Egypt ဆိုတာကတော့ Emma တို့ငယ်ငယ်လေးတည်းက ပုံပြင်တွေ ရုပ်ရှင်တွေကြည့်ပြီးတော့ အရမ်းကို စိတ်ဝင်စားခဲ့ပြီး ကိုယ်တိုင်သွားကြည့်ချင်ခဲ့တဲ့ နေရာလေးတစ်ခုပါ ..
Pyramids တွေ Mummy ရုပ်အလောင်းတွေနဲ့ တခြား လူတွေမသိနိုင်သေးတဲ့ အကြောင်းအရာတွေ အများကြီး လျှို့ဝှက်စွာတည်ရှိနေတဲ့ နေရာတစ်ခုဆိုလည်းမမှားပါဘူး
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက .. ရှေးဟောင်းသုသေသနပညာရှင်တွေ ၊ သမိုင်းလေ့လာသူတွေက အမျိုးမျိုး ရှာဖွေလေ့လာခဲ့ပေမဲ့ .. အခုထိတိုင် အဖြေရှာမရတဲ့ မေးခွန်းပေါင်းများစွာ ကျန်ရှိနေပါသေးတယ်
ဥပမာ .. ပိရမစ်တွေကို ဘယ်လိုတည်ဆောက်ခဲ့တာလဲ ၊ ဘာအတွက်ဆောက်ခဲ့တာလဲ ၊ ဘယ်အချိန်ကတည်းက တည်ဆောက်ခဲ့တာလဲဆိုတဲ့ မေးခွန်းတွေပါ ..
အရင်တုန်းကတော့ Giza မှာရှိတဲ့ pyramids တွေရဲ့ သက်တမ်းကို နှစ်ပေါင်း ၄၅၀၀-၅၀၀၀ ဝန်းကျင်လို့ ခန့်မှန်းခဲ့ကြပေမဲ့ .. နောက်ထပ်တွေ့ရှိလာတဲ့ အချက်အလက်အသစ်တွေအရဆိုရင် အဲဒါထက်အများကြီးပို ရှေးကျနိုင်ပါတယ် .. နှစ်ပေါင်း ၁၀၀၀၀ တောင် ကျော်နိုင်တယ်လို့လည်း ပြောကြပါတယ် ..
ဘာအတွက်ဆောက်တာလဲဆိုတဲ့ မေးခွန်းအတွက် အဖြေကလည်း မရှိပါဘူး .. Emma တို့ အရင်က ထင်ခဲ့တာ ဘုရင်သေတဲ့အခါ မြှုပ်ဖို့အတွက်လို့ပဲ ထင်ခဲ့တာပါ .. အဲဒီအတွေးက တခြား pyramid တွေအတွက်တော့မှန်ပါတယ် .. ဒါပေမဲ့ Great pyramid လို့ခေါ်တဲ့ ဒီ အကြီးဆုံး pyramid ထဲမှာကတော့ ဘုရင်တွေရဲ့ ရုပ်အလောင်းကို မြှုပ်နှံထားတာမျိုး မတွေ့ရဘဲ တခြား pyramid တွေရဲ့ အတွင်းပိုင်း တည်ဆောက်ပုံတွေနဲ့လည်း မတူတာ တွေ့ရလို့ပါ ..
တချို့တွေကလည်း Giza pyramid ရဲ့ တည်ဆောက်ထားတဲ့ပုံစံဟာ နေရောင်ခြည်သုံး လျှပ်စစ်စွမ်းအင် ထုတ်လုပ်တဲ့ .. solar system တစ်ခုနဲ့တူတယ်လို့လည်း ပြောကြပါတယ် ..
Pyramid ရဲ့အတွင်းပိုင်းကိုတော့ .. တစ်စိတ်တစ်ပိုင်း ဝင်ရောက်လေ့လာခွင့် ပေးထားပြီးတော့ .. Emma ဝင်သွားကြည့်တဲ့အချိန်မှာတော့ .. 20×50 ပေ လောက်ပဲ အကျယ်ရှိတဲ့ အခန်းလေး တစ်ခန်းပဲ တွေ့ရပါတယ် .. အခန်းထဲမှာလည်း ဘာအတွက် ပြုလုပ်ထားလဲမသိတဲ့ ကျောက်သားသေတ္တာပုံစံ အရာဝတ္တုတစ်ခုကိုပဲ မြင်ခဲ့ပါတယ်
Guide တွေပြောပြချက်အရတော့ .. အဲဒီ ကျောက်သားသေတ္တာနေရာဟာ စွမ်းအင်တွေကို စုစည်းထားတဲ့ Energy source တစ်ခုဖြစ်တာကြောင့် တချို့လူတွေဆိုရင် အထဲကို ဝင်ပြီး meditation လုပ်ကြပါတယ်
တခြားသော နေရာတွေ အခန်းတွေကိုတော့ .. ရှာမတွေ့သေးတာလား .. ဒါမှမဟုတ် အများပြည်သူကို ဝင်ခွင့်မပေးထားတာလားဆိုတာကိုတော့ Emma လည်းမသိပါဘူး .. Egypt Government ဖက်ကလည်း သူတို့နိုင်ငံရဲ့ သမိုင်းကြောင်း ရှေးဟောင်းအမွေအနှစ်တွေနဲ့ ပတ်သတ်လို့ တော်တော်လေးကို သတိထားပြီး လျှို့ဝှက်လုပ်ဆောင်တာကို တွေ့ရပါတယ် ..
အခုလက်ရှိလည်း တူးဖော် ရှာဖွေရေး လုပ်နေတဲ့ နေရာတွေဆိုရင် .. စစ်တပ်နဲ့ အသေအချာ စောင့်ကျပ်ပြီး .. ပြင်ပလူတွေ အနားကပ်လို့ မရပါဘူး .. Emma တောင် google map က ပြတဲ့အတိုင်းလိုက်တာ တားမြစ်ဧရိယာထဲရောက်သွားလို့စစ်ဆေးမေးမြန်းတာခံရပါသေးတယ် .. ဒါပေမဲ့လည်း ကိုယ်က tourist မို့ သိပ်တော့ပြသနာမရှိလိုက်ပါဘူး .. English လိုသိပ်နားမလည်လို့ထင်တယ် ( အဲဒါမို့ Google လည်း သိပ်မယုံနဲ့လို့ ) ..
Egypt နဲ့ ပတ်သတ်လို့ကတော့ ပြောစရာတွေ အများကြီးကျန်ပါသေးတယ် .. Emma အီဂျစ်မသွားခင်ကဆိုရင် .. အီဂျစ်နဲ့ပတ်သတ်တဲ့ ရုပ်ရှင်တွေပြန်ကြည့် .. ပုံပြင်လို ဒဏ္ဍာရီလို စာအုပ်တွေဖတ် ထားတော့ တကယ်ရောက်သွားတဲ့အချိန်မှာ မြင်ရတွေ့ရတာပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းပါတယ် ..
အဲဒါကြောင့် အချိန်ရရင် .. အဲဒီ story တွေအကြောင်းလည်း တင်ပေးပါဦးမယ် .. အခုတော့ ပို့စ်ကလည်းရှည်နေပြီမို့ ဒီလောက်နဲ့ပဲ နားပါဦးမယ် .. အဆုံးထိဖတ်ပေးကြလို့ ကျေးဇူးပါနော် …