အခုတလော .. လာအို ဗီယက်နမ်ဖက်တွေ visa run ရင်း တော်တော်များများ သွားကြတာတွေ့လို့ .. Hanoi က အရမ်းအဆင်ပြေတဲ့ Hostel လေးတစ်ခုကို recommend ပေးချင်လို့ ..
နာမည်ကတော့ city backpackers Hostel ပါ .. Downtown area .. Night market နားမှာပဲရှိလို့ သွားလာရ အဆင်ပြေတယ် .. စားသောက်ဆိုင်တွေ ၊ convenient store တွေနဲ့ လည်းနီးတယ် .. စျေးကလည်း တစ်ညကို ဒေါ်လာ ၁၀ ဝန်းကျင်ပဲ .. Hostel တွေရဲ့ ထုံးစံအတိုင်း ဘာမှလှည့်ကြည့်စရာမလို .. AC rooms, bathroom facilities, kitchen နဲ့ breakfast အပြင်ကို .. တနင်္လာ ၊ ဗုဒ္ဓဟူးနဲ့ သောကြာ ညတိုင်းမှာ Happy Hours အစီအစဉ်အနေနဲ့ Beer free flow သောက်လို့ရသေးတယ်ဆိုတော့ ..
10 dollars က အရမ်းတန်ပါတယ်နော် .. သောက်နိုင်တဲ့သူဆို ဘီယာဖိုးနဲ့တင်ကျေနေပြီ
… ထပ်ဆောင်းပြီးပြောရရင်တော့ … ဝန်ထမ်းတွေက ဖော်ရွေတယ် .. English လို ကောင်းကောင်းပြောနိုင်တယ် .. တခြား Halong bay လို Sapa လို Tour တွေလည်း သူတို့ကိုစီစဉ်ခိုင်းရင် စျေးတန်တယ် .. ဆိုတော့ကာ .. rating ကတော့ 5 out of 5 ပဲ …
သွားရင်းလာရင်းနဲ့ Hanoi ရောက်ခဲ့ရင် ဝင်တည်းကြည့်နော် ..
Solo traveller တွေ အတွက်ကော သူငယ်ချင်းနဲ့ သွားတဲ့သူတွေအတွက်ကော အကုန်အဆင်ပြေတယ် ..
Agoda or Booking dot com မှာ ရှာကြည့်လို့ရတယ်နော် ..