားတုန်းက Group tour ကို USD 20 လောက်နဲ့ .. join ပြီးသွားဖြစ်တယ်ပေါ့နော် .. ဝင်ကြေးတွေကတော့ ထပ်ပေးရတာပါ .. တစ်
နေရာကို ဒေါ်လာ 10-20 ကြားရှိပါတယ် ..
ပထမဆုံးရောက်တဲ့နေရာကတော့ valley of the kings ပါ .. ဘုရင်တွေရဲ့ အုတ်ဂူပေါင်း ၆၀၀ ကျော်ရှိပြီးတော့ public access ပေးထားတာကတော့ ၃ ခုရှိတယ် .. နေ့စဉ် လူထောင်ပေါင်းများစွာ လာရောက်တာဖြစ်လို့ .. အုတ်ဂူတွေရဲ့ သက်တမ်းနဲ့ ခံနိုင်ရည်ကြောင့် .. ၆၀၀ ထဲကနေ ၃ ခုကို rotation အနေနဲ့ အလှည့်ကျ ဖွင့်ပေးတာပါ .. ဒါပေမဲ့ Emma တွေ့ရသလောက်ကတော့ .. အုတ်ဂူတစ်ခုနဲ့တစ်ခုက တည်ဆောက်ပုံ ချင်း .. အထဲက အရုပ်စာတွေနဲ့ နံရံပန်းချီတွေ ရေးထားတာချင်းက အတူတူနီးပါး သိပ်မကွာပါဘူး .. အဲဒါကြောင့်မို့ .. ၃ ခုလောက် လေ့လာပြီးရင် လုံလောက်ပါတယ် ..
ဒီအုတ်ဂူတွေထဲကနေမှ ရှာဖွေတွေ့ရှိတဲ့ ပစ္စည်းတွေနဲ့ မံမီရုပ်အလောင်းတွေကိုတော့ ပြတိုက်ကိုရွေ့ပြီး သေချာထိိန်းသိမ်းထားပါတယ် .. မရွှေ့ပြောင်းနိုင်တဲ့ ဧရာမ ကျောက်တလားကြီးတွေနဲ့ နံရံပေါ်က စာတွေ ပန်းချီတွေကိုပဲတွေ့ရမှာပါ ..
အဲဒီကနေပြီးတော့ Hatshepsut Temple ကို ရောက်ခဲ့ပါတယ် .. Hatshepsut ဟာ ဖာရို တွေထဲမှာ တစ်ဦးတည်းသော ဘုရင်မဖြစ်ပါတယ် .. အဲဒီခေတ်တုန်းက ဖာရိုဘုရင်တွေဟာ သူတို့ရဲ့ မုတ်ဆိတ်မွှေးကို သေချာသပ်ရပ်အောင် ဖီးသင်ပြုပြင်ပြီး သူတို့ရဲ့ ဂုဏ်ကျက်သရေအဖြစ် ထိန်းသိမ်းကြလို့ .. ဘုရင်မဖြစ်တဲ့ Hatshepsut ဟာလည်း မိန်းမပေမဲ့ သူ့ရဲ့ ဂုဏ်ကျက်သရေအတွက် မုတ်ဆိတ်အတုတပ်လေ့ရှိတယ်လို့ Guide ကရှင်းပြပါတယ် .. အဲဒါမို့ Emma တို့မြင်ရတဲ့ Hatshepsut ရဲ့ ရုပ်တုတွေမှာ မုတ်ဆိတ်ပါနေတာပါ ..
ပြီးတော့ Hatshepsut temple ဟာ အဲဒီခေတ်က တည်ထားတဲ့ တစ်ခုတည်းသော ၃ ထပ်ကျောင်းဆောင်လည်းဖြစ်ပါတယ် .. တခြား ဘုရားကျောင်းတွေအားလုံးက ၁ ထပ်ပဲရှိတာပါ ..
နှစ်ပေါင်းများစွာကြာအောင် တည်ရှိနေသေးတဲ့ ခိုင်ခန့်မှုကိုတော့ တော်တော်လေး အံ့ဩဖွယ်ရာတွေ့ရမှာပါ .. အဲဒါတောင် ရာသီဥတု ဒါဏ်အပြင် စစ်ပွဲတုန်းက ရန်သူတွေရဲ့ ဖျက်ဆီးခြင်းကိုလည်း ခံခဲ့ရပါသေးတယ် .. အဲဒါကြောင့်မို့ တချို့သော ရုပ်တုတွေမှာ ဘုရင်မရဲ့ ခေါင်းကိုဖြတ်ထားကြလို့ ကိုယ်တစ်ပိုင်းပဲကျန်ခဲ့တာပါ ..
အဲဒီကနေမှ လမ်းမှာ Colossi of Memnon ဆိုတဲ့ ကျောက်ရုပ်ကြီး ၂ ရုပ် ယှဉ်ထိုင်နေတဲ့ နေရာကိုခဏ ဝင်လေ့လာကြည့်ပါတယ် .. အဲဒီနေရာမှာ အရင်ကတော့ ရှေးဟောင်းဘုရားကျောင်းဆောင်တစ်ခုရှိခဲ့ပြီးတော့ အဲဒီကျောက်ရုပ်ကြီး နှစ်ရုပ်က ကျောင်းရဲ့ဝင်ပေါက်တစ်ဖက်တစ်ချက်မှာရှိတာပါ .. အခုချိန်မှာတော့ ဘုရားကျောင်းကတော့ ပျက်ဆီးသွားခဲ့ပြီးဖြစ်လို့ .. ကျောက်ရုပ်၂ရုပ်ပဲ ထီးထီးကြီးကျန်ရှိနေခဲ့တာပါ ..
West Bank tour မှာ နောက်ဆုံးရောက်ရှိတဲ့နေရာကတော့ Temple of ramesses III ပါ .. အရမ်းကြီးမားပြီး လှပတဲ့ ကျောင်းဆောင်ကြီး တစ်ခုဖြစ်ပါတယ် .. နှစ်ပေါင်း ၄၀၀၀ ကျော်ကြာပြီး
အခုလိုအခြေအနေမှာတောင် သူ့ရဲ့ ကြီးကျယ်ခမ်းနားမှုကို ခံစားလို့ရနေပါသေးတယ် ..
အလွန်မြင့်မားပြီး ကျယ်ပြန့်တဲ့ အုတ်နံရံတွေ .. လူ လေးယောက်ဖက်စာလောက်ရှိတယ် တိုင်လုံးကြီးတွေ .. နဲ့ အဲဒီအပေါ်မှာ ထွင်းထုထားတဲ့ ပန်းချီလက်ရာတွေ တချို့ဆို ဆေးသားတောင်မပျက်သေးဘူး ..
စိတ်မကောင်းစရာက Egypt နိုင်ငံဟာ အခုအချိန်မှာတော့ စီးပွါးရေး နိုင်ငံရေး အဖက်ဖက်က နိမ့်ကျနေတဲ့နေရာဖြစ်ပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက အရမ်းကို ကြီးကျယ်ခမ်းနားခဲ့တယ်ဆိုတာ .. သက်သေဖျောက်မရတဲ့ အခုလို temple တွေ ပိရိမစ်တွေကဖော်ပြနေပါတယ် ..
(Emma အီဂျစ်ကသူငယ်ချင်းတွေနဲ့လည်း စကားပြောရင်း သိလာတာ ကိုယ်တွေနဲ့ ဘာမှမထူးပါလားဆိုတာ )
Anyway .. အဆုံးသတ်အနေနဲ့ ပြောရရင် ..
Egypt ဆိုတာ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် အရမ်းကို unique ဖြစ်ပြီးတော့ စိတ်ဝင်စားစရာ အကြောင်းအရာများစွာနဲ့ .. ယနေ့ထက်ထိတိုင် အဖြေရှာမရတဲ့ ဆန်းကျယ်မှုတွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခုဖြစ်လို့ .. တစ်သက်မှာ တစ်ခါတော့ ရောက်အောင် သွားကြည့်သင့်တဲ့နေရာ တစ်ခုပါ ..
ထပ်ပြီးတော့လည်း Luxor မြို့ထဲက အရမ်းကိုလှပတဲ့ နာမည်ကျော် ကာနတ်ဘုရားကျောင်းနဲ့ .. Luxor museum ထဲမှာတွေ့ခဲ့ရတဲ့ မံမီတွေအကြောင်းကို နောက်ထပ်ပို့စ်တစ်ခုမှာတင်ပေးဦးမှာမို့ စောင့်ကြည့်ကြဦးနော် .. အားလုံးကိုကျေးဇူးပါ ..