Halongbay (Vietnam)

India အကြောင်းတွေပဲ တင်နေတာများလို့ ဒီတစ်ခါ အပြောင်းအလဲဖြစ်အောင် .. Emma ဗီယက်နမ်သွားတုန်းက Halongbay tour လေး သွားခဲ့တဲ့အကြောင်းပြောပြပေးမယ်နော် ..

Halongbay က Hanoi မြို့ကနေ ကားနဲ့ ၂ နာရီလောက် အကွာအဝေးမှာရှိလို့ .. နေ့ချင်းပြန်သွားလို့ရပါတယ် .. ဒါပေမဲ့ တချို့က ရှုခင်းကြည့်ရင်းနဲ့ပဲ cruise ပေါ်မှာ အိပ်ချင်ရင် 1 Night / 2 Nights tour တွေလည်းရှိပါတယ် .. စျေးကတော့ ကိုယ် သွားတဲ့ company ပေါ်မူတည်ပြီး luxury, budget အစားစားရှိပါတယ် ..

Emma ကတော့ နေ့ချင်းပြန်ပဲ သွားခဲ့တာပါ .. ( အမှန်အတိုင်းပြောရရင် Halongbay ရဲ့ရှုခင်းက လှပေမဲ့ .. အကြာကြီးဆို ပျင်းလာလို့ ၂ ရက် ၃ ရက်မနေနိုင်ဘူး)

Cruise မှာက international meal ကို seafood နဲ့မို့ ဝက်၊အမဲ မစားတဲ့သူတွေအတွက် အဆင်ပြေသလို seafood နဲ့ မတည့်တဲ့သူတွေဆိုရင်တော့ tour leader ကိုပြောပြီး တခြား အစားအသောက် စီစဉ်ခိုင်းလို့ရပါတယ် ..

ဒီ ခရီးစဉ်လေးမှာ .. ပထမဆုံး stop ကတော့ amazing cave ဆိုတဲ့ သဘာဝလိုဏ်ဂူနေရာပါ .. စစချင်း ဝင်ပေါက်ကတော့ လူတစ်ကိုယ်စာလောက်ပဲရှိတဲ့ လမ်းကျဉ်းလေးပေမဲ့ အထဲရောက်ရင်တော့ တော်တော်ကြီး ကျယ်ဝန်းတာကိုတွေ့ရမှာပါ .. ပုံမှန်ဆိုရင်တော့ ဂူထဲမှာ အပူချိန်နည်းလို့ ပိုအေးတယ်ဆိုပေမဲ့ .. Emma တို့သွားတဲ့ရက်က လူအရမ်းများလို့ လူရဲ့အပူချိန်နဲ့ အထဲမှာတော်တော်လေး ပူပါတယ် .. (လူတိုးရမှာ မကြိုက်ရင်တော့ စနေ၊တနင်္ဂနွေနဲ့ တခြားပိတ်ရက်တွေ ရှောင်ပြီးသွားပါ)

Amazing cave ကနေ cruise ထပ်စီးပြီး နောက်တစ်နေရာကို ဆက်သွားတော့ tiptop island ဆိုတဲ့နေရာကို ရောက်မှာပါ .. အဲဒီနေရာမှာကတော့ ရေကူးလို့ရတဲ့ beach ရှိပေမဲ့ ရေက အရမ်းကြီးမသန့်ပဲ ရေညှိရောင် စိမ်းစိမ်းကြီးဖြစ်နေလို့ ကူးလို့တော့ သိပ်မကောင်းလောက်ဘူး .. ပြီးတော့ ရေရဲ့အနံ့ကလည်းရှိတော့ Emma ကတော့ မကူးခဲ့ဘူး (ကိုယ်သွားတဲ့အချိန် ရာသီဥတုပေါ်လည်းမူတည်မှာပေါ့နော်)

ဒါပေမဲ့ အဲဒီကျွန်းလေးမှာ view point ဖြစ်တဲ့ တောင်ကုန်းလေးထိပ်ကို တက်ရင်တော့ အသွားအပြန် မိနစ်၃၀ လောက်ကြာပါတယ် .. ပင်ပမ်းပေမဲ့ မြင်ရတဲ့ ရှုခင်းက အရမ်းလှလို့ .. သက်လုံကောင်းရင်တော့ သွားကြည့်သင့်ပါတယ် ..

နောက်တစ်ခု သတိပေးချင်တာက .. ဒီ Halongbay tour တစ်လျှောက်လုံးမှာ .. ပလပ်စတစ်ပစ္စည်းတွေ သုံးလို့မရဘူးဆိုပြီး Guide ကပြောလို့ .. ပါလာတဲ့ ရေဗူးတွေ ထားခဲ့ရပါတယ် .. ပြီးတော့ cruise (or) ကျွန်းပေါ်မှာ ရေဝယ်သောက်ချင်ရင် .. ပလပ်စတစ်မဟုတ်တဲ့ .. သံဗူးနဲ့ ဖန်ဗူးတွေ ရှိပါတယ် .. နေကပြင်း လူကပင်ပမ်းတာနဲ့ဆိုတော့ ရေဗူးတစ်ဗူးက ခဏလေးကုန်ပါတယ်

အဲဒါကြောင့် အကြံပေးချင်တာကတော့ .. reusable plastic bottles တွေနဲ့ ရေဖြည့်ယူသွားတာ အကောင်းဆုံးပါ ..

Tiptop island ကနေ ညနေပိုင်းမှာ ပြန်ထွက်ခွါလာပြီးတော့ သင်္ဘောပေါ်မှာပဲ sunset party ကို wine လေးသောက် အသီးလေးစားပြီး ကျင်းပခဲ့ပါတယ် ..

ခရီးစဉ်တစ်လျှောက်လုံး hotel ကြို၊ပို့ နေ့လည်စာ နဲ့ sunset party အကုန်လုံးကို USD 35 per pax ပေးရပြီးတော့ လမ်းမှာ ရေဝယ်သောက်တာ snacks တွေကတော့ extra ထပ်ပေးရပါတယ် .. အကျဉ်းချုပ်ပြောရရင်တော့ .. သွားရကျိုးနပ်တဲ့ tour လေးတစ်ခုပါ .. အဲဒါကြောင့် ဗီယက်နမ် ဟနွိုင်းကို ရောက်ရင်တော့ .. တစ်ရက်လောက် အချိန်ပေးပြီး ဟလောင်းဘေး ကိုသွားလည်ကြည့်ဖို့ အကြံပေးချင်ပါတယ် .. အားလုံးကို ကျေးဇူးပါ

Leave a Reply

Your email address will not be published. Required fields are marked *

Back to top