ဗုဒ္ဓဂါယာ

ဗုဒ္ဓဂါယာမြို့လေးက အပူပိုင်းမိုးနည်းဒေသမှာတည်ရှိတာပါ ..

မြို့ထဲဝင်ဝင်ချင်း ခံစားမိတာက မြန်မာပြည်က အညာဒေသကိုရောက်သွားသလိုပဲ .. ထန်းပင်တွေ မကျည်းပင်တွေနဲ့ .. ဖုန်လေးလည်းရှုရသေးတယ် 😅 ..

လယ်ကွင်းတွေ စိုက်ခင်းတွေများတယ် .. နွားတင်းကုပ်တွေ ကောက်ရိုးပုံတွေနဲ့ တကယ့်ကဗျာဆန်ဆန်ပဲ .. ကိုယ်ဆိုရင် ကောက်ရိုးပုံဘေး ပို့စ်ပေးခဲ့သေးတယ် 😂 .. ရာသီဥတုကလည်း အညာလိုပဲ နွေရာသီဆိုရင်တော့ တော်တော်လေးပူတယ် .. ဒါပေမဲ့ နောက်လ June ကစပြီး မိုးနည်းနည်း စရွာမယ်ဆိုတော့ အပူလျော့ပြီး နေလို့ထိုင်လို့ အဆင်ပြေတယ် ..

အကောင်းဆုံးအချိန်ကတော့ ဆောင်းရာသီ November လောက်ပေါ့ .. အဲဒီအချိန်ဆို ခရီးသွားများလို့ ရန်ကုန်ကနေ တိုက်ရိူက် လေယဉ်လည်းထွက်ပြီ .. (တခြားအချိန်တော့မရှိဘူး) ..

ဒါပေမဲ့ high season မှာသွားရင် မကောင်းတာက .. စျေးကြီးပြီး လူတိုးရတာပါ .. ဘုရားဖူးသွားပြီဆို နားအေးပါးအေးရှိမှ စိတ်အေးချမ်းမှာပေါ့ .. အဲလိုဆိုတော့ လူအများကြီး ထူထပ်တာမကြိုက်ရင် high season ရှောင်ပြီးသွားကြပါ .. season မဟုတ်ရင် ဘုရားဖူး tour တွေထွက်တာကတော့ နည်းပါတယ် .. ဒါပေမဲ့ private လို လူနည်းနည်းနဲ့ tour တွေတော့ သွားလို့ရတယ် ..

အခုလာမဲ့ June ဆိုရင် မိုးတွင်းဝင်ပြီမို့ သွားလို့အဆင်ပြေပြီ .. စျေးတွေလည်း အရမ်းမကြီးတဲ့အချိန်မို့ .. သွားဖို့စိတ်ကူးရှိရင်တော့ အချိန်ကောင်းလို့ပြောလို့ရတယ် ..

Bodhgaya မှာ Emma သဘောကျတာ တစ်ခုက .. Buddhism နိုင်ငံပေါင်းစုံရဲ့ Architecture လက်ရာတွေကို တစ်နေရာထဲကလေ့လာနိုင်တာပါ .. Thailand, Cambodia , China , Japan, Bhutan, Sri Lanka, Nepal, Bangladesh (သူကလည်း Buddhism country မဟုတ်ပေမဲ့ ဗုန္ဓဘာသာအချို့ရှိတာကြောင့် temple လည်းရှိပါတယ်) .. Laos လည်းရှိမယ် .. ပြီးတော့ တခြားနိုင်ငံတွေကောပေါ့ ..

တစ်နိုင်ငံချင်းစီရဲ့ Culture နဲ့ Architecture design တွေက Unique ဖြစ်တာကြောင့် Temples တွေအများကြီးသွားလည်း ရိုးမသွားဘူး .. ဓါတ်ပုံရိုက်ရင်လည်း background အမျိုးမျိုးနဲ့လှတယ် ..

နောက်တစ်ခု Emma တို့နဲ့ သိပ်မရင်းနီးတာက Tibetan Culture ပေါ့ .. သူက အရင်ကတော့ independent state ဖြစ်ပါ အခုတော့ China လက်အောက် ရောက်သွားလို့ .. China လို့ပဲသိကြပေမဲ့ Tibet culture က မတူဘူး သပ်သပ်ကွဲပြားပါတယ် .. Bodhgaya ရောက်ရင် Tibet ဘုန်းကြီး တော်တော်များများကိုလည်း တွေ့ရမှာဖြစ်ပြီးတော့ သူတို့ရဲ့ အစားအသောက် ရောင်းတဲ့ဆိုင်တွေလည်းရှိလို့ try ချင်ရင် try ကြည့်လို့ရပါတယ် ..

စိတ်မကောင်းစရာ တစ်ခုပြောရမယ်ဆိုရင်တော့ .. အဲဒီလောက် နိုင်ငံပေါင်းစုံက တည်ထားတဲ့ ဘုရားတွေ ဘုန်းကြီးကျောင်းတွေရှိတဲ့ထဲကမှ .. မြန်မာက အလှူရှင်တည်ထားတဲ့ နေရာတစ်ခုထဲကပဲ ရောက်တာနဲ့ အလှူငွေတမ်းကောက်တာ .. အတင်းကြီးပါ .. ကိုယ်ကမထည့်တော့ အဲ့ဒီကအစောင့်တွေ ရုပ်က မာပြီး သဘောမကျသလိုပါပဲ .. အဲဒါနဲ့ ကိုယ်လည်း ကြာကြာမနေဘဲ ထထွက်လာတယ် .. ဖိနပ်ထားတဲ့ နေရာမှာလဲ အတင်းကိုလှူခိုင်းပါတယ် .. မပေးရင် ရိုက်ထုတ်မဲ့ရုပ်တွေနဲ့ ..

အလှူခံပုံးထားတာ တော့ Temple တွေ အကုန်လုံးဆိုပေမဲ့ .. သဒ္ဒါရှိသလောက် လှူချင်တဲ့သူက မတောင်းလည်း လှူသွားတာပါပဲ .. လူစောင့်ထားပြီး အတင်းမတောင်းပါဘူး .. ( India မှာတောင် သွားပြီး လုပ်စားသေးတာနော် မပြောတော့ဘူး 😏) ..

အဲဒါမို့လေ .. အေးအေးချမ်းချမ်းနဲ့ ဘုရားဖူးလာတာ အကုသုလ်မများချင်ရင် အဲဒီကိုမသွားပါနဲ့ .. တခြား Temple တွေမှ အများကြီးပါ စိတ်သန့်သန့်နဲ့ လှူချင်ရင် အဲဒီတွေမှာလည်း လှူလို့ရပါတယ် .. ဒါက စေတနာနဲ့ပြောပြတာ .. တစ်နေကုန် ကောင်းတာတွေလုပ်ပြီး ဘာမဟုတ်တာနဲ့ အကုသိုလ်ရမှာစိုးလို့ .. 🥲

ဒီခရီးစဉ်လေးကို စိတ်ဝင်စားရင် messenger မှာစုံစမ်းလို့ရပါတယ် .. ကျေးဇူးပါ ..

Leave a Reply

Your email address will not be published. Required fields are marked *

Back to top